Wednesday, April 24, 2019

အရည်အသွေးပြည့်၀ လူ့ စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရန် ဆေးနှင့်ဆေးနှီးနွှယ်တက္ကသိုလ်များ၏ အခန်းကဏ္ဍသည် အဓိကအရေးကြီး




Image may contain: 4 people, people sitting
နေပြည်တော် ဧပြီ ၂၃



ဘွဲ့လွန်ဆေးပညာသင်ကြားရေးအဖွဲ့ အစည်းအဝေး (၁/၂၀၁၉) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေး လူ့ စွမ်းအား အရင်းအမြစ်ဦးစီးဌာန၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက အရည် အသွေးပြည့်၀သော လူ့စွမ်းအားအရင်း အမြစ်များ မွေးထုတ်ပေးရန် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနရှိ ဆေးနှင့်ဆေးနှီးနွှယ် တက္ကသိုလ်များ၏ အခန်းကဏ္ဍသည် အဓိကအရေးကြီးပါ ကြောင်း၊ ကျန်းမာရေးလူ့စွမ်းအားအရင်း အမြစ်ကောင်းများ မွေးထုတ်ပေးနိုင်ရန် အတွက် သင်ကြားလေ့ကျင့်ပေးမည့် ဆရာ ဆရာမများ၏ စွမ်းဆောင်ရည် သည်လည်း ကောင်းမွန်မြင့်မားရန်လို အပ်ပါကြောင်း၊ ဆေးနှင့်ဆေးနှီးနွှယ် တက္ကသိုလ်များတွင် ဆရာ ဆရာမများကို ဘာသာရပ်ဆိုင်ရာ၊ သင်ကြားသင်ယူမှု နည်းစနစ်ဆိုင်ရာ၊ ကျင့်ဝတ်ပိုင်းဆိုင်ရာနှင့် သုတေသနပိုင်းဆိုင်ရာ မွမ်းမံသင်တန်း များ ပေးအပ်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ခွဲစိတ်ကုသမှုများပါဝင် သော ဆေးပညာရပ်များနှင့် အခြားဆေး ပညာရပ်များအသီးသီးမှ ပညာရှင်များ အနေဖြင့်လည်း သင်ကြားမှုနည်း စနစ် များနှင့် အတွေအကြုံများကို ဝေမျှခြင်း ဖြင့် သင်ကြားသင်ယူမှုများ ပိုမိုကောင်း မွန်လာမည် ဖြစ်ပါကြောင်း၊
မြန်မာနိုင်ငံ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် မဟာဗျူဟာ (၂၀၁၈-၂၀၂၁)တွင် ပါဝင်သော လုပ်ငန်း စဉ်များကို ဦးစားပေးသတ်မှတ်၍ လက်တွေ့ဆက်လက် အကောင်အထည် ဖော်ဆောင်ရွက်သွားရမည် ဖြစ်ပါ ကြောင်း၊ တက္ကသိုလ်များရှိ ဆေးပညာ သင်ကြားရေးဌာနများ၏ စွမ်းဆောင်ရည် ပိုမိုမြင့်မားရေးကိုလည်း ဆောင်ရွက်သွား ရမည် ဖြစ်ပါကြောင်း၊ တက္ကသိုလ်များတွင် သင်ကြားသင်ယူမှု အထောက်အကူပြု သည့် ပတ်ဝန်းကျင်ကောင်းများရရှိစေရန် ကိုလည်း အထူးအလေးပေးဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်း၊
