Thursday, March 28, 2019

ပြည်သှူအတွက် သတင်းအချက်အလက်နှင့် အသိပညာဗဟုသုတ ဝန်ဆောင်မှုပေးလျက်ရှိသော နိုင်ငံပိုင်သတင်းစာ
No photo description available.
နိုင်ငံပိုင်သတင်းစာဟု ဆိုလိုက်သည်နှင့် မြန်မာ့အလင်း၊ ကြေးမုံ၊ The Global
New Light of Myanmar သတင်းစာ တို့ကို ရည်òန်းကြောင်း အများပြည်သူသိရှိ ကြမည်ဟု ထင်ပါသည်။ နိုင်ငံအတွက် ပြည်သူတို့က ရွေးချယ်တင်မြှောက်လိုက် သည့် အစိုးရတစ်ရပ်အနေဖြင့် ပြည်သှူ အကျိုးမျှော်မှန်းပြီး လုပ်ဆောင်လျက်ရှိရာ ထိုသို့ဆောင်ရွက်ချက်များကို ပြည်သူထံ အစီရင်ခံတင်ပြနေသည့် မီဒီယာ ပလက်ဖောင်းဖြစ်ပါသည်။ ထို့ပြင် ပြန်ကြားရေးဝန်ကြီးဌာန၏ မူဝါဒဖြစ်သည့် ပြန်ကြားပေးရန်၊ ပညာပေးရန်နှင့် ဖျော်ဖြေ ပေးရန်ဟူသည့် ရည်ရွယ်ချက်များကို ဦးတည်ကာ ပြည်သူတို့၏ အကျိုးစီးပွားကို ရည်ရွယ်ထုတ်ဝေနေသည့် သတင်းစာများ ပင် ဖြစ်ပါသည်။
ပြည်သူလူထုက တစ်ခဲနက် ရွေးကောက် တင်မြှောက်ထားသည့် အစိုးရ၏ သက်တမ်း သည် တတိယတစ်နှစ်တာ ပြီးမြောက်ချိန်သို့ ရောက်ရှိလာခဲ့ပြီဖြစ်ပါသည်။ ပြည်သှူ အစိုးရ၏ သဘောထားခံယူချက်၊ မူဝါဒ ရေးရာနှင့် ပြည်သှူအတွက် ဆောင်ရွက်ချက် များ၊ ပြည်သူကိုကိုယ်စားပြုသည့် လွှတ်တော် အသီးသီးမှ ဆောင်ရွက်ချက်များ၊ တရားရေး ဆိုင်ရာများအပြင် သတင်းအချက်အလက် နှင့် အသိပညာဗဟုသုတများ၊ ဖျော်ဖြေရေး ဆိုင်ရာများကို အချက်အလက် ပြည့်စုံစွာ၊ အထောက်အထားမှန်ကန်စွာ ဖော်ပြလျက် ရှိသည့် နိုင်ငံပိုင်သတင်းစာများသည် အားမာန်ဝင့်ကာဖြင့် ဆက်လက်ထုတ်ဝေ လျက်ရှိနေပါသည်။
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်ကြီးအဖြစ် ရည်မှန်းကြိုးပမ်းနေ သည့် ဒီမိုကရေစီအသွင်ကူးပြောင်းစ ယခု အချိန်ကာလတွင် နိုင်ငံပိုင်သတင်းစာများ သည် နိုင်ငံအတွက် လိုအပ်ချက်တစ်ခုဖြစ်နေ သကဲ့သို့ ပြည်သူတို့၏ သတင်းအချက်အလက် သိရှိပိုင်ခွင့်အပေါ် တစ်ထောင့်တစ်နေရာမှ အားဖြည့်ပေးသည်ကိုလည်း မြင်တွေ့ရမည် ဖြစ်ပါသည်။
အစဉ်အမြဲကြိုးပမ်း
