Tuesday, April 16, 2019

နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့၏ မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက်စကားများကို မြန်မာ့ရုပ်မြင်သံကြားနှင့် မြန်မာ့အသံရေဒီယိုတို့မှ ထုတ်လွှင့်မည်





နေပြည်တော် ဧပြီ ၁၅



နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့၏ ၁၃၈၁ ခုနှစ် မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက်စကားများကို မြန်မာ့ရုပ်မြင်သံကြားနှင့် မြန်မာ့အသံရေဒီယိုတို့မှ ထုတ်လွှင့်သွားမည်ဖြစ်သည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက်စကားကို မြန်မာ့ရုပ်မြင်သံကြားမှ ဧပြီ ၁၇ ရက် နံနက် ၈ နာရီ၊ မွန်းတည့် ၁၂ နာရီ၊ ညနေ ၄ နာရီ၊ ည ၈ နာရီ သတင်းများအပြီးတွင် လည်းကောင်း၊ ဧပြီ ၁၈ ရက် နံနက် ၈ နာရီ သတင်းအပြီးတွင် လည်းကောင်း ထုတ်လွှင့်သွားမည် ဖြစ်ပြီး မြန်မာ့အသံ ရေဒီယိုမှ ဧပြီ ၁၇ ရက် နံနက် ၈ နာရီ၊ နံနက် ၁၁ နာရီ၊ ညနေ ၄ နာရီခွဲ၊ ည ၈ နာရီ သတင်းများအပြီးနှင့် ဧပြီ ၁၈ ရက် နံနက် ၈ နာရီ သတင်းအပြီးတွင် လည်းကောင်း ထုတ်လွှင့်သွားမည် ဖြစ်သည်။
အလားတူ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တို့၏ မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက်စကားများကို မြန်မာ့ရုပ်မြင်သံကြားမှ ဧပြီ ၁၇ ရက် နံနက် ၈ နာရီ၊ ညနေ ၄ နာရီ၊ ည ၈ နာရီ သတင်းများအပြီးတွင် လည်း ကောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့၏ မြန်မာနှစ်သစ်ကူးနှုတ်ခွန်းဆက်စကားများကို မြန်မာ့ရုပ်မြင်သံကြားမှ ဧပြီ ၁၇ ရက် မွန်းတည့် ၁၂ နာရီ၊ ညနေ ၄ နာရီ ၊ ည ၈ နာရီ သတင်းများအပြီးတွင် လည်းကောင်း ထုတ်လွှင့်သွားမည်ဖြစ်ပြီး မြန်မာ့အသံရေဒီယိုမှ ဒုတိယသမ္မတ နှစ်ဦး၏ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားများကို ဧပြီ ၁၇ ရက် နံနက် ၈ နာရီ၊ ညနေ ၄ နာရီခွဲ၊ ည ၈ နာရီ သတင်းများအပြီးနှင့် လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့၏ နှုတ်ခွန်းဆက်စကားများကို ဧပြီ ၁၇ ရက် နံနက် ၁၁ နာရီ၊ ညနေ ၄ နာရီခွဲ၊ ည ၈ နာရီ သတင်းများအပြီးတွင် လည်းကောင်း ထုတ်လွှင့် သွားမည်ဖြစ်ကြောင်း သိရှိရသည်။ သတင်းစဉ်

No comments:

Post a Comment