Thursday, April 4, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယသံအမတ်ကြီး၊ ဟန်ဂေရီသံအမတ်ကြီး၊
သြစတြေးလျသံအမတ်ကြီးနှင့် ဆွစ်ဇာလန်သံအမတ်ကြီးတို့အား သီးခြားစီ လက်ခံတွေ့ဆုံ
Image may contain: 1 person, sitting and indoor
နေပြည်တော် ဧပြီ ၃
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်သည် မကြာသေးမီက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ဆိုင်ရာ သံအမတ်ကြီးများအဖြစ် ခန့်အပ်ခြင်းခံရသော အိန္ဒိယ သံအမတ်ကြီး မစ္စတာ ဆော်ရက်(ဘ်) ကူးမား၊ ဟန်ဂေရီသံအမတ်ကြီး မစ္စတာ ဆေးလ်ဗက်စတာဘတ်စ်၊ သြစတြေးလျသံအမတ်ကြီး မစ္စ အင်ဒရီရာ ဖော့ခ်နာနှင့် ဆွစ်ဇာလန် သံအမတ်ကြီး မစ္စတာ တင်မ် အန်ဒါလင်တို့အား ယနေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည် တော်၌ သီးခြားစီလက်ခံတွေ့ဆုံခဲ့ သည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
ထိုသို့ တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံ ရေးတိုးမြှင့်ရေး၊ ပညာရေး၊ စိုက်ပျိုး ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ရေအရင်းအမြစ်စီမံခန့်ခွဲမှု ကဏ္ဍများအပါအဝင် နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးနှင့် နိုင်ငံ တကာမျက်နှာစာများတွင် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များ နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်

No comments:

Post a Comment