သတင်းစာဟူသည် ပြည်သူတို့၏ နားနှင့် မျက်စိပင်ဖြစ်သည်။ အများပြည်သူကို ကိုယ်စားပြုသည့် နိုင်ငံပိုင်သတင်းစာများ သည် ပြည်သူတို့ သိလိုသမျှ၊ ကြားလိုသမျှ သတင်းအချက်အလက်များ၊ ပြည်သူတို့ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရ ၏ လှုပ်ရှားမှုခြေလှမ်းများကို ပြည်သူထံ တင်ပြချက်များနှင့်အတူ ပြည်သှူအတွက် သိသင့်သိထိုက်သည့် မှတ်သားဖွယ်ရာ သုတ၊ ရသအဖုံဖုံတို့ကို ပေးအပ်နိုင်ရန် အစဉ်အမြဲ ကြိုးပမ်းလျက်ရှိရာ လှူစွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူ ပြုလျက်ရှိသကဲ့သို့ နိုင်ငံ့အကျိုးအတွက် ထမ်းရွက်နေခြင်းလည်း ဖြစ်ပါသည်။
ပေါင်းကူးတံတားသဖွယ်
သတင်းစာတိုင်းတွင် သတင်းစာတိုက်၏ ကိုယ်ပိုင်ဟန်ကိုယ်စီ ရှိနေကြပါသည်။ နိုင်ငံပိုင် သတင်းစာများသည်လည်း အများပြည်သူ အကျိုးအတွက် ရှေးရှုမျက်နှာမူသည့် ကိုယ်ပိုင် ဟန်ဖြင့်ရပ်တည်နေသည့် မီဒီယာပလက်ဖောင်း များပင်ဖြစ်ပါသည်။ နိုင်ငံပိုင်သတင်းစာများ၏ မူဝါဒသည် နိုင်ငံတော်၏ မူဝါဒ၊ ပြည်သှူ အစိုးရ၏မူဝါဒကို အကောင်အထည်ဖော်နေ ခြင်းပင်ဖြစ်ပါသည်။ ထို့ကြောင့်လည်း ပြန်ကြားရေးဝန်ကြီးဌာနရှိ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းတစ်ခုဖြစ်သော သတင်းနှင့်စာနယ်ဇင်း လုပ်ငန်းသည် နိုင်ငံတော်နှင့် ပြည်သူတို့ အကြား ပေါင်းကူးတံတားသဖွယ် ရပ်တည်ကာ ဝန်ဆောင်မှုပေးနေခြင်းပင် ဖြစ်ပါသည်။
ပြည်သှူအစိုးရ၏ လုပ်ဆောင်ချက်များ အပေါ် ပြည်သူကို အစီရင်ခံတင်ပြသည့်နည်းတူ ပြည်သူများ၏ လိုအပ်ချက်ကိုလည်း နိုင်ငံတော်အစိုးရသိရှိအောင် ဆောင်ရွက်ပေး လျက်ရှိသည်။ စာဖတ်ပရိသတ်များနှင့် ဈေးကွက်၏တောင်းဆို လိုအပ်ချက်အရလည်း သတင်းစာများတွင် အထူးကဏ္ဍများ စဉ်ဆက်မပြတ် ထည့်သွင်းဖော်ပြပေးလျက် ရှိသည်။ ပြည်သှူအစိုးရ တာဝန်ယူချိန်မှစ၍ သတင်းစာ၏ အသွင်အပြင်နှင့် အနှစ်သာရ ကို ပြောင်းလဲဆောင်ရွက်နိုင်ခဲ့ပြီး ဆန်းသစ် တီထွင်မှုများဖြင့်လည်း စဉ်ဆက်မပြတ် ကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိနေပါသည်။
အကျိုးရှိစေမည့် ကဏ္ဍစုံတင်ဆက်
ယခုအခါ အနယ်နယ်အရပ်ရပ်မှ ကျောင်းသားလူငယ်များ လက်ရည်သွေးရာ စာမျက်နှာများဖြစ်သည့် မျိုးဆက်သစ်ရင်ပြင် ကဏ္ဍ၊ ကလေးများ၏ ဥာဏ်ရည်ဥာဏ်သွေးနှင့် ဗဟုသုတများ ပိုမိုတောက်ပလာစေမည့် ကာတွန်းကဏ္ဍ၊ ပြည်သူများ၏ သဘောထား များကို ထုတ်ဖော်ရာ ပြည်သှူသဘောထား စင်မြင့်ကဏ္ဍ၊ ပြည်သူများ လိုအပ်ချက်ကို အပေါ်လွင်ဆုံးဖော်ပြနိုင်သည့် ထင်သာ မြင်သာ ပြုပြင်စရာ၊ နိုင်ငံရေးရာ၊ နိုင်ငံတကာ ရေးရာ၊ ဥပဒေရေးရာနှင့် စီးပွားရေးရာ၊ လူမှု ရေးရာ အထူးဆောင်းပါးများ၊ စိုက်မွေးစီးပွား စာမျက်နှာ၊ အနုပညာမြင်ကွင်းကျယ် စာမျက်နှာနှင့် အားကစားရေးရာအဖြာဖြာတို့ အပြင် အနယ်နယ်အရပ်ရပ်တွင်ရှိသည့် ဒေသခံသတင်းထောက်များမှ ပေးပို့လာသည့် သတင်းများ၊ ဓာတ်ပုံမှတ်တမ်းများ စသည် တို့ကို ဝေဝေဆာဆာဖြင့် နေ့စဉ်ဖော်ပြပေး လျက်ရှိပါသည်။
