Tuesday, April 9, 2019

ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေး ကျင်းပ
Image may contain: 5 people, people sitting, table and indoor
နေပြည်တော် ဧပြီ ၈
ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာကော်မတီဆောင် I-20 ၌ ကျင်းပသည်။
ပြည်ထောင်စုအစိုးရသို့ အစီရင်ခံတင်ပြသွားမည်
အစည်းအဝေးတွင် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး အထောက်အကူ ပြုကော်မတီဥက္ကဋ္ဌ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများသည် ရခိုင်ပြည်နယ် အတွက်သာမက ပြည်ထောင်စုတစ်ရပ်လုံး၏ အရေးကြီးသည့် ပဋိပက္ခဖြစ်ပါ ကြောင်း၊ မိမိတို့ကော်မတီအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက် ရှိသည့် ပဋိပက္ခများကိုလျော့ကျသွားစေရန် ရခိုင်ပြည်နယ်ရှိတာဝန်ရှိပုဂ္ဂိုလ် များ၊ ဒေသခံပုဂ္ဂိုလ်များနှင့်တွေ့ဆုံဆွေးနွေး၍ ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ထိုသို့တွေ့ဆုံဆွေးနွေးရာမှ ရရှိလာသည့် အခြေခံအချက်အလက်များကို မူတည်၍ ရေတို၊ ရေရှည် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ပြည်ထောင်စု အစိုးရသို့ အစီရင်ခံစာရေးသားတင်ပြ သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
အကြံပြုဆွေးနွေး
ထို့နောက် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးအထောက်အကူပြု ကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်၊ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်အုန်းနှင့် ဦးညီလှငယ်တို့က ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသည့်ပဋိပက္ခများ အမြန်ဆုံးလျော့ကျ၍ ရခိုင်ပြည်နယ် တစ်ခုလုံး တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတို၊ ရေရှည်ဆောင်ရွက် ရမည့် စီမံချက်များ လုပ်ငန်းများနှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးကြသည်။
တက်ရောက်
အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ဒုတိယဥက္ကဋ္ဌများ၊ ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။ သတင်းစဉ်

No comments:

Post a Comment