Thursday, April 4, 2019

စာရေးဆရာ၊ အဆိုတော်နှင့် သရုပ်ဆောင်များ ပါဝင်မည့် ပြည်သူ့နီတိစကားဝိုင်း ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ကျင်းပမည်
Image may contain: 4 people, people sitting and people standing
ရန်ကုန် ဧပြီ ၃
မြန်မာစာရေးဆရာကလပ်နှင့် ရွိုင်ရယ်မြန်မာတီးမစ်တို့ ပူးပေါင်းစီစဉ်ကာ စာရေးဆရာ၊ အဆိုတော်နှင့် သရုပ်ဆောင်များပါဝင်ကျင်းပမည့် ပြည်သှူနီတိစကားဝိုင်း စာနယ်ဇင်းအသိပေးမိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ၃၉ လမ်းရှိ မြန်မာစာရေးဆရာကလပ်ရုံးခန်း၌ ကျင်းပသည်
ရှင်းလင်းပြောကြား
အခမ်းအနားတွင် ပြည်သှူနီတိစကားဝိုင်းကျင်းပရ သည့် ရည်ရွယ်ချက်များနှင့်ပတ်သက်၍ မြန်မာစာရေးဆရာ ကလပ်မှ ဆရာကောင်းသန့်၊ ဆရာမင်းခိုက်စိုးစန်၊ ဆရာမင်းချမ်းမွန်၊ ဆရာဒေါက်ထွေးဆေးမန်းတို့က ရှင်းလင်းပြောကြားကြသည်။
ပြည်သှူနီတိနှင့်ပတ်သက်၍ ဆရာကောင်းသန့်က "ပြည်သှူနီတိကို လူတိုင်းကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာ ကျင့်သုံးနိုင်ဖို့အတွက် အခုလို စကားဝိုင်းကျင်းပဖို့ စီစဉ်တာဖြစ်ပါတယ်။ မြန်မာစာရေးဆရာကလပ်အနေနဲ့ ပြည်သှူနီတိပြန့်ပွားဖို့ တောက်လျှောက်လုပ်လာခဲ့ပါတယ်။ နိုင်ငံသားတော်တော်များများ ပြည်သှူနီတိအသိ ရှိလာကြ ပေမယ့် ပြည်သှူနီတိဆိုတာ အမှိုက်ကို စည်းကမ်းမဲ့ မပစ်တာ၊ တန်းစီစနစ်ကို ကျင့်သုံးတာဆိုတဲ့အဆင့် လောက်ပဲ သိကြပါသေးတယ်။ တကယ်တမ်းပြောရရင် ပြည်သှူနီတိက ဒီထက်လေးနက်ပါတယ်။ မဲပေးတာ၊ သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းတာ၊ တာဝန်သိတာ၊ အများဦးစားပေးစနစ်ကျင့်သုံးတာ စတာတွေအထိပါ ပါတယ်"ဟု ပြောသည်။
ဆရာမင်းခိုက်စိုးစန်ကလည်း "ပြည်သှူနီတိ စကားဝိုင်းကို ဘာလို့ကျင်းပရတာလဲဆိုရင် ကျောင်းတွေ မှာ ပြည်သှူနီတိ ဟောပြောနေရုံနဲ့ မလုံလောက်သေးပါဘူး။ ဒါကြောင့် နယ်ပယ်အသီးသီးက လူတွေသိအောင် ပြည်သှူ နီတိစကားဝိုင်းတွေကို ကျင်းပရတာဖြစ်ပါတယ်။ နောင်မှာ လည်း ဖြစ်နိုင်ရင် နှစ်လတစ်ကြိမ်လောက် ကျင်းပဖို့ ရည်ရွယ်ထားပါတယ်။ နောက်ပြီးတော့ တက္ကသိုလ်အဆင့်၊ တိုင်းဒေသကြီးနဲ့ပြည်နယ်အဆင့် ပြည်သှူနီတိ စကားရည် လုပွဲတွေ၊ စာမေးပွဲတွေ ကျင်းပပေးဖို့လည်း ရည်ရွယ်ချက်ရှိ ပါတယ်။ ပြည်သှူနီတိဆိုတာ နိုင်ငံသားကောင်းဖြစ်ဖို့ အတွက်ပါပဲ။ နိုင်ငံသားတိုင်း ရသင့်တာဘာရှိလဲဆိုတာ သိရမယ်။ နိုင်ငံသားတိုင်းက ဘာတွေပြန်ပေးရမယ်ဆိုတာလဲ သိရမယ်"ဟု ပြောသည်။
ဆွေးနွေးသွားမည်
ပြည်သှူနီတိစကားဝိုင်းကို ဧပြီ ၇ ရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ကျင်းပ သွားမည် ဖြစ်ပြီး ဆရာမင်းခိုက်စိုးစန်က ဦးဆောင်၍ ဆရာ မောင်သာချို၊ ဆရာမ သန်းမြင့်အောင်၊ ဆရာထင်လင်းဦး၊ သရုပ်ဆောင် နေမင်း၊ အဆိုတော် ဇော်ဝင်းထွဋ်၊ သရုပ်ဆောင် ချစ်သုဝေတို့က ဆွေးနွေးပေးသွားမည် ဖြစ်ကြောင်း စာနယ်ဇင်းအသိပေးပွဲမှ သိရသည်။
ဆရာမင်းချမ်းမွန်က "ပြည်သှူနီတိကို လူတွေပိုသိ လာအောင် ရုပ်ရှင်လောကသားတွေ၊ စာပေလောက သားတွေနဲ့ စကားဝိုင်းကျင်းပပေးတာဖြစ်ပါတယ်။ ပညာရှင်တွေပါတဲ့အတွက် လှပတဲ့ပွဲဖြစ်မှာ သေချာပါ တယ်။ ပြည်သှူနီတိအသိကို လူတိုင်းဆီ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိလာအောင် မီဒီယာတွေကို အကူအညီတောင်းပါ တယ်"ဟု ပြောသည်။
မြန်မာစာရေးဆရာကလပ်သည် ပြည်သှူနီတိ စကားဝိုင်းများကို ရုပ်သံများ၊ FM များမှတစ်ဆင့် ပြုလုပ် ပေးခဲ့ပြီးဖြစ်ကာ ပြည်သှူနီတိစကားဝိုင်းနှင့်ပတ်သက်၍ သိရှိလိုသည်များကို မီဒီယာများအနေဖြင့် ဆက်သွယ် မေးမြန်းအကြံပြုနိုင်ကြောင်း ဖိတ်ခေါ်ခဲ့သည်။ ညွန့်ကိုကို

No comments:

Post a Comment