ထို့ပြင် နိုင်ငံတော်၏ ဥပဒေပြုရေးကဏ္ဍအသီးသီးမှ ရောက်ရှိလာသည့် ဥပဒေများ၊ ဥပဒေကြမ်းများ၊ ထီပေါက်စဉ်များ၊ အလုပ် အကိုင်ခေါ်ယူမှုများ၊ နေ့စဉ်ဈေးကွက် သတင်း များ၊ မိုးလေဝသသတင်းအခြေအနေများနှင့် ပြည်သူများ ရာသီအလိုက် သတိထားရမည့် အချက်အလက်များ၊ ဆင်ခြင်ဖွယ်ရာများ၊ သိမှတ်စရာများကို စဉ်ဆက်မပြတ် ဖော်ပြပေး လျက်ရှိပါသည်။
ဒေသပရိသတ်များ၏ အသံစုံလင်စွာပါဝင်
ထို့ပြင် ဒေသအသီးသီးရှိ စာဖတ်ပရိသတ် များအတွက် အထူးကဏ္ဍများကိုလည်း ထည့်သွင်းဖော်ပြပေးလျက် ရှိပါသည်။ ရန်ကုန်သူ ရန်ကုန်သားများအတွက်ွှသိပေ့ ညေါသည ယနေ့ရန်ကုန် စာမျက်နှာများကို အချပ်ပိုအဖြစ် ထုတ်ဝေပေးနေပြီး လူမှုဘဝ သတင်းများ၊ ဆင်ခြင်ဖွယ်ရာများ၊ သတင်း အချက်အလက်များနှင့် ဖွံ့ဖြိုးတိုးတက်မှုများ အတွက် ဖြည့်ဆည်းပေးလျက်ရှိပါသည်။ ရခိုင်ပြည်နယ်အတွင်းရှိ သွေးချင်းများအတွက် ရခိုင်ရွှေမြေစာမျက်နှာကိုလည်း အပတ်စဉ် အချပ်ပိုအဖြစ် ထုတ်ဝေပေးလျက်ရှိပါသည်။ တိုင်းရင်းသားလူမျိုးများအတွက် မွန်ဘာသာ၊ စကောကရင်ဘာသာ၊ ပိုးကရင်ဘာသာ၊ ပအိုဝ်းဘာသာများဖြင့် သတင်းများကို ရိုက်နှိပ်ဖော်ပြခြင်း၊ တိုင်းရင်းသားလူမျိုးများ ၏ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများ မပျောက်ကွယ်ရေးအတွက် တိုင်းရင်းသား အချပ်ပိုစာမျက်နှာများကိုလည်း ရိုက်နှိပ် ထုတ်ဝေပေးလျက်ရှိပါသည်။ မ္တလေးနှင့် အထက်မြန်မာပြည် အကြောင်းအရာများကို ပိုမိုဝေဆာစွာ ဖတ်ရှုနိုင်ရန်အတွက် ရည်ရွယ် ကာ မ္တလေးစာမျက်နှာကိုလည်း အပတ်စဉ် အချပ်ပိုထည့်သွင်း ဖော်ပြဝန်ဆောင်မှုပေးနေ ပါသည်။
ဒစ်ဂျစ်တယ်သတင်း စာမျက်နှာသစ်ဖွင့်
ထို့ပြင် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း သည် ခြေလှမ်းသစ်အဖြစ် Myanmar
Digital News ဒစ်ဂျစ်တယ်သတင်းစာသစ် ကို ၂၀၁၈ ခုနှစ်တွင် အောင်မြင်စွာထုတ်လွှင့် နိုင်ခဲ့သည်။ အစိုးရ၏ လုပ်ဆောင်ချက်များ၊ အသိပေးလိုသောအချက်များကို အချိန် မဆိုင်း ပြည်သူထံ တင်ပြနိုင်ရန်အပြင် ပြည်သူများအတွက် ဖျော်ဖြေရေးကဏ္ဍ၊ ပညာပေးရေးကဏ္ဍတို့ဖြင့် Myanmar
