Monday, April 1, 2019

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအဆင့်ဆင့် ရွေးကောက်တင်မြှောက်ပွဲသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုမိသားစု လာရောက်ဆန္ဒမဲပေး




ရန်ကုန် မတ် ၃၁
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအဆင့်ဆင့် ရွေးကောက်တင်မြှောက်ပွဲကို ယနေ့နံနက်ပိုင်းမှစတင်ပြီး သက်ဆိုင်ရာမဲဆန္ဒနယ်အသီးသီး၌ ကျင်းပလျက်ရှိရာ န်ိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို မိသားစုတို့သည် ယနေ့နံနက် ၈ နာရီတွင် တာမွေမြို့နယ် ကျားကွက်သစ်ရပ်ကွက်ရှိ အမှတ်(၃)မဲရုံ၌ လာရောက်ဆန္ဒမဲပေးကြသည်။

ထိုသို့ ဆန္ဒမဲပေးရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ကျော်၊ တာမွေမြို့နယ်စည်ပင်သာယာရွေးကောက်ပွဲကော်မရှင်အ¸ခွဲဥက္ကဋ္ဌ ဦးမြင့်သိန်းနှင့် တာဝန်ရှိသူများက လိုအပ်သည် များကို ဆောင်ရွက်ပေးကြသည်။
သတင်းစဉ်

No comments:

Post a Comment