ဘွဲ့လွန် ဆေးပညာသင်တန်းများ တက်ရောက်သည့် ဆရာဝန်များအနေဖြင့် အလုပ်သင်ဆရာဝန်များနှင့် ဆရာဝန် များကို အတွေ့အကြုံဝေမျှခြင်းနှင့် သင်ကြားခြင်းတို့ကို ဆောင်ရွက်ခြင်းဖြင့် သင်ကြားမှုဆိုင်ရာ အတွေ့အကြုံများ လည်း ရရှိနိုင်မည် ဖြစ်ပါကြောင်း၊ဆီးချိုသွေးချိုရောဂါ အပါအဝင် မကူးစက်တတ် သော ရောဂါများ ကုသရာတွင် အရေးကြီး သည့် အာဟာရပညာရှင်များ စတင်မွေး ထုတ်ပေးနိုင်ရေးကိုလည်း ဆောင်ရွက် သွား စေလိုပါကြောင်း၊ ဆေးနှင့်ဆေးနှီး နွှယ် တက္ကသိုလ်များတွင် သုတေသနစိစစ် အကဲဖြတ်ရေးအဖွဲ့များ အရေအတွက် ပိုမိုတိုးမြှင့်ဖွဲ့စည်းစေလိုပြီး အဆိုပါ သုတေသန စိစစ်အကဲဖြတ်ရေးအဖွဲ့များ မှ အဖွဲ့ဝင်များ၏ စွမ်းဆောင်ရည် တိုးမြှင့် စေရေးကိုလည်း ဆောင်ရွက်ကြရမည်ဖြစ် ပါကြောင်း။
မြန်မာနိုင်ငံ ဆေးသုတေသနမှတ်ပုံ တင်မှတ်တမ်းကိုလည်း ဆောင်ရွက်လျက် ရှိရာ ဆေးနှင့်ဆေးနှီးနွှယ်တက္ကသိုလ် အားလုံးမှ မဟာဘွဲ့နှင့် ပါရဂူဘွဲ့စာတမ်း များကို ချိတ်ဆက် မှတ်တမ်းတင်ထားရ မည် ဖြစ်ပါကြောင်း၊ ဆေးသုတေသန ဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ) တွင် သုတေသနဆိုင်ရာ စွမ်းဆောင်ရည်မြှင့် Certificate သင်တန်းများ ပြုလုပ် လျက်ရှိရာ ဆေးနှင့်ဆေးနှီးနွှယ်တက္ကသိုလ် များမှ ဆရာ ဆရာမများလည်း တက် ရောက်ကြရမည်ဖြစ်ပါကြောင်း။
ဆေးနှင့်ဆေးနှီးနွှယ်တက္ကသိုလ်များ မှ စုပေါင်း၍ အဆိုပါ တက္ကသိုလ်များမှ ဘွဲ့လွန်သင်တန်းသားများ ဆောင်ရွက် ထားသည့် သုတေသနစာတမ်းများကို ထည့်သွင်းဖော်ပြနိုင်ရန်အတွက် ကျန်းမာ ရေးဆိုင်ရာ သုတေသနဂျာနယ်ထုတ်ဝေ သွားနိုင်ရေး အလေးပေးဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနမှ (၂၀၁၉-၂၀၂၀) ဘဏ္ဍာနှစ်တွင် သုတေ သနလုပ်ငန်းများအတွက် ကျပ်ငွေကျပ် သန်းပေါင်း ၃၀၀၀ လျာထားပါသဖြင့် ဆေးနှင့် ဆေးနှီးနွှယ်တက္ကသိုလ်များမှ ပါမောက္ခများ၊ ဆရာ ဆရာမများအနေ ဖြင့် သုတေသနများ ပိုမိုလုပ်ဆောင်ရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက် ရောက်လာကြသူများက (၂၀၁၉-၂၀၂၀) ခုနှစ်တွင် ဒီပလိုမာဘွဲ့ ၊ မဟာဘွဲ့ နှင့် ပါရဂူ ဘွဲ့သင်တန်းများခေါ်ယူမည့် ကိစ္စရပ်များ ကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ အမြဲတမ်းအတွင်း ဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးနှင့်ဆေးနှီးနွှယ်တက္ကသိုလ်များမှ ပါမောက္ခချုပ် များ၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ တာဝန်ရှိသူ များ၊ တပ်မတော်ဆေးတက္ကသိုလ်နှင့် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်မှ တာဝန်ရှိသူများ၊ ကျန်းမာ ရေး လူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်

No comments:

Post a Comment