Digital News ၏ News Portal သည် အသွင်သစ်ဖြင့် မီဒီယာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နေပြီ ဖြစ်ပါသည်။ နောက်ဆုံးရ သတင်းများအပါအဝင် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုဘဝအရေးများနှင့် တိုင်းရင်းသားရေးရာ သတင်းအချက်အလက် များကို Multimedia အဖြစ် ဖော်ပြပေး နိုင်ခဲ့ပြီဖြစ်ပါသည်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ Myanmar Digital
News ၏ Digital Newspaper ESifh
News Portal အား အဆင့်မြှင့်တင်ခြင်းများ ကို ဆောင်ရွက်ခဲ့ပြီး နိုင်ငံတကာအဆင့်မီ ဒစ်ဂျစ်တယ်သတင်းစာအဖြစ် အရည်အသွေး များ ပြောင်းလဲတင်ဆက်နိုင်ရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။
ဝင်ငွေခွန်နှင့် နိုင်ငံတော်ထည့်ဝင်ငွေများ ပေးသွင်း
သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းသည် နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများတွင် ပါဝင်ပြီး အမြတ်အစွန်းကို ရှေးရှုဆောင်ရွက် ခြင်းမရှိသော်လည်း သင့်တင့်သောဝင်ငွေ ဖြင့် လုပ်ငန်းသုံးရင်းနှီးငွေဖြစ်သည့် Other
Account(OA)တွင် စုဆောင်းထားနိုင် ခြင်းကြောင့် လုပ်ငန်းသုံးရင်းနှီးငွေများမှ တစ်ဆင့် ဝန်ထမ်းများ၏ လစာငွေ၊ အငြိမ်းစားဝန်ထမ်း ၉၀ဝ နီးပါး၏ ပင်စင် လစာ၊ သတင်းစာထုတ်လုပ်မှုစရိတ်များနှင့် သာမန်အသုံးစရိတ်များ၊ ငွေလုံးငွေရင်း အသုံးစရိတ်များ အားလုံးကို ယင်းစုဆောင်း ငွေများထဲမှပင် သုံးစွဲနိုင်သည့် လုပ်ငန်းကြီး တစ်ခုလည်း ဖြစ်နေပါသည်။
သတင်းစာထုတ်လုပ်ရာတွင် အသုံးပြု ရသည့် ကုန်ကြမ်းများဝယ်ယူခြင်းမှသည် ပြည်သှူလက်ဝယ် သတင်းစာရောက်ရှိသည် အထိ အဆင့်ဆင့်တွင် ပေးဆောင်ရသည့် အခွန်အခများကိုလည်း အခွင့်ထူးခံခြင်း မရှိဘဲ တာဝန်ကျေပွန်စွာ ပေးဆောင်လျက် ရှိပါသည်။ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း သည် ဘဏ္ဍာနှစ်အလိုက် အမြတ်ငွေ၏ ၂၅ ရာခိုင်နှုန်းကို ဝင်ငွေခွန်အဖြစ်လည်းကောင်း၊ ၂၀ ရာခိုင်နှုန်းကို နိုင်ငံတော်ထည့်ဝင်ငွေ အဖြစ်လည်းကောင်း နိုင်ငံတော်သို့ နှစ်စဉ် မပျက်မကွက် ပေးဆောင်လျက်ရှိနေပါသည်။
မလွှဲမရှောင်သာ
