Thursday, April 4, 2019

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ဥရောပသမဂ္ဂရွေးကောက်ပွဲ နောက်ဆက်တွဲလေ့လာရေး အဖွဲ့ခေါင်းဆောင်အား လက်ခံတွေ့ဆုံ
Image may contain: 4 people, people sitting, people standing and indoor
နေပြည်တော် ဧပြီ ၃
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် ဥရောပ သမဂ္ဂရွေးကောက်ပွဲ နောက်ဆက်တွဲလေ့လာရေးအဖွဲ့ (EFM) ၏ ခေါင်းဆောင် Mr. Alexander Graf Lambsdorff အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့ လွှတ်တော်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆိုင်ရာကိစ္စ၊ မြန်မာနိုင်ငံ၏ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ လေ့လာသုံးသပ်ချက်များနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့်ကိစ္စ၊ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်မြေ များ၌ မဲပေးပိုင်ခွင့်ရှိသူများ၏ အခွင့်အရေးဆုံးရှုံးမှု မရှိစေ ရေးနှင့် မဲဆန္ဒရှင်စာရင်းများ ကွဲလွဲမှုမရှိစေရေးဆိုင်ရာကိစ္စ၊ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်းများ စိစစ်ရေးဆိုင်ရာကိစ္စ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေနှင့်ပတ်သက်သည့်ကိစ္စ၊ လွှတ်တော်၏ ဥပဒေပြုရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူ များ၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး H.E. Mr. Kristian Schmidt တို့ တက်ရောက်ခဲ့ကြ သည်။ သတင်းစဉ်

No comments:

Post a Comment