Tuesday, April 9, 2019

တောင်ကိုရီးယားသည် ၅ွ ကွန်ရက်တွင် ကမ္ဘာ လုံးဆိုင်ရာစံသတ်မှတ်ချက် ဖြစ်လာနိုင်ဟုဆို
Image may contain: 1 person
ဆိုးလ် ဧပြီ ၈
တောင်ကိုရီးယားနိုင်ငံသည် လာမည့်မျိုးဆက် 5G ကြိုးမဲ့ ကွန်ရက်အတွက် ကမ္ဘာလုံးဆိုင်ရာ စံသတ်မှတ်ချက်ဖြစ် လာနိုင်ကြောင်းနှင့် အဆိုပါနည်းပညာက ပို့ကုန်များ တိုးမြှင့်ရေးနှင့် အလုပ်အကိုင်များ ဖန်တီးပေးနိုင်ရေး အကူအညီပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း တောင်ကိုရီး ယားသမ္မတ မွန်းဂျေအင်း၏ ပြောကြားချက်ကို ယနေ့ အင်န်အိတ်ချ်ကေသတင်းတစ်ရပ်က ဖော်ပြထားသည်။
တောင်ကိုရီးယားနိုင်ငံအစိုးရသည် 5G ကွန်ရက် ဝန်ဆောင်မှုစတင်သည့် အထိမ်းအမှတ်အခမ်းအနားကို ဧပြီ ၈ ရက်တွင် ကျင်းပခဲ့သည်။ စမတ်ဖုန်းများအတွက် ကမ္ဘာ့ပထမဆုံးသော 5G ကွန်ရက်ဝန်ဆောင်မှုကို စတင် လိုက်ပြီဖြစ်ကြောင်း အမေရိကန်ဆက်သွယ်ရေး ကုမ္ပဏီကြီးဖြစ်သည့် ဗာရီဇွန်က ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့သည်။
သို့ရာတွင် တောင်ကိုရီးယားနိုင်ငံအစိုးရကမူ အမေရိကန်နိုင်ငံ၏ ဗာရီဇွန်ကုမ္ပဏီ 5G ကွန်ရက်မစတင်မီ ကတည်းက တောင်ကိုရီးယားနိုင်ငံ၏ အဓိကဆက်သွယ် ရေးအော်ပရေတာသုံးခုက5G ကွန်ရက်ဝန်ဆောင်မှုကို စတင်ခဲ့ခြင်းဖြစ်ကြောင်း ငြင်းဆိုခဲ့ပြီး တောင်ကိုရီးယား နိုင်ငံကသာ အမှန်တကယ် ကမ္ဘာ့ပထမဆုံးဖြစ်ကြောင်း ပြောကြားခဲ့သည်။
တောင်ကိုရီးယားနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ စံသတ်မှတ်ချက်ဖြစ်လာနိုင်ကြောင်းကို ကမ္ဘာ့ပထမဆုံးဟု ဆိုလိုကြောင်း၊ 5G ကွန်ရက်ကို ကိုယ်တိုင်မောင်းနှင်နိုင် သောမော်တော်ယာဉ်များနှင့် ဒရုန်းများတွင် အသုံးပြုနိုင် ကြောင်းနှင့် ကမ္ဘာလုံးဆိုင်ရာဈေးကွက်ကိုလည်း ၂၀၂၆ ခုနှစ်တွင် တောင်ကိုရီးယား ဝမ် ၁၁၆၀ ထရီလီယံ သို့မဟုတ် အကြမ်းဖျင်းအားဖြင့် ကန်ဒေါ်လာ တစ်ထရီလီယံ အထိ တိုးချဲ့သွားမည်ဖြစ်ကြောင်း မွန်းဂျေအင်းက ပြောကြား ခဲ့သည်။
တောင်ကိုရီးယားနိုင်ငံသည် ကမ္ဘာ့ဈေးကွက်၏ ရှယ်ယာ ၁၅ ရာခိုင်နှုန်းအထိ ကိုင်တွယ်နိုင်မည်ဖြစ် ကြောင်းနှင့် တိုးချဲ့တင်ပို့မှုများကြောင့် အလုပ်အကိုင်အခွင့် အလမ်း ၆၀ဝ၀ဝ၀ အထိ ဖန်တီးပေးနိုင်လိမ့်မည်ဖြစ် ကြောင်း သမ္မတ မွန်းဂျေအင်းက ခန့်မှန်းထားသည်။
အင်န်အိတ်ချ်ကေ

No comments:

Post a Comment