Monday, April 15, 2019

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ဇနီး ဒေါက်တာရွှေလွှမ်း မန္တလေးမြို့ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ပါဝင်ဆင်နွှဲ

Image may contain: 11 people, people smiling, people sitting and table

မန္တလေး  ဧပြီ  ၁၄

ဒုတိယသမ္မတ  ဦးဟင်နရီဗန်ထီးယူနှင့် ဇနီး ဒေါက်တာ ရွှေလွှမ်းတို့သည် သင်္ကြန်အကျနေ့ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မ္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်သို့ရောက်ရှိပြီး မြန်မာ့ရိုးရာမဟာသင်္ကြန် အတာရေသဘင် ပွဲတော်တွင် ပါဝင်ဆင်နွှဲကြသည်။

ရှေးဦးစွာ ဒုတိယသမ္မတနှင့် ဇနီးတို့သည် မန္တလေးမြို့တော်မဟာသင်္ကြန် မဏ္ဍပ်သို့ ရောက်ရှိကြရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နှင့် ဇနီး ဒေါက်တာယုယုမေတို့က  သပြေခက်ဖြင့် အတာရေ ပက်ဖျန်းပြီး ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ဒုတိယသမ္မတနှင့် ဇနီးတို့သည် ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသ ကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ယိမ်းအကအဖွဲ့များ၊ ဧည့်ပရိသတ်များအား သပြေခက်ဖြင့်  အတာရေ  လိုက်လံပက်ဖျန်းကြပြီး အတာသင်္ကြန်ပွဲတော် ဆင်နွှဲကြသောပရိသတ်များအား နှစ်သစ်ကူးဆုတောင်း မေတ္တာပို့သပြီး တေးသံရှင်များ၏ သီဆိုဖျော်ဖြေမှုများနှင့် ယိမ်းအကအဖွဲ့များ၏ ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးသည်။  

ဆက်လက်၍ ဒုတိယသမ္မတနှင့်ဇနီးတို့ သည် ကျုံးတောင်ဘက်ခြမ်းတွင် ကျင်းပ လျက်ရှိသည့် လမ်းလျှောက်သင်္ကြန်ပွဲတော်သို့    လာရောက်လည်ပတ်     ရေကစားကြသည့်    သင်္ကြန်ချစ်သူပြည်သူများအား ရင်းနှီးစွာ နှုတ်ဆက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရေကစားမဏ္ဍပ်၊  မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်း၏   ရေကစားမဏ္ဍပ်၊ မ္တလေး အခြေစိုက် တိုင်းရင်းသားလူမျိုးစုများအဖွဲ့၏ စတုဒိသာမဏ္ဍပ်များ၊ ရေကစားမဏ္ဍပ်များကို လိုက်လံကြည့်ရှုအားပေးခဲ့ပြီး     တိုင်းရင်းသား လူမျိုးစုများ၏ ရိုးရာယဉ်ကျေးမှု အကအလှ များကို    ကြည့်ရှုအားပေး၍   မန္တလေး လမ်းလျှောက်သင်္ကြန်အား ပါဝင်ဆင်နွှဲသည်။

ညနေပိုင်းတွင် ဒုတိယသမ္မတနှင့်ဇနီး သည်       တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး   အစိုးရအဖွဲ့ဝင်ဝန်ကြီးများ     လိုက်ပါလျက် ကျုံးတောင်ဘက် ၂၆ လမ်းနှင့် ၇၁ လမ်းထောင့်ရှိ နန်းမြို့သူ ရေကစားမဏ္ဍပ် နှင့် မဟာအောင်မြေမြို့နယ် မနော်ရမ္မံကွင်းရှိ တိုင်းရင်းသားသွေးချင်းများ၏      စုပေါင်း မဟာသင်္ကြန်မဏ္ဍပ်များသို့ သွားရောက်၍ တိုင်းရင်းသားများ၏ သီဆိုဖျော်ဖြေမှုများ၊ သံချပ်အသင်းများ၏    ပြိုင်ပွဲဝင်မှုများကို အားပေးကြည့်ရှုသည်။
ထို့နောက်    ကျုံးအရှေ့ဘက်ခြမ်းရှိ တောသင်္ကြန်  နေ့ညဈေးရောင်းပွဲတော်သို့ သွားရောက်ကြည့်ရှုအားပေးသည်။

သတင်းစဉ်


No comments:

Post a Comment