Tuesday, April 9, 2019

အိန္ဒိယက နောက်ထပ်တိုက်ခိုက်မှုပြုလုပ်ရန် စီစဉ်နေဟု ပါကစ္စတန်ပြောကြား
Image may contain: 11 people
အစ္စလာမ္မာဘတ် ဧပြီ ၈
အိန္ဒိယနိုင်ငံက ယခုလနှောင်းပိုင်းတွင် ပါကစ္စတန် နိုင်ငံအား တိုက်ခိုက်ရန်စီစဉ်နေသည်ဟု ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးက စွပ်စွဲပြောကြားခဲ့ကြောင်း အင်န်အိတ်ချ်ကေသတင်းတွင် ဖော်ပြသည်။
အိန္ဒိယနိုင်ငံတွင် အစီအစဉ်တစ်ခုအတွက် ပြင်ဆင် မှုများ ပြုလုပ်နေသည်ဟူသော ယုံကြည်စိတ်ချရသည့် သတင်းတစ်ခုကို မိမိတို့ရရှိထားကြောင်း ယင်းသတင်းနှင့် ပတ်သက်၍ သတိပေးတပ်လှန့်ထားသည့် အခြေအနေဖြစ် ကြောင်း၊ ၎င်းတို့၏ပြင်ဆင်မှုမှာ ရန်စကျူးကျော်မှုအသစ် ပြုလုပ်ရန်ဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး မာမွတ်ကွာရီရှီက ဧပြီ ၇ ရက်တွင် ပြောကြားသည်။
ယင်းရန်စကျူးကျော်မှုပြုလုပ်မှုသည် ဧပြီ ၁၆ ရက် နှင့် ၂၀ ရက်အကြားတွင် ဖြစ်နိုင်ကြောင်း ၎င်းက ပြောကြားသည်။
ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားမှုသည် တာဝန်မဲ့ပြီး ယုတ္တိမတန်ကြောင်း အိန္ဒိယနိုင်ငံက ထုတ်ပြန် သည့် ကြေညာချက်တစ်ရပ်တွင် ဖော်ပြသည်။ ပါကစ္စတန် နိုင်ငံသည် ဒေသတွင်း၌ စစ်ပွဲဆိုင်ရာ စိတ်ချောက်ချား သည့်ရောဂါဖြစ်ပေါ်ရေးအတွက် လှုံ့ဆော်ရန် ကြိုးပမ်းနေ ကြောင်း ယင်းကြေညာချက်တွင် ဖော်ပြသည်။
ပိုင်ဆိုင်မှု အငြင်းပွားမှုများရှိနေသည့် ကက်ရှ်မီးယား ဒေသအရေးနှင့်ပတ်သက်ပြီး အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့် အဏုမြူလက်နက်များ ကိုယ်စီပိုင်ဆိုင်ထား သော အိန္ဒိယနှင့်ပါကစ္စတန် နှစ်နိုင်ငံအကြားတွင် စစ်ရေး တင်းမာမှုများရှိနေဆဲဖြစ်သည်။
ယခုနှစ်ဖေဖော်ဝါရီလအတွင်းက အိန္ဒိယစစ်ရဲတပ်ဖွဲ့ ဝင် ၄၀ သေဆုံးခဲ့သည့် အသေခံဗုံးဖောက်ခွဲတိုက်ခိုက်မှု ကို ပါကစ္စတန်အခြေစိုက် အစွန်းရောက်အဖွဲ့တစ်ဖွဲ့က လုပ်ဆောင်ခဲ့ပြီး ပါကစ္စတန်ပိုင်နက်အတွင်းရှိ ၎င်းအစွန်း ရောက်အုပ်စု၏ အခြေစိုက်စခန်းတစ်ခုကို အိန္ဒိယက လေကြောင်းမှ စီးနင်းတိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ခိုက်မှု များအတွင်း၌ အိန္ဒိယလေတပ်မှ ဂျက်တိုက်လေယာဉ် နှစ်စင်းကို ပါကစ္စတန်က ပစ်ချခဲ့သည်။
အိန္ဒိယနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကို ဧပြီ ၁၁ ရက်တွင် ကျင်းပမည်ဖြစ်ပြီး အိန္ဒိယနိုင်ငံဝန်ကြီးချုပ်မိုဒီအနေဖြင့် ပါကစ္စတန်နှင့် တင်းမာမှုများ မြင့်တက်နေစဉ် အတွင်း ၎င်းကိုယ်၎င်းအိန္ဒိယနိုင်ငံအား ကာကွယ်စောင့် ရှောက်မှုဖြစ်အောင် ကြိုးပမ်းနေကြောင်း အင်န်အိတ်ချ်ကေ သတင်းတွင် ဖော်ပြသည်။
အင်န်အိတ်ချ်ကေ

No comments:

Post a Comment