Thursday, April 18, 2019

၁၃၈၁ ခုနှစ်၊ မြန်မာနှစ်ဆန်း ၁ ရက်၊ နှစ်သစ်မင်္ဂလာအခါတော်နေ့တွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အဆောက်အအုံ၌ အန္တရာယ်ကင်းပရိတ်တရားတော်နာယူ





Image may contain: one or more people, people sitting, table and indoor
နေပြည်တော် ဧပြီ ၁၇


 

၁၃၈၁ ခုနှစ် မြန်မာနှစ်ဆန်း ၁ ရက်နေ့အန္တရာယ်ကင်း ပရိတ်တရားတော်နာ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံ ပြည်သူ့လွှတ်တော် (C)ဆောင်၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော် ဥတ္တရသီရိမြို့နယ် ရာဇဓာနီသာမဏေ ကျော် ကျောင်းတိုက်ပဓာနနာယက ဆရာတော်အရှင်တေဇောဘာသ အမှူး ပြုသော သံဃာတော်အရှင်မြတ်တို့ ကြွရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော် ဥတ္တရသီရိ မြို့နယ် ရာဇဓာနီသာမဏေကျော် ကျောင်းတိုက် ပဓာနနာယကဆရာတော် အရှင်တေဇောဘာသထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ထို့နောက် သံဃာတော်အရှင်မြတ် များက အန္တရာယ်ကင်းပရိတ်တရားတော် များနှင့် အန္တရာယိက ကမ္မဝါစာများကို ရွတ်ဖတ်သရဇ္ဈာယ်တော်မူကြသည်။
ရေစက်သွန်းချ အမျှပေးဝေ
ယင်းနောက် ဆရာတော်သံဃာ တော်အရှင်မြတ်များထံ လှူဖွယ်ဝတ္ထု များ ဆက်ကပ်လှူဒါန်းပြီးနောက် လှူဒါန်း မှု အစုစုအတွက် ရေစက်သွန်းချ အမျှပေး ဝေကြသည်။
တက်ရောက်
အခမ်းအနားသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့်အတူ ပြည်သှူ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်နှင့် ပြည်သှူ လွှတ်တော်ရုံးမှ ဝန်ထမ်းမိသားစုများ တက်ရောက်ကြသည်။
သတင်းစဉ်

No comments:

Post a Comment