Tuesday, April 9, 2019

ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် ညွှန်ကြားရေးမှူးချုပ်နှင့် ကိုယ်စာ းလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
Image may contain: 2 people, people on stage and people sitting
နေပြည်တော် ဧပြီ ၈
ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ သည် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် òန်ကြားရေး မှူးချုပ် ဗိုလ်ချုပ် Md Shafeenul Islam ,ndc, psc နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား အကြမ်းဖက်မှုတိုက်ဖျက် ရေး၊ တရားမဝင်မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှု တားဆီးကာကွယ်ရေး၊ သတင်းအချက်အလက် အပြန် အလှန်ဖလှယ်ရေး၊ နယ်ခြားစောင့်တပ်ဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ နိုင်ငံဖြတ်ကျော်မှုခင်း များ တိုက်ဖျက်ရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment