Thursday, April 4, 2019

စိုက်ပျိုးရေးသိပ္ပံများ ဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးရေးကောလိပ်ဖွင့်လှစ်သင်ကြားရေးဆိုင်ရာ ဆွေးနွေး
Image may contain: 6 people, people sitting and indoor
နေပြည်တော် ဧပြီ ၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်သည် ယနေ့ နံနက်ပိုင်းက နယ်သာလန်နိုင်ငံ AERES Group မှ Mr. Ariede. Jong သညါ ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော် ရုံးအမှတ်(၁၅) အစည်း အဝေးခန်းမ၌တွေ့ဆုံ၍ စိုက်ပျိုးရေးသိပ္ပံများဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးရေး ကောလိပ် ဖွင့်လှစ်သင်ကြားရေး ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးကြသည်။
ဆွေးနွေးစဉ် စိုက်ပျိုးရေးတက္ကသိုလ် နှင့် စိုက်ပျိုးရေးသိပ္ပံများမှ သင်ကြားမှု တိုးတက် မြင့်မားစေရေးအတွက် သင်ကြားနည်းစနစ် လေ့ကျင့်ပညာ ပေးရေး၊ သင်တန်းဆိုင်ရာကိစ္စရပ်များ၊ ဆရာ ဆရာမများအတွက် ဆရာဖြစ် သင်တန်း တစ်နှစ်တာ ကာလပို့ချပေး ရန်နှင့် သင်တန်းအတွက် သင်ခန်းစာ များ ရေးဆွဲရာတွင် ပြည်တွင်း၊ ပြည်ပ ပညာရှင်များနှင့် ညှိနှိုင်းရေးဆွဲကာ ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ သင်တန်းဆင်းလက်မှတ် ပေးအပ်နိုင် ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး ကြသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာနသည် နယ်သာလန် နိုင်ငံ၏ အထောက်အပံ့ဖြင့် စိုက်ပျိုးရေးသိပ္ပံများ ဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်းကို ၂၀၁၆ ခုနှစ် အောက် တိုဘာလမှစ၍ ရှေ့ပြေးစမ်းသပ်မှု အဖြစ် ပျဉ်းမနား၊ ရွှေဘို၊ သာယာဝတီ၊ ဟဲဟိုး၊ ဇွဲကပင် စိုက်ပျိုးရေးသိပ္ပံ ငါးကျောင်းတွင် အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုး ရေးကောလိပ်တစ်ခု ထူထောင် ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းလျက်ရှိ ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment