Tuesday, April 9, 2019

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့
တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိ
Image may contain: 1 person, sitting and indoor
နေပြည်တော် ဧပြီ ၈
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာန စစ်ဦးစီးချုပ် Gen. Li Zuocheng ၏ ဖိတ်ကြားချက်အရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ တရုတ်နိုင်ငံသို့ ထွက်ခွာကြသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တရုတ်နိုင်ငံ ကူမင်းမြို့ရှိ Chagshui လေဆိပ်သို့ ရောက်ရှိကြရာ ယူနန်ပြည်နယ်စစ်ဒေသ နိုင်ငံရေးမှူး Maj. Gen. Yu Kun ၊ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး Mr. Zhanguo Hua နှင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်မှ အရာရှိကြီးများ၊ ကူမင်းကောင်စစ်ဝန်ချုပ် ဦးစိုးပိုင်၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)ဗိုလ်မှူးချုပ်တင့်ဆန်းနှင့် တာဝန်ရှိသူ များက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။
ကြိုဆိုနှုတ်ဆက်
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များအား ယူနန် ပြည်နယ်ပါတီအတွင်းရေးမှူး Mr. Chen Hao က နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များ သည် မွန်းလွဲပိုင်းတွင် ကူမင်းမြို့ရှိ ဃျေါ့့ကင လေဆိပ်မှ ဆက်လက်ထွက်ခွာ ကြပြီး ညနေပိုင်းတွင် ပေကျင်းမြို့ ြညေပကညေ တပ်မတော်လေဆိပ်သို့ ရောက်ရှိကြရာ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် နိုင်ငံတကာစစ်ဘက်ပူးပေါင်း ဆောင်ရွက်ရေးရုံးမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ခေတ္တတည်းခိုနေထိုင် မည့် ကျောက်ယုထိုင် နိုင်ငံတော်ဧည့်ဂေဟာသို့ ရောက်ရှိသည်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့သည် ညနေပိုင်းတွင် တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးသို့ရောက်ရှိကြရာ သံရုံး၊ စစ်သံရုံး မိသားစုများနှင့် ပညာတော်သင် သင်တန်းသားအရာရှိများက ကြိုဆိုနှုတ်ဆက်ကြသည်။
တွေ့ဆုံအမှာစကားပြောကြား
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သံရုံး၊ စစ်သံရုံးမိသားစု များနှင့် သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြားသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သံရုံး၊ စစ်သံရုံးမိသားစု များနှင့် ပညာတော်သင် သင်တန်းသား အရာရှိများအတွက် စားသောက်ဖွယ်ရာ များ၊ လက်ဆောင်ပစ္စည်းများပေးအပ်ရာ သံအမတ်ကြီး၊ စစ်သံမှူးနှင့် သံရုံး၊ စစ်သံရုံး မိသားစုများ၊ သင်တန်းသားအရာရှိများက လက်ခံရယူကြသည်။ ထို့နောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား သံရုံး၊ စစ်သံရုံးမိသားစုများက ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်

No comments:

Post a Comment