Wednesday, April 3, 2019

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဒေါက်တာသန်းမြင့် ကော့သောင်းမြို့၌ ကုန်သည်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ


Image may contain: 1 person, sitting, table and indoor

နေပြည်တော်   ဧပြီ    ၂

နိုင်ငံတော်အတိုင်ပင်ခံရုံး     ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးကျော်တင့်ဆွေ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန   ပြည်ထောင်စုဝန်ကြီး   ဒေါက်တာ သန်းမြင့်တို့သည် မတ် ၃၁ ရက် နံနက်ပိုင်းတွင် ကော့သောင်းမြို့   ဗစ်တိုးရီးယားဟိုတယ် ခန်းမ၌    ကော့သောင်းမြို့ရှိ   ကုန်သည် လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။

ပွင့်ပွင့်လင်းလင်းတင်ပြ

ရှေးဦးစွာ     ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက  ကုန်သည်လုပ်ငန်းရှင် များအား လိုအပ်သည်များ   ကူညီပံ့ပိုးပေးရန် လာရောက်ခြင်းဖြစ်၍ ပွင့်ပွင့်လင်းလင်းတင်ပြ ကြရန် ပြောကြားသည်။

ထို့နောက်       ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က   စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် ရေထွက်ကုန်ပစ္စည်းများအား တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် တိုးမြှင့်ထုတ်လုပ် နိုင်ရေး  လိုအပ်သည့်ကိစ္စများအား   အကျယ် တဝင့် ပြောကြားသည်။

ယင်းနောက်  တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်   ဦးမြင့်မောင်က  တိုင်းဒေသကြီး အတွင်း ကုန်သွယ်မှုလုပ်ငန်းများနှင့်စပ်လျဉ်း ၍ ရှင်းလင်းပြောကြားသည်။

ရှင်းလင်းပြောကြား

ထို့နောက် တက်ရောက်လာကြသူများ က လိုအပ်သည်များကို တင်ပြဆွေးနွေးကြရာ တင်ပြချက်များအပေါ်   ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ကော့သောင်းမှ ရနောင်း မြို့သို့     တံတားတည်ဆောက်ရန်တင်ပြမှု၊ လေယာဉ်စီးနင်းခ   လျှော့ချရေးတင်ပြမှုတို့ အား    ပြန်လည်ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ကုန်သွယ်မှု    လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများ နှင့်အဖွဲ့သည် ညနေပိုင်းတွင် တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ ၌  တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများ နှင့်တွေ့ဆုံကာ    တနင်္သာရီတိုင်းဒေသကြီး အတွင်းဒေသဖွံ့ဖြိုးရေး၊      စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးတို့နှင့်စပ်လျဉ်း၍    ဆွေးနွေး မှာကြားခဲ့ကြောင်း  သိရသည်။    

သတင်းစဉ်

No comments:

Post a Comment