Wednesday, April 24, 2019

မြန်မာနိုင်ငံ၏ ပထမဆုံးသော တိရစ္ဆာန်ရောဂါထိန်းချုပ်စောင့်ကြည့်စစ်ဆေးရေးစခန်းကို ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် ဖွင့်လှစ်





Image may contain: one or more people and people standing
နေပြည်တော် ဧပြီ ၂၃



စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေး ဦးစီး ဌာနသည် တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက် ပစ္စည်းများ ပြည်ပသို့ တရားဝင်တင်ပို့ရာ တွင် မရှိမဖြစ် လုပ်ငန်းစဉ်တစ်ခုဖြစ်သော တိရစ္ဆာန်ရောဂါ ထိန်းချုပ်စောင့်ကြည့် စစ်ဆေးရေးစခန်း (Animal Quar-antine Station) ကို ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် ဧပြီ ၂၂ ရက် နံနက်က ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် တာဝန်ရှိသူများ သည် တိရစ္ဆာန်ရောဂါထိန်းချုပ် စောင့်ကြည့်စစ်ဆေးရေးစခန်း(Animal Quarantine Station)ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်၍ စစ်ဆေးရေး စခန်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထိုက်သင့်သည့်အကျိုးအမြတ်ရရှိစေရန်
ထို့နောက် ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူက မွေးမြူသူ တောင်သူများ ထိုက်သင့်သည့် အကျိုး အမြတ်ရရှိစေရန် နိုင်ငံတော်အစိုးရ အနေဖြင့် ကျွဲ၊ နွားများ တရားဝင်တင်ပို့ ရောင်းချနိုင်ရန် ၂၀၁၇ ခုနှစ် အောက်တို ဘာ ၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၄၉/၂၀၁၇) ကို ထုတ်ပြန်ပြီး ခွင့်ပြု ပေးခဲ့ကြောင်း၊ ရောင်းလိုအားနှင့် ဝယ်လို အားကို အခြေခံပြီး ကျွဲ ၊ နွားများ တရားဝင်တင်ပို့ရောင်းချနိုင်ရန် စီမံ ဆောင်ရွက်ခြင်းနှင့်အတူ တစ်ဖက်တွင် လည်း တစ်နိုင်ငံမှ တစ်နိုင်ငံသို့ တိရ္ဆာန် များ ကုန်သွယ်မှုပြုလုပ်ရာတွင် နိုင်ငံ တကာ စံနှုန်းနှင့်အညီ လိုအပ်သည့် စစ်ဆေးမှုများကို ပြုလုပ်ပြီး ထိန်းသိမ်း စောင့်ကြည့်သွားခြင်းဖြင့် နယ်စပ်ဖြတ် ကျော် တိရစ္ဆာန်ကူးစက်ရောဂါများကို ထိန်းချုပ်ရန် လိုအပ်လာသဖြင့် ယခုကဲ့သို့ တိရစ္ဆာန်ရောဂါထိန်းချုပ် စောင့်ကြည့် စစ်ဆေးရေးစခန်းကို ဖွင့်လှစ်ဆောင်ရွက် ခြင်းဖြစ်ကြောင်း၊ ကျွဲ၊ နွားများ ပြည်ပသို့ တင်ပို့ရောင်းချရာတွင် တိရစ္ဆာန်ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပွားရလေအောင် မိတ်ဖက်အဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပ ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေး ပြီး ဆောင်ရွက်ရမည့် လုပ်ထုံး၊ လုပ်နည်း နှင့် စည်းမျဉ်း စည်းကမ်းများ ချမှတ်ခြင်း၊ အမှတ်အသား