Wednesday, April 24, 2019

တပ်မတော်(ရေ)မှ စစ်ရေယာဉ်(ဆင်ဖြူရှင်) တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချင်းတောင်ဆိပ်ကမ်းသို့ ရောက်ရှိ





Image may contain: 1 person, standing and outdoor
နေပြည်တော် ဧပြီ ၂၃



တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်တုန်း ပြည်နယ် ချင်းတောင်မြို့တွင် ကျင်းပ ပြုလုပ်မည့် တရုတ်ပြည်သူ့လွတ်မြောက် ရေး တပ်မတော်ရေတပ်(People's Liberation Army-PLA Navy)၏ နှစ်(၇၀)ပြည့် အထိမ်းအမှတ် Interna- tional Fleet Review- IFR အခမ်းအနားနှင့် China- ASEAN Joint Maritime Exercise သို့ တက်ရောက်ရန်အတွက် ဗိုလ်မှူးချုပ် ဇွဲဝင်းမြင့် ဦးဆောင်သည့် တပ်မတော် (ရေ)မှ စစ်ရေယာဉ်(ဆင်ဖြူရှင်)သည် ဧပြီ ၁၁ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ အမှတ် (၃) ရေတပ်ဆိပ်ခံ တံတားမှ ထွက်ခွာခဲ့ပြီး ယမန်နေ့ နံနက်ပိုင်းတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ချင်းတောင် ဆိပ်ကမ်းသို့ ရောက်ရှိကြောင်း သိရသည်။
လက်တွေ့လေ့ကျင့်ခန်းများဆောင်ရွက်
စစ်ရေယာဉ် (ဆင်ဖြူရှင်) သည် ရန်ကုန်ဆိပ်ကမ်းမှ ချင်းတောင် ဆိပ်ကမ်း သို့ ရေမိုင်ပေါင်း ၃၈၀၀ ကျော်အား ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ တရုတ်နိုင်ငံရေပြင်များ နှင့် အက်ဒမန်ပင်လယ်၊ မလက္ကာရေလက် ကြား၊ တောင်တရုတ် ပင်လယ်၊ ထိုင်ဝမ် ရေလက်ကြား၊ အရှေ့တရုတ်ပင်လယ်နှင့် ပင်လယ်ဝါတို့အား ဖြတ်သန်းမောင်းနှင် ခဲ့ပြီး လမ်းခရီးတစ်လျှောက် ရေယာဉ်ပေါ် လက်တွေ့လေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့ သည်။
ပါဝင်တက်ရောက်မည်
အဆိုပါ စစ်ရေယာဉ်(ဆင်ဖြူရှင်)သည် ချင်းတောင်ဆိပ်ကမ်းသို့ ရောက်ရှိ စဉ် ယနေ့၌ တရုတ်ပြည်သူ့ လွတ်မြောက် ရေး တပ်မတော်ရေတပ် (People's Liberation Army-PLA Navy)၏ နှစ်(၇၀)ပြည့် အထိမ်းအမှတ်f Interna- tional Fleet Review - IFR အခမ်းအနားသို့ ပါဝင်တက်ရောက်မည် ဖြစ်ပြီး ဧပြီ ၂၄ ရက်မှ ၂၆ ရက်အထိ အခမ်းအနားသို့ တက်ရောက်လာသည့် စစ်ရေယာဉ်များ အပြန်အလှန်လေ့လာ ခြင်း၊ ချစ်ကြည်ရေးအားကစားပြိုင်ပွဲများ ပြုလုပ်ခြင်း၊ ချင်းတောင်မြို့တွင်းလေ့လာ ရေးခရီးသွားရောက်ခြင်းနှင့် ချင်းတောင် မြို့အနီး ပင်လယ်ပြင်တွင် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ရေတပ်နှင့် အာဆီယံနိုင်ငံများမှ စစ်ရေယာဉ်များနှင့် အတူ China-ASEAN Joint Maritime Exercise ပြုလုပ်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။
China-ASEAN Joint Mari- time Exerciseတွင် ပုံပြုမောင်းနှင် ခြင်း လေ့ကျင့်ခန်းများ၊ ရေယာဉ်ပေါ် တက်ရောက်ရှာဖွေ စီးနင်းသိမ်းပိုက်ခြင်း လေ့ကျင့်ခန်းများ၊ ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်ခန်းများ၊ ရဟတ်ယာဉ်များ အပြန်အလှန်ဆင်းသက်ခြင်း လေ့ကျင့် ခန်းများ၊ ဆက်သွယ်ရေးလေ့ကျင့်ခန်း များနှင့် ဒဏ်ရာရလူနာများ သယ်ယူ ရွှေ့ပြောင်းခြင်းနှင့် ကုသမှုလေ့ကျင့်ခန်း များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရ သည်။
သတင်းစဉ်

No comments:

Post a Comment