Saturday, April 27, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဒုတိယအကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

Image may contain: 2 people


ပေကျင်း ဧပြီ ၂၆
တရုတ်ပြည်သှူသမ္မတနိုင်ငံ ပေကျင်းမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၉ နာရီခွဲတွင် China National Convention Centre – CNCC ၌ ကျင်းပသည့် ဒုတိယအကြိမ် မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် တရုတ်ပြည်သှူသမ္မတနိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်က ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၊ အီဂျစ်နိုင်ငံသမ္မတ၊ ချီလီနိုင်ငံသမ္မတ၊ မလေးရှားနိုင်ငံဝန်ကြီးချုပ်၊ ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ်နှင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်တို့က နှုတ်ခွန်းဆက်စကားများ ပြောကြား ကြသည်။
အခမ်းအနားသို့ က္ဘာ့နိုင်ငံ (၃၇)နိုင်ငံမှ နိုင်ငံခေါင်းဆောင်များ၊ အစိုးရအဖွဲ့ အကြီးအကဲများ၊ အစိုးရအဖွဲ့ကိုယ်စား လှယ်များနှင့် တာဝန်ရှိသူများ တက် ရောက်ကြသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် (China National Convention Centre – CNCC ) ၌ ကျင်းပသည့် High – Level Meeting (Sessi-on- 1) သို့ တက်ရောက်သည်။
အစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က Belt and Road Coo-peration; Shaping a Brighter Shared Future ခေါင်းစဉ်ဖြင့် မိန့်ခွန်း ပြောကြားသည်။
(နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ မိန့်ခွန်းအပြည့်အစုံကို စာမျက်နှာ ၃ တွင် သီးခြားဖော်ပြထားပါသည်။)
ကြိုဆိုနှုတ်ဆက်
ညနေပိုင်းတွင် နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်သည် တရုတ်ပြည်သှူသမ္မတ နိုင်ငံသမ္မတနှင့်ဇနီးတို့က တည်ခင်း ဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ရန် Great Hall of the People သို့ရောက်ရှိရာ တရုတ်ပြည်သှူ သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင် နှင့် ဇနီးတို့က ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်သည် တရုတ်ပြည်သှူသမ္မတ နိုင်ငံ သမ္မတနှင့်ဇနီး၊ ညစာစားပွဲသို့ တက် ရောက်လာကြသည့် နိုင်ငံခေါင်းဆောင် များနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက် သည်။
ဂုဏ်ပြုညစာတည်ခင်း
ထို့နောက် တရုတ်ပြည်သှူသမ္မတ နိုင်ငံ သမ္မတနှင့်ဇနီးတို့က ဧည့်သည်တော် များအား ဂုဏ်ပြုညစာဖြင့် တည်ခင်း ဧည့်ခံသည်။

သတင်းစဉ်

No comments:

Post a Comment