Thursday, March 7, 2019

ယာဉ်သွားလာမှုနည်းပါးသော ကျေးလက်လမ်းများအတွက်
ဒီဇိုင်းလက်စွဲစာအုပ်ထုတ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
Image may contain: 1 person, sitting, table and indoor
နေပြည်တော် မတ် ၆
ဆောက်လုပ်ရေး ဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန နှင့် ReCAP အဖွဲ့တို့ ပူးပေါင်း၍ ယာဉ်သွားလာမှု နည်းပါးသော ကျေးလက်လမ်းများအတွက် ဒီဇိုင်း လက်စွဲစာအုပ် ထုတ်လုပ်နိုင်ရေး (Development of a Design Manual for Low Volume Rural Roads)အလုပ်ရုံဆွေးနွေးပွဲ ကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ Park Royal
Hotel ၌ ကျင်းပသည်။
အဆိုပါဆွေးနွေးပွဲကို ကျေးလက် လမ်း သုတေသနလုပ်ငန်းများ၊ ကျေးလက်လမ်း သယ်ယူပို့ဆောင် ရေး သုတေသနလုပ်ငန်းများ၊ စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းများနှင့် အသိပညာ ဖြန့်ဝေခြင်းလုပ်ငန်းများ အောင်မြင် စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက် ဖြင့် ကျင်းပခြင်းဖြစ်သည်။
အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီး ဦးဟန်ဇော်က ပြည်တွင်း၊ ပြည်ပ ကျွမ်းကျင်သူများ၊ တိုးတက် ဖွံ့ဖြိုးမှုဆိုင်ရာ လုပ်ဖော်ကိုင်ဖက်များ၊ ပြည်သူ့အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊ ကျေးလက်လမ်း ဖွံ့ဖြိုးခြင်းနှင့် ဆင်းရဲမှုလျှော့ချခြင်း ဆောင်ရွက်မှုတွင် ကြိုးပမ်းအားထုတ် မှုများ တစ်ဟုန်ထိုးတိုးမြှင့်ရန် ဝန်ကြီး ဌာနအနေဖြင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးအတွက် အဓိကနေရာမှ ဆောင်ရွက်လျက်ရှိကြောင်း။
ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီး ဌာနသည် ကျေးလက်ဧရိယာများ ဖွံ့ဖြိုးတိုးတက်ရန် ကျေးလက်လမ်း များနှင့် တံတားများကို ဆောက်လုပ် နေပါကြောင်း၊ ကျေးလက်နေ ပြည်သူ များအတွက် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးလုပ်ငန်းများ ဖြစ်ထွန်းမှု အပါအဝင် နိုင်ငံ့ရည်မှန်းချက်ရရှိရန် ဆောင်ရွက်ခြင်းနှင့် ကျေးလက်လမ်း များအတွက် နိုင်ငံ့အထူးဗျူဟာများကို တိုးတက်အောင် ဆောင်ရွက်နေပါ ကြောင်း၊ ကျေးလက်လမ်းများနှင့် တံတားများအတွက် နည်းပညာ ဆိုင်ရာ သုတေသနလုပ်ငန်းများ ပိုမိုလိုအပ်၍ ထိုသို့ဆောင်ရွက်ခြင်း ဖြင့် ကျေးလက်အခြေခံအဆောက် အဦးများအတွက် ရာသီဥတုဒဏ်ခံ နိုင်ရန် ဆောက်လုပ်မည့် ဒီဇိုင်းများ ရရှိရန် အထောက်အကူပြုမည်ဖြစ်ပါ ကြောင်း။
ကျေးလက်လမ်းများနှင့် တံတား များ ဒီဇိုင်းအခြေခံ သတ်မှတ်စံနှုန်း ပြန်လည်စိစစ်မှုအတွက် ပထမ ငါးနှစ်တာ အစီအစဉ်ကို ပြင်ဆင်ပြီး ဖြစ်ကာ ဆက်လက်၍ "မြန်မာနိုင်ငံ ရှိ ယာဉ်သွားလာမှုနည်းပါးသော ကျေးလက်လမ်းများအတွက် ဒီဇိုင်း လက်စွဲစာအုပ်"ကို ပြင်ဆင်ပြီး ဤ အလုပ်ရုံဆွေးနွေးပွဲ၏ ရလဒ်သည် မကြာခင်၌ စံနှုန်းစံညွှန်းများ ထုတ်လုပ် ရန် အထောက်အပံ့ပြုမည်ဖြစ် ကြောင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး အတွက် ဗဟုသုတနှင့် အတွေ့ အကြုံ များကို ဖလှယ်ပေးရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် Development of a Design Manual for Low Volume Rural Roads in Myanmar မှ Team Leader, Mr. Carl Berentsen က နှုတ်ခွန်း ဆက်စကားပြောကြားပြီး စာတမ်းရှင် များက သက်ဆိုင်ရာခေါင်းစဉ်အလိုက် စာတမ်းများကို ဖတ်ကြားရာ ပညာ ရှင်များ၊ အကြံပေးပုဂ္ဂိုလ်များ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ငန်းရှင် များ၊ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်း တို့မှ တာဝန်ရှိသူများက သိလိုသည် များကို မေးမြန်းအကြံပြုဆွေးနွေး ကြသည်။ သတင်းစဉ်

No comments:

Post a Comment