Tuesday, April 9, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ
Image may contain: 2 people, people smiling, people standing and suit
နေပြည်တော် ဧပြီ ၈
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Dato' Saifuddin Abdullah နှင့်အဖွဲ့ အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။
ဆွေးနွေး
ထိုသို့တွေ့ဆုံစဉ် မလေးရှားနိုင်ငံက အာဆီယံသဘာဝဘေးအ္တရာယ် စီမံခန့်ခွဲမှုကော်မတီအား ၂၀၁၈ ခုနှစ်တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ပြီးနောက် ယခုနှစ်တွင် မြန်မာနိုင်ငံက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက် သွားမည်ဖြစ်ပြီး သက်ဆိုင်ရာအစည်းအဝေးများအား အိမ်ရှင်အဖြစ် လက်ခံကျင်းပဆောင်ရွက်မည့် အခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ် အေးချမ်းရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုသဟ ဇာတမျှတရေးနှင့် လက်ရှိ တိုက်ပွဲရှောင်များအား ထိရောက်သော ထောက်ပံ့မှုများ ပေးအပ် နိုင်ရေးဆောင်ရွက် နေမှုများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ရောက်ရှိနေသော နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံဘက်မှ ပြင်ဆင်ထားရှိမှုများ၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် များတွင် အာဆီယံနိုင်ငံများက ပူးပေါင်းပါဝင်မည့် အခြေအနေများနှင့် အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့ လာရေးအဖွဲ့ (ASEANERAT) မှ ပထမအကြိမ် လိုအပ်ချက်များ ဆန်းစစ်လေ့လာခြင်းအား မကြာသေးမီက ဆောင်ရွက်ပြီးစီးခဲ့မှုများ၊ မလေးရှားနိုင်ငံအခြေစိုက် INGO အဖွဲ့အစည်းတစ်ခုဖြစ်သည့် Mercy Malaysia အဖွဲ့အစည်း နှင့် သဘာဝဘေးအ္တရာယ် လျော့ပါးရေးဆိုင်ရာလုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment