Saturday, April 20, 2019

ဆေးရှဲလ်နိုင်ငံ ဒုတိယသမ္မတနှင့်ဇနီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်မှ ပြန်လည်ထွက်ခွာ


Image may contain: 6 people, people smiling, people standing and wedding



နေပြည်တော် ဧပြီ ၁၉

မြန်မာနိုင်ငံသို့ အလွတ်သဘောခရီးရောက်ရှိနေသော ဆေးရှဲလ်နိုင်ငံ ဒုတိယသမ္မတ H.E. Mr. Vincent Meriton နှင့် ဇနီးMrs. Daniella Hoareau ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ည ၇ နာရီခွဲတွင် နေပြည်တော်မှ ဗန်ကောက် လေကြောင်းလိုင်းဖြင့် ထွက်ခွာသည်။


ဆေးရှဲလ်နိုင်ငံ ဒုတိယသမ္မတနှင့်ဇနီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် နှင့်ဇနီး၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။


သတင်းစဉ်

No comments:

Post a Comment