Sunday, April 14, 2019

နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနား ကျင်းပ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်ဇနီး ဒေါက်တာရွှေလွှမ်းတို့ တက်ရောက်အားပေးချီးမြှင့်

Image may contain: 9 people, people smiling, people standing

နေပြည်တော်  ဧပြီ  ၁၃

မြန်မာသက္ကရာဇ် ၁၃၈၀ပြည့်နှစ်မှ ၁၃၈၁ ခုနှစ်သို့ကူးပြောင်းသည့်  မဟာ အတာသင်္ကြန်ပွဲတော်  နေပြည်တော် မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို    ယနေ့ညနေ ၅ နာရီတွင် နေပြည်တော်မြို့တော်ခန်းမ ရှေ့ရှိ  အဆိုပါမဏ္ဍပ်၌ ကျင်းပရာ ဒုတိယသမ္မတ  ဦးဟင်နရီဗန်ထီးယူ နှင့်ဇနီး      ဒေါက်တာရွှေလွှမ်းတို့ တက်ရောက်အားပေးချီးမြှင့်သည်။

နှုတ်ခွန်းဆက်

ဖွင့်ပွဲအခမ်းအနားတွင် နေပြည်တော် မြို့တော်ဝန် ဒေါက်တာမျိုးအောင်က နှစ်သစ်ကူး   နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့က နေပြည်တော် မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍  ဒုတိယသမ္မတနှင့်ဇနီး၊  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ    ဦးလှသိန်းနှင့်ဇနီး ဒေါ်အေးသီတာ၊ ပြည်ထောင်စုဝန်ကြီး များနှင့်ဇနီးများ၊ နေပြည်တော်မြို့တော်ဝန်နှင့်ဇနီးတို့က  ယိမ်းအကအဖွဲ့ များအား အတာသင်္ကြန်ရေဖြင့် ပက်ဖျန်းပေးကြသည်။

ကပြဖျော်ဖြေ

ယင်းနောက် မြန်မာ့အသံခေတ်ပေါ်တေးဂီတအဖွဲ့နှင့်အတူ ဝန်ကြီးဌာန များမှ ယိမ်းအဖွဲ့များ၊ နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်များမှ ယိမ်းအဖွဲ့များက မြူမှောင်ဝေကင်းသီချင်းဖြင့်တွဲဖက်၍ ကပြဖျော်ဖြေကြ သည်။
ဆက်လက်၍ တေးသံရှင်များ၊ အနုပညာရှင်များနှင့် ယိမ်းအဖွဲ့များက အဆိုအကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ဧည့်ခံကျွေးမွေး

နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်တွင် မဟာသင်္ကြန်ကာလ အတွင်း အနုပညာရှင်များ၊ တေးသံရှင်များနှင့်  ယိမ်းအကအဖွဲ့များက ခေတ်ပေါ် တေးဂီတများ၊  ယိမ်းအကများဖြင့် ကပြဖျော်ဖြေတင်ဆက်ကြမည်ဖြစ်ပြီး သင်္ကြန်ချစ်သူများနှင့် ရေကစားကြသူများအား  မြို့တော်ဝန်မဟာသင်္ကြန် မဏ္ဍပ်ရှေ့ရှိ စတုဒိသာမဏ္ဍပ်၌ အကျွေးအမွေးများဖြင့် ဧည့်ခံကျွေးမွေးသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်



No comments:

Post a Comment