Thursday, April 4, 2019

ကမ္ဘာ့ပထမဆုံးသော 5G အင်တာနက်ကွန်ရက် တောင်ကိုရီးယားနိုင်ငံ စတင်အသုံးပြုမည်
Image may contain: 15 people, people smiling, people standing and indoor
ဆိုးလ် ဧပြီ ၃
တောင်ကိုရီးယားနိုင်ငံက ကမ္ဘာပထမဆုံးသော 5G အင်တာနက်ကွန်ရက်ကို ဧပြီ ၅ ရက်တွင် နိုင်ငံအတွင်း စတင်ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း ယနေ့ အေအက်ဖ်ပီ သတင်းတစ်ရပ်အရ သိရသည်။
အလွန်မြန်ဆန်သော 5G အင်တာနက်ကွန်ရက်၏ ထောက်ပံ့ပေးမှုကြောင့် ပြည်သူများ၏ နေ့စဉ်ဘဝတွင် အသုံးပြုနေကြသည့် အရာများဖြစ်သော ပေါင်မုန့် မီးကင်စက်၊ တယ်လီဖုန်းတို့မှ အစပြုပြီး လျှပ်စစ်မော်တော် ကားများအပါအဝင် ဓာတ်အားလိုင်းများအထိ ထိန်းချုပ် အသုံးပြုနိုင်မည်ဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံအနေဖြင့် 5G အင်တာနက် ကွန်ရက်ကို ကမ္ဘာပထမဆုံးသော စတင်ဝန်ဆောင်မှု ပေးနိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့သော်လည်း အမေရိကန်နှင့် တရုတ်နိုင်ငံတို့အပါအဝင် ဟွာဝေးနှင့် အခြား နည်း ပညာကုမ္ပဏီများ၏ ယှဉ်ပြိုင်တိုက်ခိုက်မှုများ နှင့် ရင်ဆိုင်တွေ့ကြုံရမည်ဖြစ်သည်။
ယခု 5G ကွန်ရက်သည် လက်ရှိ 4G အင်တာနက် ကွန်ရက်ထက် အဆပေါင်း ၂၀ ခန့် ပိုမိုမြန်ဆန်ပြီး ရုပ်ရှင် ဇာတ်လမ်းများကို တစ်စက္ကန့်အတွင်း အလွန်လျင်မြန်စွာ ကူးယူနိုင်မည်ဖြစ်သည်။
ထို့ကြောင့် အဆိုပါ 5G ကွန်ရက်အား မောင်းသူမဲ့ မော်တော်ယာဉ်များ၊ စက်ရုံသုံး စက်ရုပ်များ၊ မောင်းသူမဲ့ လေယာဉ်များအပါအဝင် အင်တာနက်ကွန်ရက်ဖြင့် ချိတ်ဆက် လုပ်ဆောင်ရသော ပစ္စည်းအားလုံးအတွက် များစွာ အထောက်အကူပြုမည်ဖြစ်ပြီး အနာဂတ် နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အရေးပါသော အခန်း ကဏ္ဍမှ ပါဝင်လာမည် ဖြစ်သည်။
၂၀၃၄ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအနေဖြင့် အမေရိကန်ဒေါ်လာ ၅၆၅ ဘီလီ ယံခန့် အကျိုးကျေးဇူးဖြစ်ထွန်းမည်ဖြစ်သည်ဟု လန်ဒန် အခြေစိုက် က္ဘာလုံးဆိုင်ရာ မိုဘိုင်းဆက်သွယ်ရေးအဖွဲ့ (GSM) ၏ ပြောကြားချက်အရ သိရသည်။
အေအက်ဖ်ပီ

No comments:

Post a Comment