Thursday, April 25, 2019

မြန်မာနိုင်ငံသည် ကမ္ဘာ့တီဘီရောဂါဖြစ်ပွားမှု အများဆုံးသောနိုင်ငံ ၃၀ တွင် ပါဝင်နေဆဲဖြစ်ပြီး ပြည်သူ့ကျန်းမာရေးပြဿနာအဖြစ် ရှိနေဆဲဖြစ်




Image may contain: 3 people, crowd and indoor
နေပြည်တော် ဧပြီ ၂၄



နိုင်ငံတစ်ဝန်း တီဘီရောဂါဖြစ်ပွားမှု စစ်တမ်း (၂၀၁၇-၂၀၁၈) (Nationwide TB Prevalence Survey) အသိပေး ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ Sd Hotel Max ၌ ကျင်းပ သည်။
ကမ္ဘာ့တီဘီရောဂါဖြစ်ပွားမှု အများဆုံး
နိုင်ငံ ၃၀ တွင် ပါဝင်နေဆဲဖြစ်
အသိပေးဆွေးနွေးပွဲ၌ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက မြန်မာ နိုင်ငံတွင် စတုတ္ထအကြိမ်မြောက် ဆောင်ရွက်ခဲ့သည် နိုင်ငံတစ်ဝန်း တီဘီ ရောဂါဖြစ်ပွားမှုစစ်တမ်း (၂၀၁၇-၂၀၁၈) ပါ တွေ့ရှိချက်များသည် တီဘီရောဂါ တိုက်ဖျက်ရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၀) အရလုပ်ငန်းများဆောင် ရွက်ခဲ့မှုနှင့် အောင်မြင်မှုအခြေအနေတို့ကို လေ့လာဆန်းစစ် သိရှိနိုင်ရန်အတွက် လည်းကောင်း၊ ထပ်မံရေးဆွဲဆောင်ရွက် မည့် တီဘီရောဂါတိုက်ဖျက်ရေး မဟာ ဗျူဟာစီမံကိန်း (၂၀၂၁-၂၀၂၅)နှင့် စီမံ ချက်များ၊ လုပ်ငန်းစဉ်များအတွက် လည်းကောင်း အထူးအရေးကြီးပါ ကြောင်း၊ မြန်မာနိုင်ငံတွင် တီဘီရောဂါ ဖြစ်ပွားမှုနှုန်းမှာ နှစ်စဉ် ၃ ဒသမ ၅ ရာခိုင်နှုန်းခန့် ကျဆင်းလျက်ရှိသော် လည်း မြန်မာနိုင်ငံသည် ကမ္ဘာ့တီဘီ ရောဂါဖြစ်ပွားမှု အများဆုံးသောနိုင်ငံ ၃၀ တွင် ပါဝင်နေဆဲဖြစ်ပြီး ပြည်သူ့ ကျန်းမာရေးပြဿနာအဖြစ် ရှိနေဆဲဖြစ် ပါကြောင်း၊ အဆိုပါနိုင်ငံ ၃၀ စာရင်း တွင် မပါရှိရန်အတွက် ဝန်ကြီးဌာန အနေဖြင့် ဘက်ပေါင်းစုံမှ ဆက်လက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ကမ္ဘာ့တီဘီရောဂါ အစီရင်ခံစာ (၂၀၁၈) အရ မြန်မာနိုင်ငံ၌လူဦးရေ တစ်သိန်းတွင် တီဘီရောဂါ ဖြစ်ပွားသူ ၃၅၈ ဦးနှင့် ရောဂါကြောင့်သေဆုံးသူ ၅၁ ဦးရှိပါ ကြောင်း။
အမျိုးသား တီဘီရောဂါတိုက်ဖျက် ရေးစီမံချက်မှ ၂၀၁၈ ခုနှစ်တွင် တီဘီ ရောဂါလူနာ ၁၃၅၀၀၀ ကျော်ကို ကုသ မှုပေးခဲ့ရာ ကုသမှုအောင်မြင်နှုန်းမှာ ၈၇ ရာခိုင်နှုန်း ရရှိခဲ့ပါကြောင်း၊ ဝန်ကြီး ဌာနအနေဖြင့် ခက်ခဲဒေသ၊ လုပ်ငန်းခွင်၊ အကျဉ်းထောင်များ စသည်တို့အထိ ကွင်းဆင်းရောဂါ ရှာဖွေကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
တီဘီရောဂါ တိုက်ဖျက်ရေးလုပ်ငန်း များကို ဝန်ကြီးဌာနတစ်ခုတည်းမှ ဆောင်ရွက်၍ မရဘဲဌာနပေါင်းစုံ၊INGO/ Local NGO ၊ လူမှုအဖွဲ့ အစည်းများ၊ လူထုအခြေပြု အဖွဲ့ အစည်းများ၊ တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်းများစသည်ဖြင့် အားလုံး စုစည်းဆောင်ရွက်မှသာ အောင်မြင်မှု ပန်းတိုင်ကို ရောက်ရှိနိုင်မည်ဖြစ်ပါ ကြောင်း၊ ယခုစစ်တမ်းကို ကျွမ်းကျင်မှု နည်းပညာပိုင်းဆိုင်ရာ စနစ်တကျ ပြုလုပ်ဆောင်ရွက်ခြင်း၊ ဒီဂျစ်တယ် ဓာတ်မှန်စက်၊ အဆင့်မြင့် Gene Xpert စက်များဖြင့် စမ်းသပ်အတည်ပြု ဆောင်ရွက်ခြင်းတို့ကြောင့် တွေ့ရှိချက် များသည် မှန်ကန်ပြီး ယုံကြည်စိတ်ချ ရပါကြောင်း။
တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်း
များတွင် ပိုမိုပါဝင် ဆောင်ရွက်
ယခုစစ်တမ်း တွေ့ရှိချက်များကို အခြေခံ၍ တီဘီရောဂါ တိုက်ဖျက်ရေး မဟာဗျူဟာ (၂၀၂၁-၂၀၂၅) ကို ရေးဆွဲ သည့်အခါ လက်တွေ့မြေပြင်တွင် အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များ ရေးဆွဲရန်နှင့် လုပ်ငန်းဆောင်ရွက် အောင်မြင်မှုကို စဉ်ဆက်မပြတ်ဆန်းစစ် သည့် စနစ်နှင့် အသုံးချသုတေသန လုပ်ငန်းများကိုပါ တစ်ပါတည်းထည့်သွင်း ရေးဆွဲဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ လူမှုရေးဝန်ကြီးများ အနေဖြင့်လည်း တီဘီရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများ တွင် ဦးဆောင်နေရာမှ ပိုမိုပါဝင် ဆောင်ရွက်ပေးရန် တိုက်တွန်းလိုပါ ကြောင်းပြောကြားသည်။
စစ်တမ်းတွေ့ရှိချက်များကို
နှိုင်းယှဉ်သုံးသပ်
ဆက်လက်၍ ညွှန်ကြားရေးမှူး (ရောဂါနှိမ်နင်းရေး) ဒေါက်တာ စည်သူ အောင်က နိုင်ငံတစ်ဝန်းတီဘီရောဂါ ဖြစ်ပွားမှုစစ်တမ်း (၂၀၁၇-၂၀၁၈) တွေ့ရှိ ချက်များကို လည်းကောင်း၊ အမျိုးသား တီဘီရောဂါ တိုက်ဖျက်ရေးစီမံချက် မန်နေဂျာ ဒေါက်တာ ချိုချိုစန်းက စစ်တမ်းကောက်ယူ ဆောင်ရွက်ခဲ့မှုများကိုလည်းကောင်း၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ Medical Officer, Dr. Onazaki က စစ်တမ်းတွေ့ရှိမှု ကောက်ချက်များနှင့် (၂၀၀၉-၂၀၁၀) ခုနှစ်တွင် ဆောင်ရွက်ခဲ့သည့် စစ်တမ်းနှင့် ယခု စစ်တမ်းတွေ့ရှိချက်များကို နှိုင်းယှဉ်သုံးသပ်မှုတို့ကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
တီဘီရောဂါ စစ်တမ်းကောက်ယူ ခြင်း လုပ်ငန်းများကို ၂၀၁၇ ခုနှစ် အောက်တိုဘာလမှ ၂၀၁၈ ခုနှစ် စက်တင်ဘာလကုန်အထိ ဆောင်ရွက်ပြီး စစ်တမ်းအရ တီဘီရောဂါဖြစ်ပွားသူများ ၏ ၇၃ ရာခိုင်နှုန်းမှာ အမျိုးသားများ ဖြစ်ကြောင်းတွေ့ရှိရသည်။
တီဘီလူနာများ၏ ၅၀ ရာခိုင်နှုန်း ကျော်မှာ အသက် ၅၀ နှစ်နှင့် အထက် တွင် တွေ့ရှိရသည့် အတွက်ပြည်သူလူထု အတွင်းတီဘီရောဂါ ကူးစက်ပြန့်ပွားမှုကို အတော်အသင့် ထိန်းချုပ်နိုင်ပြီဟု ယူဆနိုင်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment