Saturday, April 27, 2019

ယုံကြည်မှုဖြင့် သာယာ၀ပြောရေးရှေးရှု

Image may contain: text

ဒုတိယအကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမ  အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဖိုရမ်သို့ တက်ရောက်ရန်  တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌   ရောက်ရှိနေသည့်   နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီလ ၂၅ ရက်နေ့က တရုတ်အမျိုးသားကွန်ဗင်းရှင်းစင်တာတွင် ကျင်းပသည့်       People  to  People Connectivity Thematic Forum  ဖွင့်ပွဲအခမ်းအနားတွင် အပြန်အလှန်ယုံကြည်နားလည်မှုအပေါ်  အခြေခံထားသည့်  ချစ်ကြည် ရင်းနှီးမှုသည် ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးကြီးပါကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံနှင့်  တရုတ်နိုင်ငံတို့သည်  နိုင်ငံ့ခေါင်းဆောင်များသာမက နှစ်နိုင်ငံ ပြည်သူအချင်းချင်း အစဉ်အဆက် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး ဖြင့်  ချစ်ကြည်ရင်းနှီးမှုကိုအခြေခံကာ    အပြန်အလှန်ယုံကြည်မှုကို  တည်ဆောက်ပြီး ပူးပေါင်းဆောင်ရွက်မှုများ လုပ်ကိုင်လျက်ရှိသည်။ ယခုခရီးစဉ်တွင်  နှစ်နိုင်ငံပြည်သူများ၏   အကျိုးစီးပွားကို မြှင့်တင် ဆောင်ရွက်နိုင်ရန် နှစ်နိုင်ငံ ခေါင်းဆောင်အချင်းချင်း အပြန်အလှန်လေး စားယုံကြည်မှုကို  တည်ဆောက်ပြီး  ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် ဆောင်ရွက်နိုင်ခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် အေးချမ်းသာယာမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို တည်ဆောက်ရာတွင်  ပြည်တွင်း၌ဖြစ်စေ၊  နိုင်ငံတကာ၌ဖြစ်စေ တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန်လေးစားယုံကြည်မှုကို  ခက်ခဲစွာတည်ဆောက် လျက်ရှိပြီး နိုင်ငံတော်အစိုးရ၊ ပြည်သူတို့နှင့်မိတ်ဆွေနိုင်ငံတို့၏ ပူးပေါင်း ဆောင်ရွက်မှုအင်အားဖြင့်    မဆုတ်မနစ်ကြိုးပမ်းအားထုတ်မှုကြောင့် စိန်ခေါ်မှုများ၊ အခက်အခဲများကို  ကျော်လွှားလွန်မြောက်နိုင်ခဲ့သည်။

ဒုတိယအကြိမ်မြောက်     ရပ်ဝန်းနှင့် ပိုးလမ်းမ   အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ဖွင့်ပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က "တစ်ယောက်နှင့်တစ်ယောက်  ယုံကြည်နားလည်မှုမရှိပါက လူတိုင်း သဟဇာတဖြစ်စွာနေထိုင်မည့်    ကမ္ဘာ့ရွာအား တည်ဆောက်နိုင်ရန် ခဲယဉ်းပါကြောင်း" ပြောကြားခဲ့သည်။ မြန်မာနိုင်ငံသည်  ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင်  ကူညီပေးကြသည့်၊ မြန်မာ နိုင်ငံနှင့်အတူ ရပ်တည်ပေးခဲ့ကြသည့်  မိတ်ဆွေများအား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က   အခွင့်အခါသင့်ခိုက်  ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့်  ကြုံတွေ့ဆဲ၊  ကြုံတွေ့ရမည့် စိန်ခေါ်မှုများရှိ သော်ငြားလည်း  မြန်မာနိုင်ငံအပေါ်တွင်  နားလည်ယုံကြည်မှုဖြင့် ကူညီ ဆောင်ရွက်ပေးကြသော  မိတ်ဆွေနိုင်ငံများ၏  စေတနာများကြောင့် အခက်အခဲများကို ကျော်လွှားနိုင်ခဲ့ပေသည်။ ယုံကြည်နားလည်ပေး သူများနှင့် အပြန်အလှန်လေးစားမှုကို ယုံကြည်ကြသူများ၏ အကူအညီ များဖြင့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်သာယာ၀ပြောရေးအတွက်  ရှေ့ခရီး ဆက်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။

စိန်ခေါ်မှုများကိုကျော်လွှားရာတွင် မိမိတို့ပြည်သူများ၏သန္နိဋ္ဌာန် ခိုင်မာမှုနှင့်  အလုပ်ကြိုးစားမှုများအပေါ်တွင်လည်း  မူတည်နေပါကြောင်း၊ စိန်ခေါ်မှုများမည်သို့ပင်ရှိစေကာမူ   ငြိမ်းချမ်းမှုနှင့်ဖွံ့ဖြိုးမှုလမ်းကြောင်းအား မိမိတို့အနေဖြင့်  ဆက်လက်လျှောက်လှမ်းသွားမည် ဖြစ်ကြောင်း အဆိုပါဖိုရမ်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က  ပြောကြားခဲ့သည်။

ယခုကျင်းပသောဖိုရမ်တွင်  ရပ်ဝန်းနှင့် ပိုးလမ်းမ  ပူးပေါင်းဆောင်ရွက်ရေး မူဘောင်အောက်မှ   မြန်မာနိုင်ငံ၏ကဏ္ဍအသီးသီးတွင်   ဖွံ့ဖြိုးတိုးတက်လာ ရေး၊ မြန်မာနိုင်ငံနှင့်  လက်တွဲပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စများကို ရင်းနှီးပွင့်လင်းစွာဖြင့်  အမြင်ချင်းဖလှယ်  ဆွေးနွေးနိုင်ခဲ့သည်။  ထို့နောက် တရုတ်-မြန်မာ   စီးပွားရေးစင်္ကြံ ပူးပေါင်းဆောင်ရွက်မှု  အစီအစဉ် ၂၀၁၉-၂၀၃၀နှင့် စီးပွားရေးနှင့်  ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်ရန် အတွက် ငါးနှစ်ဖွံ့ဖြိုးမှုအစီအစဉ် ရေးဆွဲရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ များ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

သို့ဖြစ်ရာ  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်  တက်ရောက်ဆွေးနွေး လျက်ရှိသည့်  ဒုတိယအကြိမ်မြောက် ရပ်ဝန်းနှင့်  ပိုးလမ်းမ အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဖိုရမ်တွင်  မြန်မာနိုင်ငံနှင့် မိတ်ဆွေ နိုင်ငံများ၏ အပြန်အလှန်အချင်းချင်းယုံကြည်လေးစားမှု ဆက်ဆံခြင်းများ မှတစ်ဆင့်  မြန်မာနိုင်ငံအေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ကြဉ်း ပေးနိုင်မည့် ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများအား တိုးမြှင့်ဖော်ဆောင် နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။          ။

No comments:

Post a Comment