Thursday, April 25, 2019

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၈) ကြိမ်မြောက် မော်စကို နိုင်ငံတကာလုံခြုံရေးဆိုင်ရာ ညီလာခံဖွင့်ပွဲ တက်ရောက်





Image may contain: 1 person
နေပြည်တော် ဧပြီ ၂၄



ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး Army General Sergey Kuzhugetovich Shouigu နှင့် ရုရှား-မြန်မာ စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်ရေး ကော်မတီ၏ ဖိတ်ကြားချက်အရ မော်စကိုမြို့တွင် ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် မော်စကိုမြို့၌ ကျင်းပသည့် (၈)ကြိမ်မြောက် မော်စကို နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ ညီလာခံ (8th Moscow Conference on International Security) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် သည်။
ဖွင့်ပွဲအခမ်းအနားတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ် ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးနှင့် Department of Peacekeeping Operations Office of Military Affairs မှ Military Adviser ဖြစ်သူ Lieutenent General Carlos Loitey တို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားကြသည်။ ယင်းနောက် ပထမပိုင်းမျက်နှာ စုံညီအစည်းအဝေးအား ''မျက်မှောက်ကာလကမ္ဘာ့လုံခြုံရေး- ဒေသတွင်းနှင့် တစ်ကမ္ဘာလုံးဆိုင်ရာအခြေခံ အကြောင်း အရင်းများနှင့် ပြောင်းလဲဖြစ်ပေါ်လာနိုင်သောအလားအလာများ'' ခေါင်းစဉ်ဖြင့် ပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ''အင်ဒို-ပစိဖိတ်ဒေသတွင်း စစ်ဘက်ပူးပေါင်းဆောင်ရွက်မှုများနှင့် ဒေသတွင်းလုံခြုံရေး ဆိုင်ရာအလားအလာများ'' ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးသည်။
ထိုသို့ဆွေးနွေးရာတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပထဝီနိုင်ငံရေး အရ အင်ဒို- ပစိဖိတ်ဒေသသည် ကမ္ဘာ လုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာမှုနှင့် အခွင့်အလမ်းများအတွက် အဓိက အချက်အချာနေရာ ဖြစ်သော်လည်း တစ်ဖက်တွင် လုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းရေးတို့၌ စိုးရိမ်ပူပန်မှုများ ရှိနေဆဲဖြစ်ကြောင်း၊ ၂၁ ရာစုတွင် အင်ဒို-ပစိဖိတ်ဒေသအား တစ်ကမ္ဘာလုံးမှ အာရုံစိုက်မှု ပိုမိုများပြားလာခဲ့ကြောင်း၊ အင်ဒို-ပစိဖိတ်ဒေသသည် ကမ္ဘာ့စစ်အင်အားကြီးနိုင်ငံများ၊ စီးပွားရေး အင်အားကြီးနိုင်ငံများ၊ ဒီမိုကရေစီ ထွန်းကားသည့်နိုင်ငံများနှင့် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နှင့် အင်ဒိုနီးရှားကဲ့သို့သော လူဦးရေ များပြားသည့် နိုင်ငံများတည်ရှိနေခြင်း ကြောင့် ယနေ့နိုင်ငံတကာရေးရာများ တွင် အာရုံစိုက်ခံရဆုံးနှင့် အရေးပါဆုံး သော ဒေသအဖြစ်သို့ ရောက်ရှိနေ ကြောင်း၊ အင်ဒို- ပစိဖိတ်ဒေသအတွင်း၌ နိုင်ငံအချို့၏ စစ်ရေးအရလွှမ်းမိုးနိုင်ရန် ကြိုးစားလာမှုများသည် ဒေသတွင်းနိုင်ငံ များအတွက် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာ စေကြောင်း၊ ကမ္ဘာ့အရေးပါဆုံး စွမ်းအင် ဖြစ်သည့် ရေနံနှင့်သဘာ၀ဓာတ်ငွေ့ သယ်ယူပို့ဆောင်ပေးနိုင်ခြင်းသည် နိုင်ငံ အားလုံးအတွက် အရေးကြီးဆုံးလုပ်ငန်း တစ်ခုဖြစ်ပြီး ရေနံနှင့်သဘာ၀ဓာတ်ငွေ့ တင်ပို့ရာ အဓိကလမ်းကြောင်းသည် အိန္ဒိယသမုဒ္ဒရာကို ဖြတ်ကျော်ရသည့် အတွက် စီးပွားရေးအရ အရေးပါသော ဒေသတစ်ခုဖြစ်လာသည်ကို တွေ့ရှိရ ကြောင်း။
နိုင်ငံများအားလုံး၏ တန်းတူညီမျှမှု
