Thursday, April 4, 2019

အယ်လ်ဂျီးရီးယားသမ္မတ ဘောက်တီဖလီကာ ရာထူးမှ နုတ်ထွက်
Image may contain: 1 person
အယ်လ်ဂျီးယားစ် ဧပြီ ၃
အယ်လ်ဂျီးရီးယားသမ္မတ ဘောက်တီ ဖလီကာသည် ၎င်းအား ဆန့်ကျင်သူ များ၏ တစ်လကျော်ကြာမြင့်သည့် ကြီးမားသည့် ဆန္ဒပြမှုများဖြစ်ပွားမှု အပြီး ဧပြီ ၂ ရက်တွင် သမ္မတရာထူးမှ နုတ်ထွက်သွားခဲ့ပြီသည်။ ၎င်းသည် အယ်လ်ဂျီးရီးယားနိုင်ငံသမ္မတအဖြစ် နှစ်ပေါင်း ၂၀ ကြာမျှ တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း အင်န် အိတ်ချ်ကေသတင်းတွင် ဖော်ပြသည်။ 
ပြည်သူများ၏ သဘောထားခံစား ချက်များ ငြိမ်သက်စေရန်နှင့် နိုင်ငံ၏ အနာဂတ်ဆီသို့ ဦးတည်ရာတွင် ဖြောင့်တန်းစေရေးအတွက် သမ္မတ ရာထူးမှ နုတ်ထွက်ပေးခြင်းဖြစ် ကြောင်း ဧပြီ ၂ ရက်တွင် ထုတ်ပြန် သည့် ကြေညာချက်တွင် ဘောက်တီ ဖလီကာက ဖော်ပြခဲ့သည်။
ဘောက်တီဖလီကာသည် ၁၉၉၉ ခုနှစ်ကတည်းက အယ်လ်ဂျီးရီးယား သမ္မတအဖြစ် တာဝန်ယူခဲ့ပြီး ၎င်း၏ အုပ်ချုပ်မှုကာလအတွင်း၌ အယ်လ်ဂျီး ရီးယား ပြည်တွင်းစစ်ကို အဆုံးသတ်ခဲ့ကာ နိုင်ငံ၏ လုံခြုံရေး အခြေအနေကို တိုးတက်စေခဲ့သည်။
၂၀၁၃ ခုနှစ်အတွင်းက လူပေါင်း ၄၀ ခန့် သေဆုံးခဲ့ရသည့် အိုင်အက်စ် များ၏ သဘာဝဓာတ်ငွေ့ပိုက်လိုင်း အား တိုက်ခိုက်ခဲ့မှုဖြစ်ပွားပြီးနောက် တွင် အယ်လ်ဂျီးရီးယားသမ္မတ ဘောက်တီဖလီကာက အစ္စလာမ္မစ် စစ်သွေး ကြွများကို ဖြိုခွင်းနှိမ်နင်း ခဲ့သည်။ ယင်းဓာတ်ငွေ့ပိုက်လိုင်း တိုက်ခိုက်မှုအတွင်း၌ သေဆုံးခဲ့ရသူ များထဲ တွင် ဂျပန်လူမျိုး ၁၀ ဦး ပါဝင် ခဲ့သည်။
အသက် ၈၂ နှစ် အရွယ်ရှိပြီ ဖြစ်သည့် အယ်လ်ဂျီးရီးယားသမ္မတ ဟောင်း ဘောက်တီဖလီကာသည် ၂၀၁၃ ခုနှစ်တွင် လေဖြတ်ရောဂါ ခံစားရပြီးနောက် လူထုမြင်ကွင်းသို့ ထွက်ပေါ်ခဲ့ပြီး စစ်ဘက်မှ ထိပ်တန်း တာဝန်ရှိ သူများက အယ်လ်ဂျီးရီးယား နိုင်ငံကို အုပ်ချုပ်ခဲ့ကြသည်။
သမ္မတဘောက်တီဖလီကာ ရာထူး မှ နုတ်ထွက်ခြင်းဖြင့် မလုံလောက်သေးဘဲ အယ်လ်ဂျီးရီးယားနိုင်ငံ၏ နိုင်ငံရေးစနစ်ကို ပြောင်းလဲပစ်ရန် လိုအပ်သေးကြောင်း ဆန္ဒဖော်ထုတ် သူ ပြည်သူများက ဆိုသည်။
အင်န်အိတ်ချ်ကေ

No comments:

Post a Comment