Tuesday, April 9, 2019

၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအပြီးသတ်အစီရင်ခံစာ တင်ပြဆွေးနွေး
Image may contain: 1 person, wedding, table and indoor
နေပြည်တော် ဧပြီ ၈
ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (People’s Alliance for Credible Elections, PACE) နှင့် ဖန်တီးအိမ်အဖွဲ့တို့ပူးပေါင်း၍ ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အပြီးသတ်အစီရင်ခံစာ တင်ပြဆွေးနွေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပသည်။ 
ဆက်လက်ဖိတ်ကြားခွင့်ပြုသွားမည်
ဆွေးနွေးပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်အနေဖြင့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမှစတင်ကာ ပြည်တွင်း၊ ပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေးအဖွဲ့များကို စောင့်ကြည့်လေ့လာခွင့်ပြုခဲ့ကြောင်း၊ ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲများတွင်လည်း ဆက်လက်ခွင့်ပြုပေးခဲ့ပြီး စောင့်ကြည့်လေ့လာသူများအတွက် ကျင့်ဝတ်နှင့်လုပ်ငန်းစဉ်များ ရေးဆွဲ ထုတ်ပြန်ခဲ့ကြောင်း၊ PACE အဖွဲ့သည် ၂၀၁၅ ခုနှစ် အထွေထွေရွေး ကောက်ပွဲ မှ စတင်လေ့လာခဲ့သည့်အဖွဲ့ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲများတွင် လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာရှိမှု၊ အများယုံ ကြည်လက်ခံမှု၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းဖြစ်စေရေးဟူသည့် စံငါးချက်နှင့် အညီဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက်လည်း ဆက်လက် ကြိုးပမ်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် ပွင့်လင်းမြင်သာ မှုရှိရန်နှင့် ရွေးကောက်ပွဲ မသမာမှုများကို ဟန့်တားနိုင်ရန်အတွက် စောင့်ကြည့်လေ့လာရေး အဖွဲ့များအား ဆက် လက်ဖိတ်ကြားခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ ရွေးကောက် ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ၏ တင်ပြအစီ ရင်ခံစာပါ သုံးသပ်အကြံပြု ချက်များအပေါ် အလေးထားပြီးဆောင်ရွက်နိုင်သည့် အခြေအနေပေါ် မူတည် ၍ ရွေးကောက်ပွဲများ ပိုမိုကောင်းမွန်စေရန် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ PACE မှ အမှုဆောင်ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့်က ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးလုပ်ငန်းစဉ် များ၊ စောင့်ကြည့်လေ့လာရေးနည်းစနစ်များနှင့် စောင့်ကြည့်လေ့လာ တွေ့ရှိ ချက်များအား ရှင်းလင်းတင်ပြခဲ့ရာ တင်ပြချက်များအပေါ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ သတင်းစဉ်

No comments:

Post a Comment