အင်ဒို-ပစိဖိတ်ဒေသတွင် ဖြစ်ပေါ် နေသော ပင်လယ်ဓားပြတိုက်ခိုက်မှုများ အား နိုင်ငံပေါင်းစုံပူးပေါင်းဆောင်ရွက် မှုဖြင့် အတိုင်းအတာတစ်ခုအထိ အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့သော်လည်း ပင်လယ်ရေကြောင်းဆိုင်ရာခြိမ်းခြောက် မှုတစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေ ဆဲပင်ဖြစ်ကြောင်း၊ အင်ဒို-ပစိဖိတ်ဒေသ တွင် လူမှောင်ခိုကူးခြင်းနှင့် မူးယစ် ဆေးဝါးတရားမဝင်ဖောက်ကား ရောင်း ဝယ်ခြင်းတို့ကိုလည်း အခြားသော နိုင်ငံ ဖြတ်ကျော် ရာဇဝတ်မှုများအဖြစ် တွေ့ရှိ ရကြောင်း၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ် မှုများ၊ ပင်လယ်ဓားပြမှုများနှင့် အကြမ်း ဖက်မှုများအကြား ကြီးမားသည့် ဆက်နွှယ်မှုများသည် အင်ဒို - ပစိဖိတ် ဒေသတွင် ရှုပ်ထွေးသောသမားရိုးကျ မဟုတ်သည့် ခြိမ်းခြောက်မှုများကို ဖြစ်ပေါ်စေကြောင်း၊ အင်ဒို-ပစိဖိတ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ကောင်းမွန် သော စစ်ဘက်ဆ်ိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရာတွင် ဒေသအတွင်း ရှိ နိုင်ငံတစ်နိုင်ငံချင်းစီ၏ အချုပ်အခြာ၊ နယ်မြေပိုင်ဆိုင်မှုနှင့် နိုင်ငံများအားလုံး ၏ တန်းတူညီမျှမှုတို့ကိုသာ အခြေခံပြီး နိုင်ငံ၏အရွယ်အစားနှင့် လူဦးရေကို ထည့်သွင်းစဉ်းစားခြင်းမပြုသည့် စည်း မျဉ်းကိုအခြေခံသော လုပ်ဆောင်ချက် များကို တစ်နိုင်ငံချင်းအလိုက်သော် လည်းကောင်း၊ ကမ္ဘာ့နိုင်ငံအားလုံးများ အားလုံးအတွက်သော် လည်းကောင်း ကျင့်သုံးရန် လိုအပ်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ချစ်ကြည်ရင်းနှီးမှုခိုင်မာရေး
ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ် ရေးဝန်ကြီး Army General Sergey Kuzhugetovich Shouigu နှင့် တွေ့ဆုံ၍ (၈)ကြိမ်မြောက် မော်စကို နိုင်ငံတကာလုံခြုံရေးဆိုင်ရာ ညီလာခံ ကျင်းပပြုလုပ်မှုအခြေအနေများ၊ နှစ်နိုင်ငံ နှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည် ရင်းနှီးမှုတိုးတက်ခိုင်မာရေးဆိုင်ရာ ကိစ္စ ရပ်များနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များအား ရင်းနှီးပွင့်လင်း စွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ သည်။
ပြခန်းများ ကြည့်ရှုလေ့လာ
ထို့အတူ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ အဖွဲ့ဝင်အဖြစ် လိုက်ပါ သွားသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင် နှင့် တပ်မတော်အရာရှိကြီးများသည် ဧပြီ ၂၃ ရက် နံနက်ပိုင်းတွင် မော်စကိုဒေသရှိ ကူဘင်ကာ မျိုးချစ်ပန်းခြံသို့ သွားရောက် ၍ ဆီးရီးယားနိုင်ငံအတွင်း အကြမ်းဖက် သမားများအား နှိမ်နင်းရာတွင် ရုရှား တပ်မတော်မှအသုံးပြုခဲ့သော ယာဉ် ယ္တရားများနှင့် လက်နက်ပစ္စည်းများ ပြခန်း၊ အကြမ်းဖက်သမားများထံမှ သိမ်းဆည်းရမိခဲ့သည့် ယာဉ်ယ္တရား များနှင့် လက်နက်ပစ္စည်းများ ပြခန်း၊ ဒုတိယက္ဘာစစ်အတွင်း အသုံးပြုခဲ့သော ရုရှားနိုင်ငံမှ ထုတ်လုပ်သည့် တင့်ယာဉ် များနှင့် ဂျာမန်နိုင်ငံမှအသုံးပြုခဲ့သည့် တင့်ယာဉ်ပြခန်းများအား လှည့်လည် ကြည့်ရှုလေ့လာကြသည်။
လုံခြုံရေးဆိုင်ရာညီလာခံတက်ရောက်
(၈)ကြိမ်မြောက် မော်စကိုနိုင်ငံ တကာလုံခြုံရေးဆိုင်ရာညီလာခံ (8th Moscow Conference on Inter-national Security) သို့ ရုရှားနိုင်ငံမှ Doctor of Science ဘွဲ့ရရှိထားသော ဒုတိယဗိုလ်မှူးကြီး တင်ဘုန်းကျော်အား Making Decisions in Air Traf-fic Control စာအုပ်ရေးသားပြုစု ထုတ်ဝေခဲ့သည့်အတွက် လေကြောင်း လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် အဖြစ် ဖိတ်ကြားခဲ့ပြီး နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်မှ ဗိုလ်မှူးကြီး မျိုးကျော်သူအား ''Color'' Revo-lutions and '' Hybrid'' Warfare ..General and Spacifice Fea-tures ခေါင်းစဉ်အောက်တွင် ပါဝင် ဆွေးနွေးရန် ဖိတ်ကြားခံခဲ့ရကြောင်း၊ ယခု အခါ အဆိုပါ အရာရှိကြီးနှစ်ဦးမှာ (၈)ကြိမ်မြောက် မော်စကို နိုင်ငံတကာ လုံခြုံရေးဆိုင်ရာညီလာခံသို့ တက်ရောက် လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်

No comments:

Post a Comment