Thursday, April 18, 2019

၂၀၁၉ ခုနှစ် မဟာသင်္ကြန်ကာလအတွင်း မှုခင်းဖြစ်ပွားမှု




နေပြည်တော် ဧပြီ ၁၇



၂၀၁၉ ခုနှစ်၊ မဟာသင်္ကြန်အကြိုနေ့မှ စတင်၍ မဟာသင်္ကြန် အတက်နေ့အထိ သင်္ကြန်ကာလအတွင်း ရေပက်ကစား လည်ပတ်ကြရာမှ မူးယစ်သောက်စား အပျော်လွန်ကျူးမှု၊ ယာဉ်မဆင်မခြင် မောင်းနှင်မှု၊ အစအနောက် လွန်ကျူးရာမှ ခိုက်ရန်ဖြစ်ပွားမှု အပါအဝင် မှုခင်းဖြစ်ပွားမှုများအနေဖြင့် နေပြည်တော်တွင် လူသတ်မှုနှစ်မှု ( နှစ်ဦးသေဆုံး)၊ ယာဉ်တိုက် မှု နှစ်မှု (နှစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ)၊ ခိုက်ရန်ဖြစ်ပွားမှု လေးမှု (ခြောက်ဦးဒဏ်ရာရ)၊ ရေနစ်သေဆုံးမှု တစ်မှု ( တစ်ဦး သေဆုံး)၊ ကချင်ပြည်နယ်တွင် ယာဉ်တိုက်မှုနှစ်မှု (နှစ်ဦး ဒဏ်ရာရ)၊ ခိုက်ရန်ဖြစ်ပွားမှုတစ်မှု (တစ်ဦးဒဏ်ရာရ)၊ ရေနစ် သေဆုံးမှု တစ်မှု (တစ်ဦး သေဆုံး)၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် လူသတ်မှု သုံးမှု (သုံးဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ)၊ ယာဉ်တိုက်မှု တစ်မှု (တစ်ဦးဒဏ်ရာရ)၊ ခိုက်ရန်ဖြစ်ပွားမှု ရှစ်မှု(၁၁ ဦး ဒဏ်ရာရ)၊ ရေနစ်သေဆုံးမှု ခြောက်မှု(ခြောက်ဦးသေဆုံး)ဖြစ်ပွားခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီးတွင် ရေနစ်သေဆုံးမှု တစ်မှု (တစ်ဦး သေဆုံး)၊ ပဲခူးတိုင်းဒေသကြီးတွင် ယာဉ်တိုက်မှုတစ်မှု (တစ်ဦးသေဆုံး)၊ ခိုက်ရန်ဖြစ်ပွားမှုတစ်မှု(တစ်ဦးဒဏ်ရာရ)၊ ရေနစ်သေဆုံးမှု တစ်မှု (တစ်ဦးသေဆုံး)၊ မကွေးတိုင်းဒေသကြီး တွင် ယာဉ်တိုက်မှု နှစ်မှု (၁၁ ဦးဒဏ်ရာရ)၊ ခိုက်ရန်ဖြစ်ပွားမှု လေးမှု (ခုနစ်ဦး ဒဏ်ရာရ)၊ မန္တလေးတိုင်းဒေသကြီးတွင် လူသတ်မှု တစ်မှု (တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ)၊ ယာဉ်တိုက်မှု လေးမှု (တစ်ဦးသေဆုံး၊ ၁၆ ဦးဒဏ်ရာရ)၊ ခိုက်ရန် ဖြစ်ပွားမှု ၁၃ မှု (၂၁ ဦးဒဏ်ရာရ)၊ မွန်ပြည်နယ်တွင် ခိုက်ရန် ဖြစ်ပွားမှု တစ်မှု (နှစ်ဦးဒဏ်ရာရ)၊ ရန်ကုန်တိုင်းဒေသကြီးတွင် လူသတ်မှု တစ်မှု (တစ်ဦးသေဆုံး၊ နှစ်ဦး ဒဏ်ရာရ)၊ ယာဉ်တိုက် မှု နှစ်မှု (ကိုးဦးဒဏ်ရာရ)၊ ခိုက်ရန်ဖြစ်ပွားမှု သုံးမှု (ခုနစ်ဦး ဒဏ်ရာရ)၊ ရေနစ်သေဆုံးမှုတစ်မှု (တစ်ဦးသေဆုံး)၊ ရှမ်း ပြည်နယ်တွင် ယာဉ်တိုက်မှု ငါးမှု(လေးဦးသေဆုံး၊ ၂၆ ဦး ဒဏ်ရာရ)၊ ရေနစ်သေဆုံးမှု နှစ်မှု(နှစ်ဦးသေဆုံး)၊ ဧရာ၀တီတိုင်း ဒေသကြီးတွင် ယာဉ်တိုက်မှု နှစ်မှု (သုံးဦးဒဏ်ရာရ)၊ ခိုက်ရန် ဖြစ်ပွားမှု တစ်မှု(တစ်ဦးဒဏ်ရာရ)၊ ရေနစ်သေဆုံးမှုတစ်မှု (တစ်ဦးသေဆုံး)တို့ရှိခဲ့ပြီး စုစုပေါင်း လူသတ်မှု ခုနစ်မှု (ခုနစ်ဦး သေဆုံး၊ လေးဦး ဒဏ်ရာရ)၊ ယာဉ်တိုက်မှု ၂၁ မှု (ရှစ်ဦး သေဆုံး၊ ၆၉ ဦး ဒဏ်ရာရ)၊ ခိုက်ရန်ဖြစ်ပွားမှု ၃၆ မှု (၅၇ ဦး ဒဏ်ရာရ)၊ ခိုးမှု နှစ်မှု၊ ရေနစ်သေဆုံးမှု ၁၄ မှု (၁၄ ဦး သေဆုံး) ရှိခဲ့ကြောင်း သိရသည်။
ဖော်ပြပါသင်္ကြန်နှင့်ပတ်သက်သော ပြစ်မှုများဖြစ်ပွားမှု သည် တိုင်းဒေသကြီး/ ပြည်နယ် (၁၁)ခု တွင်သာဖြစ်ပွားခဲ့ပြီး တိုင်းဒေသကြီး/ပြည်နယ်များတွင် သင်္ကြန်နှင့် ပတ်သက်သော မှုခင်းများ လျော့နည်းစေရန်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အလေးထား ထိန်းသိမ်းဆောင်ရွက်နိုင်ခဲ့ကြောင်း၊ သို့သော် သင်္ကြန်ပွဲတော်နှင့် ပတ်သက်မှုမရှိဘဲ သီးခြားအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာအရ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးတွင် စုစုပေါင်း လူသတ်မှု ၃၀ (၃၁ ဦးသေဆုံး၊ သုံးဦး ဒဏ်ရာရ)၊ ယာဉ်တိုက်မှု ၃၃၉ မှု (၁၁၅ ဦး သေဆုံး၊ ၇၂၈ ဦး ဒဏ်ရာရ)၊ ခိုက်ရန်ဖြစ်ပွားမှု ၁၀၅ မှု (၁၄၄ ဦး ဒဏ်ရာရ)၊ ရေနစ်သေဆုံးမှုအပါအဝင် သေမှုသေခင်း ၁၁၀ (၁၁၃ ဦး သေဆုံး)၊ ခိုးမှု ၃၆ မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကြိုတင်ကာကွယ်
မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင် ကြိုတင်ကာကွယ်မှု ၁၉၇၆ မှု အရေးယူ ဆောင်ရွက်ခဲ့ကြောင်း၊ ထို့ပြင် သင်္ကြန်ကာလအတွင်း ဘေးအန္တရာယ်ဖြစ်စေနိုင်သော တုတ်၊ ဓားမျိုးစုံ၊ လေးခွ၊ ချိန်းကြိုး/သံကြိုး၊ ဝက်အူလှည့်၊ ကတ်ကြေး၊ သံလက်သီး၊ စကေဘာ စုစုပေါင်း ၄၂၇ ခုနှင့် အရက်/ဘီယာပုလင်း မျိုးစုံ ၅၇၁၇၉ ပုလင်း၊ ကာမရာဂ စိတ်ကြွဆေးများဖြစ်သည့် သောက် ဆေး၊ လိမ်းဆေး၊ ထိုးဆေး၊ ဖျန်းဆေးမျိုးစုံ ၆၂၅ ဘူး၊ ဆေးလုံး ၂၃၉၂ လုံး၊ ဆေးကတ် ၃၃၆ ကတ်နှင့် ထိုးဆေးနှစ်ပုလင်း တို့အား သိမ်းဆည်းနိုင်ခဲ့ကြောင်း၊ စုစုပေါင်း ကြိုတင်ကာကွယ် ထိန်းသိမ်းတားဆီးခဲ့သူပေါင်းမှာ ၂၇၉၇ ဦးဖြစ်၍ ပြစ်မှုကျူးလွန် သူများကိုလည်း ဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment