Thursday, April 4, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်နှင့် အဖွဲ့ ပေကျင်းမြို့ရှိ စာအုပ်ထုတ်ဝေရေး၊ သတင်းစာလုပ်ငန်းနှင့် CGTN တို့တွင် ကြည့်ရှုလေ့လာ
Image may contain: 8 people, people standing, suit and outdoor
ပေကျင်း ဧပြီ ၃
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အ¸သည် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့်အတူ ယနေ့တွင် တရုတ်ပြည်သှူသမ္မတနိုင်ငံ ပေကျင်းမြို့ရှိ စာအုပ်ထုတ်ဝေရေး၊ သတင်းစာ လုပ်ငန်းနှင့် China Global Television Network(CGTN) တို့တွင် ကြည့်ရှု လေ့လာကြသည်။
တွေ့ဆုံဆွေးနွေး
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ စာအုပ်ထုတ်ဝေ (China Publishing Group Corporation) သို့ ရောက်ရှိပြီး စာအုပ်စာစောင် ထုတ်ဝေထားရှိမှုများကို ကြည့်ရှုလေ့လာ၍ ကော်ပိုရေးရှင်းအကြီးအကဲ မစ္စတာ တန်ယု ဦးဆောင်သော တာဝန်ရှိသူ များနှင့် တွေ့ဆုံဆွေးနွေးသည်။
မွန်းလွဲပိုင်းတွင် ကျောက်ယုထိုင် နိုင်ငံတော် ပန်းဥယျာဉ်အတွင်းရှိ ခန်းမ၌ Chinese Documentary Media Industry Group – CDMIG မှ မစ္စစ် ဇောင်ဝေ ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံပြီး နှစ်နိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု စီးပွားရေးလမ်းòန် မှတ်တမ်းကို မြန်မာနိုင်ငံတွင် လာရောက် ရိုက်ကူးရေးအပါအဝင် မီဒီယာဆိုင်ရာများကို တွေ့ဆုံဆွေးနွေးသည်။
ထို့နောက် ပေကျင်းမြို့ရှိ ပြည်သှူ သတင်းစာတိုက်နှင့် Global Times သတင်းစာတိုက်များသို့ သွားရောက်ကြပြီး New Media လုပ်ငန်းဆောင်ရွက်မှုကို ကြည့်ရှုလေ့လာကြသည်။ ဆက်လက်၍ သတင်းစာ ထုတ်ဝေဖြန့်ချိ ရေးဆိုင်ရာများကို တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။
လှည့်လည်ကြည့်ရှု
ညနေပိုင်းတွင် ပေကျင်းမြို့ရှိ China Global Television Network– CGTN သို့ ရောက်ရှိကြပြီး ခေတ်မီ အဆောက်အအုံ ဆောက်လုပ်ထားရှိမှုနှင့် ၎င်းတွင် မီဒီယာများစုစည်းနေရာချထားပြီး လုပ်ငန်းဆောင်ရွက်မှုကို လည်းကောင်း၊ New Media လုပ်ငန်းတွင် သတင်းညှိနှိုင်း အစည်းအဝေးပြုလုပ်မှုအပါအဝင် လုပ်ငန်း ဆောင်ရွက်နေမှုကို လည်းကောင်း၊ China Central Television- CCTV တွင် ရုပ်/သံထုတ်လွှင့်မှု စောင့်ကြည့်ထိန်းချုပ်မှု ဆောင်ရွက်ခြင်းကိုလည်းကောင်း လှည့်လည်ကြည့်ရှုလေ့လာကြပြီး(ဝဲပုံ) သိရှိလို သည်များ ကို မေးမြန်းဆွေးနွေးသည်။
ညပိုင်းတွင် ပေကျင်းမြို့ရှိ Media Sd Centre တွင် တရုတ်ပြည်သှူသမ္မတနိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြည်သှူရေးရာ ဌာန ဒုတိယဝန်ကြီးနှင့် China Media Group အကြီးအကဲ မစ္စတာ ရှန်ဟိုင်းချွန် ဦးဆောင်သောအ¸နှင့် တွေ့ဆုံဆွေးနွေးကြပြီး ညစာကို အတူတကွ သုံးဆောင်ကြသည်။
သတင်းစဉ်

No comments:

Post a Comment