Thursday, March 7, 2019

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်ထံ
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအမျိုးသမီးရေးရာအဖွဲ့ ဌာနေကိုယ်စားလှယ် ခန့်အပ်လွှာပေးအပ်
Image may contain: 2 people, people smiling, people standing and indoor
နေပြည်တော် မတ် ၆
အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအမျိုးသမီးရေးရာအဖွဲ့ (UN Women) ဌာနေကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်းခံရသူ Mr.Nicolas Burniat အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
ထိုသို့တွေ့ဆုံစဉ်Mr. Nicolas Burniat က ၄င်း၏ ခန့်အပ်လွှာကို ပြည်ထောင်စုဝန်ကြီးထံ ပေးအပ်ပြီး မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂအမျိုးသမီး ရေးရာအဖွဲ့တို့အကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ မြန်မာနိုင်ငံအစိုးရ မှ အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများတွင် ကုလသမဂ္ဂအမျိုးသမီးရေးရာအဖွဲ့မှ ကူညီပံ့ပိုးပေးနိုင်မည့် အလားအလာနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်

No comments:

Post a Comment