Thursday, April 4, 2019

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယသံအမတ်ကြီးအား လက်ခံတွေ့ဆုံ
Image may contain: 2 people, people sitting
နေပြည်တော် ဧပြီ ၃
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံ အမတ်ကြီး မစ္စတာ ဆော်ရက်(ဘ်)ကူးမား အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာများတွင် ပူးပေါင်း ဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်မြှင့်တင် ဆောင်ရွက်နိုင်မည့်အခြေအနေ၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေ၊ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည် ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရေး အားကစားအဖွဲ့များ၊ ယဉ်ကျေးမှုအဖွဲ့များနှင့် အဆင့်အလိုက် ချစ်ကြည်ရေး အဖွဲ့များ အပြန်အလှန်စေလွှတ်နေမှုအခြေအနေနှင့် ပင်လယ်ရေကြောင်း တိုင်းတာရေးအပါအဝင် နှစ်နိုင်ငံရေတပ် များအကြား ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်

No comments:

Post a Comment