Tuesday, April 2, 2019

ကျား၊ မ တန်းတူညီမျှရေးနှင့် အမျိုးသမီးများကဏ္ဍမြှင့်တင်ရေးဆိုင်ရာမူဝါဒ ဆရာဖြစ်သင်တန်းဖွင့်ပွဲ ကျင်းပ


Image may contain: 3 people, people sitting, table and indoor
နေပြည်တော်  ဧပြီ ၁

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် International Foundation for Electoral Systems ( IFES) အဖွဲ့တို့ ပူးပေါင်း၍ ကျား၊ မ တန်းတူ ညီမျှရေးနှင့် အမျိုးသမီးများကဏ္ဍမြှင့်တင်ရေးဆိုင်ရာမူဝါဒ ဆရာဖြစ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပသည်။
သက်ဆိုင်ရာကဏ္ဍအလိုက်  ပါဝင်ဆောင်ရွက်ရန်လို
သင်တန်းဖွင့်ပွဲတွင်     ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက မြန်မာနိုင်ငံအနေဖြင့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြား ဆက်ဆံမှုပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ် (CEDAW) ကို ၁၉၉၇ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိရာ မူဝါဒများအောင်မြင်ရေးအတွက် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများမှ လည်း     သက်ဆိုင်ရာကဏ္ဍအလိုက်        ပါဝင်ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့်လည်း        CEDAW ပါ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ၊ ရွေးကောက်တင်မြှောက်ခြင်းနှင့် ရွေးကောက်ခံပိုင်ခွင့်စသည့် ကဏ္ဍများတွင် ကျား၊ မ တန်းတူညီမျှရေး၊ အမျိုး သမီးကဏ္ဍမြှင့်တင်ရေးကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိကြောင်း။ 
၂၀၂၀  ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် မဟာဗျူဟာစီမံကိန်း (၂၀၁၉-၂၀၂၂) ကို ရေးဆွဲရာတွင် ကျား၊ မ တန်းတူညီမျှရေးနှင့် အမျိုးသမီးကဏ္ဍပိုမိုပါဝင်မှုတို့ အကျုံးဝင်သည့်  ကဏ္ဍစုံမှ   ပါဝင်ပတ်သက်သူများနှင့်ဆက်ဆံရေး၊  အားလုံးပါဝင်မှုကိုမြှင့်တင်ရေး ဟူသည့် ကဏ္ဍများကို ထည့်သွင်းရေးဆွဲခဲ့ကြောင်း၊   ထို့အပြင် ကျား၊ မ တန်းတူညီမျှရေးနှင့်  အမျိုးသမီးကဏ္ဍမြှင့်တင်ရေးဆိုင်ရာမူဝါဒ   (၂၀၁၉- ၂၀၂၂) ကို ရေးဆွဲခဲ့ပြီး    လုပ်ငန်းအဖွဲ့များဖွဲ့စည်းကာ   တာဝန်များချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊   နိုင်ငံတော်ကချမှတ်ထားသည့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (NSPAW) (၂၀၁၃ - ၂၀၂၂) ကို အကောင်အထည်ဖော်ရာတွင်လည်း  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနအပါအဝင်    အခြားသောဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း။

ဆင့်ပွားသင်တန်းများကို   သင်ကြားပို့ချပေးရမည်

ကော်မရှင်အနေဖြင့်  အမျိုးသမီးများ    နိုင်ငံရေးနှင့်ရွေးကောက်ပွဲများ တွင် ပိုမိုပါဝင်လာစေရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲနှင့် အဖွဲ့ခွဲရုံးများတွင် အမျိုးသမီးပါဝင်မှုနှုန်း မြှင့်တင်နိုင်ခဲ့ကြောင်း၊ ယနေ့ပို့ချသော  သင်တန်းသည်   ရွေးကောက်ပွဲလုပ်ငန်းစဉ်တစ်လျှောက် ကျား၊ မ တန်းတူညီမျှရေးမူဝါဒ အကောင်အထည်ဖော်မှုကို အထောက်အကူ ဖြစ်မည်ဖြစ်ကြောင်း၊  သင်တန်းသား  သင်တန်းသူများအနေဖြင့်  ဆင့်ပွား သင်တန်းများကို   သင်ကြားပို့ချပေးရမည် ဖြစ်ကြောင်း၊   သင်တန်းမှရရှိသည့် အတွေ့အကြုံများကို   ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များတွင်   အကျိုးရှိရှိ ပြန်လည်အသုံးချကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်ကျင်းပသွားမည်

အဆိုပါ သင်တန်းကို ဧပြီ ၁ ရက် မှ ၂ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ၃ ရက်နှင့် ၄ ရက်တို့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် အေးချမ်း မြန်မာအင်စတီကျုတို့ ပူးပေါင်း၍ ကျား၊ မ တန်းတူညီမျှရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း။

အဆိုပါ သင်တန်းသို့ တိုင်းဒေသကြီး၊ ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ သင်တန်းသား သင်တန်းသူ ၆၇ ဦး တက်ရောက်ကြောင်း သိရ သည်။

သတင်းစဉ်


No comments:

Post a Comment