တပ်ဆင်ပေးခြင်း၊ ကာကွယ်ဆေးထိုးပေးခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ စစ်ဆေးပြီးကြောင်း ထောက်ခံချက်လက်မှတ် ထုတ်ပေးခြင်း၊ Animal Quarantine Certificate ထုတ်ပေးခြင်း စသည့် လုပ်ငန်းများကို ဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်သည့်အတွက် ယခုကဲ့သို့ Animal Quarantine Station တည်ထောင် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြား သည်။
စစ်ဆေးမှုများ ပြုလုပ်သွားမည်
နယ်စပ်ဖြတ်ကျော် တိရစ္ဆာန် ကူးစက်ရောဂါများကို ထိန်းချုပ်နိုင်ရန် အတွက် ကုန်သွယ်မှုပြုလုပ်နိုင်သော ကျွဲ၊ နွားများကို နိုင်ငံတကာ စံချိန်စံညွှန်း များနှင့်အညီ တိရစ္ဆာန်ရောဂါ ထိန်းချုပ် စောင့်ကြည့်စစ်ဆေးရေး စခန်းတွင် ထိန်းသိမ်းထားရှိ၍ လိုအပ်သည့် စစ်ဆေး မှုများကို ပြုလုပ်သွားမည်ဖြစ်သည်။
ယင်းနောက် Bliss Myanmar International Co., Ltd. မှ တာဝန်ရှိ သူများက မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲထွန်းဝင်းအား တိရစ္ဆာန်ရောဂါထိန်းချုပ် စောင့်ကြည့်စစ်ဆေးရေး စခန်းဆိုင်ရာ အဆောက်အအုံများနှင့် စာရွက်စာတမ်း များ လွှဲပြောင်းပေးအပ်သည်။
ဆက်လက်၍ တက်ရောက်လာကြ သည့် ပြည်သူများက ဆွေးနွေးတင်ပြကြ သည်များကို ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တိရစ္ဆာန်ရောဂါထိန်းချုပ် စောင့်ကြည့်စစ်ဆေးရေးစခန်း(AQS) အတွင်း လှည့်လည်ကြည့်ရှုခဲ့သည်။
စီမံချက်များ ချမှတ်ဆောင်ရွက်
ယခုဖွင့်လှစ်သည့် တိရစ္ဆာန်ရောဂါ ထိန်းချုပ်စောင့်ကြည့်စစ်ဆေးရေး စခန်း၊ ကွတ်ခိုင်ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊Mini Budget အတွင်း ဌာန၏ ငွေလုံး ငွေရင်း အသုံးစရိတ်ဖြင့် တည်ဆောက်ခဲ့ ခြင်းဖြစ်ပြီး လာမည့်ဘဏ္ဍာနှစ်တွင် ကရင် ပြည်နယ် ကော့ကရိတ်မြို့၌ တိရစ္ဆာန် ရောဂါထိန်းချုပ် စောင့်ကြည့်စစ်ဆေးရေး စခန်းတစ်ခု ထပ်မံတည်ဆောက်သွားမည် ဖြစ်ကြောင်း၊ ပြည်ပသို့ ကျွဲ နွားတင်ပို့မှု များကြောင့် ပြည်တွင်းစားသုံးမှုပမာဏ မထိခိုက်စေရေး၊ နိုင်ငံအတွင်းရှိ အရင်း အမြစ်များ မကုန်ခန်းစေရေးနှင့် ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသည့် မွေးမြူရေးလုပ်ငန်းများ ဖြစ်ထွန်းလာစေ ရေးအတွက် ကျွဲ၊နွားများ တိုးချဲ့မွေးမြူ စေရေး၊ မျိုးထိန်းမျိုးမြှင့်ရေး၊ အစာနှင့် စားကျက်လုံလောက်စေရေး၊ မေထုန်မဲ့ သားစပ်ခြင်းနှင့် သဘာ၀သားစပ်လုပ်ငန်း များ တိုးတက်စေရေး စသည့်လုပ်ငန်း ကဏ္ဍများကိုလည်း စနစ်တကျ စီမံချက် များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ သတင်းစဉ်

No comments:

Post a Comment