Thursday, April 18, 2019

ထာ၀ရငြိမ်းချမ်းရေးစေတီတော်၌ တင်လှူပူဇော်မည့် ငှက်မြတ်နားတော်၊ စိန်ဖူးတော်တို့အား ရွှေတိဂုံစေတီတော် ပတ္တမြားမျက်ရှင်ရုပ်ပွားတော် အာရုံခံသို့ ပင့်ဆောင်ပူဇော်

Image may contain: 6 people, people standing and indoor

ရန်ကုန်  ဧပြီ  ၁၇

လေးဆူဓာတ်ပုံ  ရွှေတိဂုံစေတီတော် မြတ်ကြီး ချမ်းသာကြီးတန်ဆောင်း၌ အပူဇော်ခံ  ကိန်းဝပ်တော်မူသော ပြည်ထောင်စုနယ်မြေ  နေပြည်တော် ရှိ ထာ၀ရငြိမ်းချမ်းရေးစေတီတော်တွင်  တင်လှူပူဇော်မည့်ရတနာ ငှက်မြတ် နားတော်၊ ရတနာစိန်ဖူးတော်တို့အား ရွှေတိဂုံစေတီတော် အထက်ပစ္စယံ    ပတ္တမြားမျက်ရှင်ရုပ်ပွားတော် အာရုံခံ သို့ ပင့်ဆောင်ပူဇော်ခြင်း မင်္ဂလာ အခမ်းအနားကို ယနေ့ည ၇ နာရီက ရွှေတိဂုံစေတီတော်   ချမ်းသာကြီး တန်ဆောင်း၌ ကျင်းပသည်။

အခမ်းအနားတွင်     ရတနာ ငှက်မြတ်နားတော်၊   ရတနာစိန်ဖူး တော်များအား ရွှေတိဂုံစေတီတော် အထက်ပစ္စယံ   ပတ္တမြားမျက်ရှင် ရုပ်ပွားတော်    ကိန်းဝပ်တော်မူရာ အာရုံခံသို့   ကြွရောက်တော်မူပါရန် အဘိယာစန     ဂါထာတော်ဖြင့် ပင့်ဆောင်သည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသ ကြီး     သံဃနာယကဥက္ကဋ္ဌနှင့် ဆရာတော်  သံဃာတော်များထံ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက  ရတနာငှက်မြတ် နားတော်၊    ရတနာစိန်ဖူးတော် များအား လွှဲပြောင်းပေးအပ်သည်။ ထို့နောက် ရတနာငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော်များအား ရွှေတိဂုံ စေတီတော်ရင်ပြင်၌ လက်ယာရစ် လှည့်လည်အပူဇော်ခံပြီး    ရွှေတိဂုံ စေတီတော်အထက်ပစ္စယံ ပတ္တမြား မျက်ရှင်ရုပ်ပွားတော် ကိန်းဝပ်တော်မူ ရာ အာရုံခံ၌  ကိန်းဝပ်စံပယ်တော်မူ သည်။                          

ဟန်လင်းနိုင်

No comments:

Post a Comment