Thursday, April 18, 2019

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့်အဖွဲ့ ပန်ဆန်းမြို့အတွင်း ကြည့်ရှုလေ့လာ





Image may contain: 3 people, people standing, house, sky, tree and outdoor
ပန်ဆန်း ဧပြီ ၁၇



''၀”အထူးဒေသ(၂)၏ ငြိမ်းချမ်းရေးတည်ဆောက်မှု နှစ် (၃၀) ပြည့် အခမ်းအနားသို့ တက်ရောက်ရန်အတွက် ပန်ဆန်း မြို့၌ ရောက်ရှိနေသည့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သှူအင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ငြိမ်းချမ်းရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊ ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးနှင့် ငြိမ်းချမ်းရေးကော်မရှင်အကြံပေး ဦးမိုးဇော်ဦးတို့ ပါဝင်သည့် အဖွဲ့ သည်“၀'' အထူးဒေသ(၂)၏ ဗဟိုရုံးအုပ် ဦးအောင်မြင့် လိုက်ပါလျက် ဧပြီ ၁၆ ရက် ညနေပိုင်းတွင် ပန်ဆန်းမြို့ရှိ အာဇာနည်ကျောက်တိုင်၊ ငြိမ်းချမ်းရေးအထိမ်းအမှတ်ဥယျာဉ် ရှိ ငြိမ်းချမ်းရေးကျောက်တိုင်၊ မုန်ခန်းမြို့နှင့် ပန်ဆန်းကြားရှိ မုန်ခန်းတံတားနှင့် ဗမာပြည်ကွန်မြူနစ်ပါတီဌာနချုပ် ဗဟို စခန်းဟောင်းရှိရာနေရာတို့ကို သွားရောက်ကြည့်ရှုလေ့လာ ကြသည်။
ညပိုင်းတွင် “၀'' ပြည် သွေးစည်းညီညွတ်ရေးပါတီဥက္ကဋ္ဌ ဦးပေါက်ယူချန်းနှင့်အဖွဲ့က တည်ခင်းဧည့်ခံသည့် ညစာစားပွဲ သို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့်အဖွဲ့ တက်ရောက် ကြသည်။
''၀''အထူးဒေသ(၂)၏ ငြိမ်းချမ်းရေးတည်ဆောက်မှု နှစ်(၃၀)ပြည့် အခမ်းအနားအထိမ်းအမှတ် ညစာစားပွဲသို့ တက်ရောက်လာသည့် အစိုးရကိုယ်စားလှယ်များ၊ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များအား ''၀''တိုင်းရင်းသားရိုးရာတေးသီချင်း များ၊ အက၊ အလှ သရုပ်ဖော်တင်ဆက်မှုများဖြင့် ဖျော်ဖြေ တင်ဆက်ကြသည်။ သတင်းစဉ်

No comments:

Post a Comment