Thursday, March 7, 2019

အဓိကဂြိုဟ်တုလွှတ်တင်ရေးစခန်းတစ်ခုအား ပြုံယမ်း ပြန်လည်တည်ဆောက်နေဟုဆို
Image may contain: one or more people, people standing and outdoor
ဝါရှင်တန် မတ် ၆
ဗီယက်နမ်နိုင်ငံ မြို့တော်ဟနွိုင်းတွင် ကျင်းပခဲ့သည့် အမေရိကန်နှင့် မြောက်ကိုရီးယားနှစ်နိုင်ငံ ထိပ်သီး အစည်းအဝေး ပြီးဆုံးခဲ့ပြီးနောက် မြောက်ကိုရီးယား နိုင်ငံက ၄င်း၏တာဝေးပစ်ဒုံးကျည်များ လွှတ်တင်သည့် စခန်းတစ်ခုတွင် လှုပ်ရှားလုပ်ဆောင်နေမှုများကို ထောက်လှမ်းတွေ့ရှိရပြီး ၄င်းမှာ အဆိုပါဒုံးကျည်လွှတ် တင်ရေးစခန်းကို အလျင်အမြန် ပြန်လည်တည်ဆောက် ခြင်းဖြစ်ဖွယ်ရှိသည်ဟု မြောက်ကိုရီးယားအရေး ခွဲခြမ်း စိတ်ဖြာလေ့လာသူများက ဂြိုဟ်တုမှ ရိုက်ယူထားသည့် ဓာတ်ပုံများကို ရည်òန်းပြောကြားသည်။
လွန်ခဲ့သည့်ရက်သတ္တပတ်အတွင်းက မြောက် ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့ တွေ့ဆုံဆွေးနွေးမှုသည် မပြေမပြစ်နှင့် အဆုံးသတ်ခဲ့ရသည်။ နှစ်ဖက်သဘောတူညီမှုများ မရရှိခဲ့ သောကြောင့် မြောက်ကိုရီးယားအနေဖြင့် ၄င်းအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများအား အလဲ အလှယ်ပြုလုပ်ရန်အတွက် အဏုမြူလက်နက် အစီအစဉ် များသို့ နောက်ကြောင်းပြန်သွားဖွယ်ရှိသည်။
အမေရိကန်သမ္မတနှင့် မြောက်ကိုရီးယား ခေါင်းဆောင်တို့၏ ထိပ်သီးအစည်းအဝေးအပြီး နှစ်ရက် အကြာတွင် မြောက်ကိုရီးယားနိုင်ငံ၏ တာဝေးပစ် ဒုံးကျည်စခန်း၌ ဖြစ်ပွားသည့် လုပ်ဆောင်မှုများကို မှတ်တမ်းတင်ခဲ့ခြင်းဖြစ်ပြီး ယင်းမှာ အမေရိကန် ပြည်ထောင်စု၏ ပယ်ချမှုများကို ရင်ဆိုင်ဖြေရှင်းရေး အတွက် သက်သေပြချက်ဖြစ်ကြောင်း၊ မြောက်ကိုရီးယား နိုင်ငံက ၄င်းအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများကို ဖြေလျှော့ပေးရန် တောင်းဆိုခဲ့ကြောင်း ဝါရှင်တန် အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေး ဌာန (စီအက်စ်အိုင်အက်စ်) မှ လေ့လာသူများက ပြောကြားသည်။
အေအက်ဖ်ပီ

No comments:

Post a Comment