Tuesday, April 9, 2019

GAVI ဘုတ်အဖွဲ့ဝင်များအစည်းအဝေးနှင့် (၅၂) ကြိမ်မြောက် လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်မှုကော်မရှင် အစည်းအဝေးတို့သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်
Image may contain: 1 person, sitting and indoor
နေပြည်တော် ဧပြီ ၈
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ကနေဒါနိုင်ငံ အိုတာဝါမြို့ တွင် မတ် ၂၇ ရက်မှ ၂၉ ရက်အထိ ကျင်းပခဲ့သော (The Global Alliance for Vaccines and Immunizations) ဘုတ်အဖွဲ့ဝင်များအစည်းအဝေးသို့ ဖွံ့ဖြိုးဆဲနိုင်ငံများအားလုံးကို ကိုယ်စားပြုသည့် တစ်ဦး တည်းသောအဖွဲ့ဝင်အဖြစ် တက်ရောက်ခဲ့သည်။
နည်းပညာများကို စနစ်တကျအသုံးချ
ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၌ ကာကွယ်ဆေး ထိုးလုပ်ငန်းနှင့်ဆက်စပ်သော ကျန်းမာရေးစနစ်မြှင့်တင် ခြင်းနှင့်ပတ်သက်၍ ွဗဠှု ၏ ပံ့ပိုးမှုများ ပိုမိုစနစ်ကျ ကောင်းမွန်လာစေရန် ဆောင်ရွက်သင့်သည့်အချက်များ နှင့် ကာကွယ်ဆေးထိုးလုပ်ငန်းတွင် ဝယ်ယူဖြန့်ဖြူးရေးနှင့် အလေအလွင့်နည်းပါးအောင် သုံးစွဲရေးတို့၏ အရေးပါ မှုများကိုလည်းကောင်း၊ ပြီးခဲ့သော ငါးနှစ်တာကာလ အတွင်း ဆောင်ရွက်ခဲ့သည့်အချက်များနှင့်စပ်လျဉ်း၍ သင်ခန်းစာယူ၍ ပြုပြင်ဆောင်ရွက်သင့်သည့်အချက်များကိုလည်းကောင်း။
GAVI ၅.ဝ (၂၀၂၁ - ၂၀၂၅)ဖြင့် လာမည့် ငါးနှစ်တာ ကာလတွင် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအတွက် GAVI မှ ဆောင်ရွက်သင့်သည့်အချက်များ၊ နည်းလမ်း အသစ်များနှင့် ကမ္ဘာကျန်းမာရေးအဖွဲ့၊ ကုလသမဂ္ဂကလေး များရန်ပုံငွေအဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်သင့်သည့် ကိစ္စရပ်များကို လည်းကောင်း။
နိုင်ငံအသီးသီးတွင် ကာကွယ်ဆေးဖြင့် ကာကွယ်၍ ရသောရောဂါများ ပြန်လည်မြင့်တက်နေခြင်းနှင့်စပ်လျဉ်း၍ GAVI မှ ကမ္ဘာကျန်းမာရေးအဖွဲ့၊ အမေရိကန်နိုင်ငံရှိ ကူးစက်ရောဂါနှိမ်နင်းရေးဗဟိုဌာနတို့နှင့် ညှိနှိုင်းလေ့လာ ပြီး နည်းပညာများကို စနစ်တကျအသုံးချသင့်ကြောင်းနှင့် နံပါတ် (၂) ဦးစားပေးအဆင့်နေရာအဖြစ် ရင်းနှီးမြှုပ်နှံရန် စဉ်းစားသင့်ကြောင်းကိုလည်းကောင်း ဆွေးနွေးအကြံပြု ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် ကနေဒါနိုင်ငံ အိုတာဝါမြို့ တွင် ရောက်ရှိနေစဉ်အတွင်း PHAROS Global Health Advisors မှ တာဝန်ရှိသူများက မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့နှင့်ပူးပေါင်း၍ အဏုအာ ဟာရဆေးပြားများ ပံ့ပိုးပေးမည့်ကိစ္စရပ်များ လာရောက်တွေ့ဆုံဆွေးနွေးမှုကိုလည်းကောင်း၊ ညနေပိုင်း တွင် ကနေဒါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန Global Affairs Canada မှ မြန်မာနိုင်ငံ ကျန်းမာရေးစနစ် ပိုမို ကောင်းမွန်လာစေရန်နှင့် မျိုးဆက်ပွားကျန်းမာရေး လုပ်ငန်းများနှင့်ပတ်သက်၍ ကူညီထောက်ပံ့ပေးနိုင်ရန် လာရောက်ဆွေးနွေးမှုကိုလည်းကောင်း လက်ခံတွေ့ဆုံ သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် ဧပြီ ၁ ရက်မှ ၅ ရက်အထိ ကျင်းပခဲ့သော (၅၂)ကြိမ် မြောက် လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်မှုကော်မရှင် အစည်း အဝေးသို့ တက်ရောက်ခဲ့သည်။
အဆိုပါအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးသည် လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အခြေခံအုတ်မြစ်ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လူဦးရေနှင့် ဆက်နွှယ်သည့် ကျန်းမာရေးပြဿ နာများစွာ ရှိပါကြောင်း၊ မိမိအနေဖြင့် အခိုင်အမာပြောကြားလိုသည် မှာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များ ပြည့်မီရေးအတွက် ICPD f program ပါ လုပ်ငန်းများအရှိန် အဟုန်မြှင့်တင် ဆောင်ရွက်နိုင် ရေးအတွက် နိုင်ငံ တကာလူမှုအသိုက်အဝန်း၏ အကူအညီများလိုအပ်ပါ ကြောင်း။
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ ရေးဆွဲရာ တွင် ပိုမိုထိရောက်မှန်ကန်မှုရှိစေရန် ပြီးပြည့်စုံသည့် လူဦးရေ ဆိုင်ရာစာရင်းဇယားများ လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၄ ခုနှစ်အတွင်း လွန်ခဲ့သည့်နှစ် ၃၀ အတွင်း ပြီးပြည့်စုံသည့် သန်းခေါင်စာရင်း ကောက်ယူနိုင်ခဲ့ပါ ကြောင်း၊ သန်းခေါင်စာရင်းမှရရှိလာသည့် သတင်း အချက်အလက် ကိန်းဂဏန်းများကို အခြေခံ၍လည်း တိုင်းပြည်၏မူဝါဒများ၊ နည်းဗျူဟာများနှင့် စီမံချက်များ ကို ရေးဆွဲနိုင်ခဲ့ပါကြောင်း၊ ဥပမာအားဖြင့် Myanmar sustainable development plan for the year (2018-2030) ကို ရေးဆွဲနိုင်ခဲ့ပါကြောင်း။
အချင်းချင်း ရိုင်းပင်းကူညီဆောင်ရွက်
မိမိတို့အနေဖြင့် လူဦးရေနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းအစီ အစဉ်များကို ပိုမိုအရှိန်အဟုန်မြှင့်ဆောင်ရွက်ရန် လိုအပ် သည့်အတွက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအချင်းချင်း ရိုင်းပင်းကူညီဆောင်ရွက်စေလိုပါကြောင်းနှင့် သို့မှသာ လူဦးရေနှင့် ဖွံ့ဖြိုးမှုလုပ်ငန်းများ ပိုမိုပြီးပြည့်စုံစွာ အကောင်အထည်ဖော်နိုင်ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင်၊ ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိအောင်မြင် မှာဖြစ်ကြောင်း။
လူဦးရေနှင့် ဖွံ့ဖြိုးမှုလုပ်ငန်း ဆောင်ရွက်ရာတွင် ကျန်းမာရေးကဏ္ဍအနေဖြင့် မျိုးဆက်ပွားကျန်းမာရေး လုပ်ငန်းများ၊ ကူးစက်တတ်သောရောဂါများ ကာကွယ် ကုသရေးလုပ်ငန်းများအပြင် ယနေ့ က္ဘာပေါ်၌ အဖြစ်များ လာသည့် ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ကင်ဆာရောဂါတို့ကဲ့သို့သော မကူးစက်တတ်သော ရောဂါများကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများကို လည်း အလေးပေးဆောင်ရွက်ရန် လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment