Monday, April 1, 2019

ထာ၀ရငြိမ်းချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်များ တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ဒေသစာရီကြွချီအပူဇော်ခံရန် နေပြည်တော်မှ ရန်ကုန်သို့ ပင့်ဆောင်




ရန်ကုန် မတ် ၃၁
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်း ကံကော်ပန်းအဝိုင်းအနီးတွင် တည်ထား ကိုးကွယ်လျက်ရှိသော ထာ၀ရငြိမ်းချမ်းရေးစေတီတော် တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်များ၊ ရွှေထီးတော်၊ ရွှေငှက်မြတ်နားတော်နှင့်  ရတနာစိန်ဖူးတော် များအား တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ဒေသစာရီ ကြွချီအပူဇော်ခံရန် ယနေ့နံနက် ၆ နာရီက နေပြည်တော်ရှိ ထာ၀ရငြိမ်းချမ်းရေးစေတီတော်မှ ရန်ကုန်တိုင်းဒေသကြီး သို့ စတင်ပင့်ဆောင်ပူဇော်သည်။
ရှေးဦးစွာ ယနေ့နံနက် ၅ နာရီက  နေပြည်တော် ထာ၀ရငြိမ်းချမ်းရေးစေတီတော်တွင် ဆရာတော်သံဃာ တော်များက အ္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ် ပူဇော်ပေးကြပြီး ပင့်ဆောင်ပူဇော်မည့် စကျင်ဗုဒ္ဓရုပ်ပွား တော်များကို အမွှေးနံ့သာရည်များဖြင့်  ပက်ဖျန်းပေးသည်။
ယင်းနောက်  နေပြည်တော်-ရန်ကုန်အမြန်လမ်း အတိုင်း ပင့်ဆောင်ရာ ရန်ကုန်တိုင်းဒေသကြီး နယ်နိမိတ်  မိုင်တိုင်အမှတ် ၂၆ တွင် ရန်ကုန်တိုင်းဒေသကြီးသံဃ နာယကဥက္ကဋ္ဌနှင့် ဆရာတော်သံဃာတော်များ၊ ဌာနဆိုင်ရာ များ၊ ဘာသာရေးအသင်းအဖွဲ့များက ကြိုဆိုပင့်ဆောင်ပြီး တိုးဂိတ်အနီးတွင် ရန်ကုန်တိုင်းဒေသကြီးသံဃနာယကဥက္ကဋ္ဌဆရာတော်နှင့်   မြို့နယ်များမှ   သံဃနာယက ဆရာတော်ကြီးများ၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့် ဘာသာရေးအသင်းအဖွဲ့များက ဗုဒ္ဓရုပ်ပွားတော်များအား  ဖူးမြော်ကြိုဆိုပြီး  ဆရာတော် သံဃာတော်များက   ဗုဒ္ဓါဘိသေက   အနေကဇာတင် မင်္ဂလာကို ပြုလုပ်ကြသည်။
ထို့နောက် ဗုဒ္ဓရုပ်ပွားတော်များအား  ဆက်လက် ပင့်ဆောင်ရာ ခေတ္တအပူဇော်ခံမည့် ရွှေတိဂုံစေတီတော်အနောက်ဘက်မုခ်သို့ ပင့်ဆောင်ပူဇော်ရာ လမ်းကြောင်း တစ်လျှောက်   ရန်ကုန်တိုင်းဒေသကြီး   ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရွှေတိဂုံ ဂေါပကအဖွဲ့ဝင်များ၊    ဘာသာရေးအသင်းအဖွဲ့များမှ ဒေဝါဝင်း၊  ရာဇာဝင်းများခြံရံပြီး အောင်စည်တော်ရွန်း လျက် ပင့်ဆောင်ပူဇော်ကြသည်။
ယင်းနောက် အပူဇော်ခံမည့် မဏ္ဍပ်အတွင်း ဆရာ တော် သံဃာတော်များက ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာကိုပြုလုပ်ကြပြီး    ဆရာတော်သံဃာတော်များ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ရွှေတိဂုံ ဂေါပကအဖွဲ့ဝင်များ၊   ဘာသာရေးအသင်းအဖွဲ့များက စကျင်ဗုဒ္ဓရုပ်ပွားတော်များအား အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်ကြသည်။
မြန်မာနိုင်ငံတွင်    ထာ၀ရငြိမ်းချမ်းရေးရရှိရန်၊ ထေရဝါဒဗုဒ္ဓသာသနာ   အဓွန့်ရှည်ထွန်းကားပြန့်ပွား စေရန်နှင့် ခုနစ်ရက်သားသမီးများ ဖူးမြော်ပူဇော်နိုင်ရန် ရည်မှန်းကာ နေပြည်တော်တွင် ထာ၀ရငြိမ်းချမ်းရေးစေတီ တော်အား တည်ထားလျက်ရှိပြီး စေတီတော်တွင် ကိန်းဝပ် စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်များ၊ ရွှေထီး တော်၊ ရွှေငှက်မြတ်နားတော်နှင့်  ရတနာစိန်ဖူးတော်များ အား တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၁ ခုတွင် ဒေသစာရီ လှည့်လည်အပူဇော်ခံသွားမည်ဖြစ်ရာ ရန်ကုန်တိုင်းဒေသ ကြီးတွင် ဧပြီ ၁ ရက်နေ့မှ ၁၈ ရက်နေ့အထိ ပူဇော်ခံသွား မည်ဖြစ်ကြောင်း သိရသည်။                     

သတင်းစဉ်

No comments:

Post a Comment