Saturday, April 20, 2019

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ


Image may contain: 1 person, sitting 


နေပြည်တော် ဧပြီ ၁၉



တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး H.န. မြ. Iခ့ငမသ Mမေကပama အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။



ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး

တွေ့ဆုံစဉ် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသတွင်ဖြစ်ပွားခဲ့သည့် ပြဿနာများအား အစိုးရနှင့်တပ်မတော်၏ ဖြေရှင်းဆောင်ရွက်မှုများအပေါ် နိုင်ငံတကာမျက်နှာစာတွင် ဂျပန်နိုင်ငံမှ ရပ်တည် ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့်ကိစ္စနှင့်ပတ်သက်ပြီး လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည့်အခြေအနေများနှင့် မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် တပ်မတော်မှဆောင်ရွက်နေမှုအခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။

သတင်းစဉ်

No comments:

Post a Comment