Thursday, April 18, 2019

ဆရာတော်များက နေပြည်တော်ကောင်စီ နယ်မြေအတွင်း ရဟတ်ယာဉ်ဖြင့် လှည့်လည်၍ နှစ်သစ်ဦးမင်္ဂလာ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ်တော်မူ




နေပြည်တော် ဧပြီ ၁၇



ယနေ့သည် မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ်ကုန်ဆုံး၍ ၁၃၈၁ ခုနှစ် နှစ်သစ်သို့ ကူးပြောင်းသည့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားတို့၏ နေ့ထူးနေ့မြတ်အချိန်အခါ သမယ ဖြစ်သည့်အတွက် နှစ်ဟောင်းမှ ကိုယ်၏အညစ်အကြေးများကို အတာရေဖြင့် ဆေးကြော သန့်စင်ပြီး စိတ်၏အညစ်အကြေးများကို ကုသိုလ်ဒါနပြုခြင်းဖြင့် ဆေးကြော သန့်စင်၍ နှစ်သစ်ကို မင်္ဂလာရှိစွာ အစပြုကြသည်။
ယနေ့တွင် မြန်မာနိုင်ငံတစ်ဝန်းရှိ ဘုရား၊ စေတီ၊ ကျောင်းကန်များ၌ ဥပုသ်သီတင်းသီလဆောက်တည်ခြင်း၊ သက်ကြီး ဘိုးဘွားများအား တစ်ကိုယ်ရေ သန့်ရှင်းမှုများ ပြုလုပ်ပေးခြင်းနှင့် ကန်တော့ခြင်း၊ ဇီဝိတဒါနဘေးမဲ့လွှတ် ခြင်းနှင့် ကုသိုလ်ဒါနပြုခြင်းတို့ဖြင့် နှစ်သစ်ကို အစပြုကြသည်။
နေပြည်တော်ကောင်စီနယ်မြေတွင် နှစ်သစ်ကူးနှစ်ဆန်းတစ်ရက်နေ့ နံနက် ပိုင်းမှစ၍ တန်ခိုးကြီးဘုရားစေတီ၊ ကျောင်းကန်များ၌ ဥပုသ်သီတင်းသီလ ဆောက်တည်ကြသူများ၊ ဆရာတော် သံဃာတော်များ ရွတ်ဖတ်သရဇ္ဈာယ် သည့် အန္တရာယ်ကင်း ပရိတ်တရားတော် များ နာကြားကြသူများ၊ ဇီဝိတဒါနဘေးမဲ့ လွှတ်ကြသူများ၊ အလှူဒါနပြုကြသူများ ဖြင့် စည်ကားခဲ့သည်။
ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဥပ္ပါတသန္တိ‌စေတီတော် လိုဏ်ဂူတော် အတွင်း၌ (၁၁)ကြိမ်မြောက် နှစ်သစ် မင်္ဂလာ အန္တရာယ်ကင်းပရိတ်တရားတော် နာယူပွဲ မင်္ဂလာအခမ်းအနားကို ကျင်းပရာ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ ပျဉ်းမနား မြို့၊ မဟာဝိသုတာရာမ ဈေးကုန်းကျောင်း တိုက် ဆရာတော် ဘဒ္ဒန္တကဝိသာရ အမှူးပြုသောဆရာတော်၊ သံဃာတော် များ ကြွရောက်တော်မူကြပြီး သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဒုတိယဝန်ကြီး ဦးကြည်မင်း၊ နေပြည် တော် ကောင်စီဝင်များ၊ နေပြည်တော် စည်ပင် သာယာရေးကော်မတီဝင်များ၊ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးအသင်း အဖွဲ့များ၊ တာဝန်ရှိသူများနှင့် ဘုရားဖူး လာ ပြည်သူများ တက်ရောက်ကြည်ညို ကြသည်။
အခမ်းအနားတွင် ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ဈေးကုန်းကျောင်း တိုက် ဆရာတော် ဘဒ္ဒန္တကဝိသာရထံမှ ကိုးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ဖတ် သရဇ္ဈာယ်သည့် ပရိတ်တရားတော်များ နှင့် အန္တရာယိက ကမ္မဝါစာများကို နာယူကြပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများကို ဆရာတော်သံဃာ တော်များထံ ဆက်ကပ်လှူဒါန်းကြ သည်။
ထို့နောက် ဥပ္ပါတသန္တိစေတီတော် မြတ်ကြီး ဂေါပကအဖွဲ့၏ဩဝါဒါစရိယ၊ ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ဈေးကုန်း ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကဝိသာရ အမှူးပြုသော ဆရာ တော်၊ သံဃာတော်များက ကမ္ဘာသူ ကမ္ညာသားများနှင့် မြန်မာနိုင်ငံသူ နိုင်ငံသားများ ကျန်းမာချမ်းသာ၍ ဘေးအန္တရာယ် ကင်းရှင်းစေရန် နေပြည်တော်ကောင်စီနယ်မြေ အတွင်း ရဟတ်ယာဉ်ဖြင့် လှည့်လည်၍ နှစ်သစ်ဦး မင်္ဂလာအန္တရာယ်ကင်း ပရိတ်တရား တော်များကို ရွတ်ဖတ်သရဇ္ဈာယ်တော်မူ ကြပြီး ပရိတ်ရေများ ဖျန်းပက်ကာ မေတ္တာပို့သကြသည်။
အလားတူ နေပြည်တော်ကောင်စီ နယ်မြေရှိ ထင်ရှားသော သတ္တသတ္တာဟ စေတီတော်၊ မဟာသကျရံသီရုပ်ရှင် တော်မြတ်ကြီး၊ ဓာတုစယဓာတ်ပေါင်းစု စေတီတော်၊ ဆုတောင်းပြည့်လောက မာရဇိန်စေတီ၊ ရန်အောင်မြင်စေတီ စသည့် တန်ခိုးကြီးဘုရားစေတီများ၌ ဥပုသ်သီလခံယူဆောက်တည်ကြသူများ၊ စတုဒိသာ ကျွေးမွေးလှူဒါန်းကြသူများ ဖြင့် စည်ကားနေပြီး ဇီဝိတဒါနအဖြစ် ငါးနှင့် ငှက်များကို ဘေးမဲ့လွှတ်ကြသူ များ များပြားခဲ့သည်။
ထို့ပြင် နေပြည်တော်ကောင်စီနယ် မြေအတွင်းရှိ ဝန်ကြီးဌာနများ၊ ရပ်ကွက် များ၊ ဝန်ထမ်းအိမ်ရာများ၊ ဓမ္မာရုံများ တွင်လည်း ဆရာတော်၊ သံဃာတော်များ အား ပင့်ဖိတ်၍ ပရိတ်တရားတော်များနှင့် အန္တရာယိက ကမ္မဝါစာများ နာကြား ကြကာ ကုသိုလ်ကောင်းမှုအစုစုတို့ အတွက် အမျှပေးဝေကြသည်။
သတင်းစဉ်

No comments:

Post a Comment