Tuesday, April 16, 2019

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်ဇနီး၊ နိုင်ငံတကာသံတမန်အဖွဲ့များ မန္တလေးသင်္ကြန်ပွဲတော် ပါဝင်ဆင်နွှဲ




Image may contain: 11 people, people sitting, table, food and indoor
နေပြည်တော် ဧပြီ ၁၅



ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူနှင့်ဇနီးဒေါက်တာရွှေလွှမ်းတို့သည် ယနေ့ (သင်္ကြန်အကြတ်နေ့)နံနက်ပိုင်းတွင် နိုင်ငံတကာသံတမန်များ၊ ကုလသမဂ္ဂ အဖွဲ့အစည်း များမှ အကြီးအကဲများ၊ သံတမန်အဖွဲ့ မိသားစုဝင်များနှင့်အတူ မန္တလေးမြို့၌ ကျင်းပသည့် မြန်မာ့ရိုးရာမဟာသင်္ကြန် အတာရေသဘင်ပွဲတော်တွင် ပါဝင်ဆင်နွှဲ ခဲ့ကြသည်။
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်ဇနီးသည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် ဇနီး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့်ဇနီး ဦးဆောင်သည့် နိုင်ငံတကာသံရုံးများမှ သံတမန်အဖွဲ့များနှင့် ကုလသမဂ္ဂအဖွဲ့အစည်းရုံးများမှ အကြီး အကဲများ၊ သံတမန်အဖွဲ့ မိသားစုဝင်များနှင့်အတူ မန္တတလေးအခြေစိုက် တိုင်းရင်းသား လူမျိုးစုများအဖွဲ့၏ စတုဒိသာရေကစားမဏ္ဍပ်၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ရေကစားမဏ္ဍပ်နှင့် မန္တလေးမြို့တော်မဟာ သင်္ကြန်မဏ္ဍပ်များရှိ ရိုးရာသင်္ကြန်တေးသီချင်း၊ အက၊ အလှဖျော်ဖြေမှုများအား ကြည့်ရှုအားပေးပြီး ဒုတိယသမ္မတနှင့်သံတမန်အဖွဲ့များမှ သင်္ကြန်ပွဲတော်လာပရိသတ် များအား နှစ်သစ်ကူးအကြို ဆုတောင်းမေတ္တာပို့သကာ မန္တလေးလမ်းလျှောက် သင်္ကြန် ပွဲတော်တွင် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။
ထို့ပြင် မန္တလေးအတာသင်္ကြန်ပွဲ တော်သို့ လာရောက်ဆင်နွှဲကြသည့် သံတမန်အဖွဲ့ဝင်များမှလည်း ရေကစား မဏ္ဍပ်များတွင် ရိုးရာသင်္ကြန်တေးသီချင်း များနှင့် တိုင်းရင်းသားတေးသီချင်းများကို သီဆိုဖျော်ဖြေခဲ့ကြသည်။
ထို့နောက် ဒုတိယသမ္မတနှင့် ဇနီး သည် မန္တလေးမြို့တော်ခန်းမတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တည်ခင်းဧည့်ခံသည့် နေ့လယ်စာကို နိုင်ငံတကာ သံတမန်များ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ အကြီးအကဲများနှင့် အတူ တက်ရောက်ချီးမြှင့်ခဲ့သည်။
သတင်းစဉ်

No comments:

Post a Comment