နိုင်ငံပိုင်သတင်းစာများသည် နိုင်ငံတော် ဘဏ္ဍာငွေဖြင့် ထုတ်ဝေဖြန့်ချိလျက်ရှိရာ တစ်ကြိမ်တစ်ခါမှ အရှုံးမရှိခဲ့ဘဲ သင့်တင့် မျှတသော အမြတ်ငွေကိုပင် နိုင်ငံတော် အတွက် ရှာဖွေပေးသွင်းနိုင်ခြင်း ဖြစ်ပါသည်။ အများပြည်သူ အကျိုးစီးပွားအတွက် ကြော်ငြာလုပ်ငန်းဖြင့်လည်း ဝန်ဆောင်မှု ပေးလျက်ရှိရာ ၄င်းကြော်ငြာဝင်ငွေများ ကြောင့်လည်း သတင်းစာဈေးနှုန်းကို မူလ ကျသင့်ငွေထက် သိသိသာသာ လျော့နည်း ကာ ခုနှိမ်ရောင်းချပေးနိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် ပြည်သူများ ဈေးနှုန်းချိုသာစွာ ဖြင့် သတင်းစာများ ဝယ်ယူဖတ်ရှုနိုင်ခြင်း လည်း ဖြစ်ပါသည်။
သတင်းစာလုပ်ငန်းကို သတင်းစာ ရောင်းချရငွေနှင့် ကြော်ငြာဝင်ငွေတို့အပြင် စက္ကူလုံးကျန်၊
လိပ်ခွာရောင်းရငွေ၊ မင်ပုံးခွံ ရောင်းချရငွေ၊ ရိုက်ပျက်စက္ကူရောင်းချရငွေ စသည့် စွန့်ပစ် ပစ္စည်းများ ရောင်းရငွေအပါအဝင် အထွေထွေ အရပ်ရပ်ဝင်ငွေများဖြင့် နိုင်ငံ့ဘဏ္ဍာ အရှုံး မဖြစ်ပေါ်စေရန်နှင့် သင့်တင့်မျှတသော အမြတ်ငွေရရှိနိုင်ရန် ချင့်ချိန်ဂရုပြု ဆောင်ရွက်လျက်ရှိသော်လည်း ယခုအခါ သတင်းစာထုတ်လုပ်မှု၏ အဓိကကုန်ကြမ်း ဖြစ်သော သတင်းစာစက္ကူဈေးနှုန်း ကမ္ဘာ တစ်ဝန်းတွင် မြင့်တက်လာမှု၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း တိုးမြင့်လာမှုတို့ကြောင့် သတင်းစာထုတ်လုပ်မှုစရိတ် မြင့်တက်လာ သဖြင့် နိုင်ငံတော်ဘဏ္ဍာငွေ ဆုံးရှုံးမှုမဖြစ်ပေါ် စေရန် မလွှဲမရှောင်သာဘဲ ၂၀၁၉ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစတင်ပြီး ဈေးနှုန်းတိုးမြှင့် ရောင်းချမှုကို ပြုလုပ်ရခြင်းဖြစ်ပါသည်။
စနစ်တကျ စာရင်းစစ်ဆေးခံယူ
သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းသည် နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းတစ်ခု ဖြစ်သည်နှင့်အညီ ငွေကြေးဆိုင်ရာများကို မူဘောင်အတွင်းမှ စနစ်တကျ အသုံးပြုရပြီး အလေအလွင့်မရှိအောင် တာဝန်ရှိသူ အဆင့်ဆင့်မှလည်း စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် ဌာန၏ ရငွေ၊ သုံးငွေ ဘဏ္ဍာရေးဆိုင်ရာ အချက် အလက်များကို ဝန်ကြီးရုံး၏ ဌာနတွင်း စာရင်းစစ်အဖွဲ့မှ လစဉ်စစ်ဆေးခြင်း၊ နှစ်ချုပ် စာရင်းများ ရေးဆွဲပြီးပါက ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးနှင့် သတင်းစာတိုက်များ အလိုက်တည်ရှိသော တိုင်းဒေသကြီး/ ပြည်နယ် စာရင်းစစ်အဖွဲ့များက စာရင်း စစ်ဆေးမှုစံနှုန်းနှင့်အညီ စနစ်တကျ စာရင်း စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိနေပါ သည်။
နိုင်ငံပိုင်သတင်းစာများ၏ အလုပ်ရှင် သည် နိုင်ငံတော်၊ အစိုးရနှင့် ပြည်သူများဟု ခံယူဆောင်ရွက်လျက်ရှိနေပါသည်။ မြန်မာ့ အလင်း၊ ကြေးမုံနှင့်ွူGlobal Direct Link ကုမ္ပဏီနှင့် အကျိုးတူ(Joint Venture)အဖြစ် ပူးပေါင်းဆောင်ရွက်နေသော The
Global New Light of Myanmar သတင်းစာ၊ အွန်လိုင်းမီဒီယာဖြစ်သည့် Myanmar Digital News တို့တွင် တာဝန်ထမ်းဆောင်နေကြသူများသည် သတင်းစာကျင့်ဝတ်များအပြင် နိုင်ငံပိုင် မီဒီယာများအတွက် သီးခြားထုတ်ပြန်ထား သည့် ကျင့်ဝတ်များ၊ လူမှုတာဝန်သိသော မီဒီယာဆိုင်ရာ ကြော်ငြာမူဝါဒများကို လိုက်နာလုပ်ဆောင်ကြရပြီး နိုင်ငံ့ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများအတွင်းမှ ပြည်သူနှင့် နိုင်ငံတော်အကျိုးအတွက် ရည်ရွယ်၍ သတင်းမှန်ထုတ်ပြန်ခြင်းကို ဆောင်ရွက် ပေးနေခြင်းလည်းဖြစ်ပါသည်။
ထို့ပြင် ပြည်သူများ သိရှိလိုသည့် ဖြစ်စဉ် ဖြစ်ရပ်များကိုလည်း ရိုးရှင်းသည့် သတင်း ချဉ်းကပ်ပုံဖြင့် သတင်းရယူပြီး တိကျသည့် သတင်းအချက်အလက်များ ဖော်ပြမှုဖြင့် ပိုမိုကောင်းမွန်သည့် ပြည်သှူအကျိုးပြု သတင်းစာများဖြစ်လာစေရန် ကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိနေပါသည်။
ခေတ်မီစက်ကို ပြောင်းလဲအသုံးပြု
၂၀ဝ၆ ခုနှစ်က တပ်ဆင်ဝယ်ယူထားခဲ့ သည့် ရောင်စုံ ၁၆ မျက်နှာပုံနှိပ်နိုင်သော စက်နေရာ၌ ၂၀၁၈ ခုနှစ် မေလ ၈ ရက်တွင် ၃၂ မျက်နှာ တစ်ပြိုင်တည်း ရိုက်နှိပ်နိုင်သည့် အလိုအလျောက် စက္ကူလုံးလဲလှယ်စနစ်ပါရှိ သော Goss Community 4 Hi Tower
4 Unit Web offset (with splicer) ပုံနှိပ်စက်အား ပြောင်းလဲအသုံးပြုနိုင်ခဲ့သည့် အတွက် အရည်အသွေးကောင်းမွန်သော သတင်းစာများကို စာဖတ်ပရိသတ်လက်ဝယ် သို့ စောစီးစွာဖြန့်ချိပေးနိုင်ပြီဖြစ်ပါသည်။
ပစ္စည်းများဝယ်ယူမှုနှင့် ပတ်သက်ပြီး သတင်းစာရိုက်နှိပ်သည့် ပုံနှိပ်စက်မှစ၍ ကုန်ကြမ်းပစ္စည်းများ၊ ရုံးလုပ်ငန်းသုံးပစ္စည်း များကို ဝယ်ယူရာတွင် နိုင်ငံတော်သမ္မတရုံး၏ òန်ကြားချက်အမှတ် ၁/၂၀၁၇ နှင့်အညီ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အတွက် ဝန်ကြီးဌာနက ဖွဲ့စည်းထားသည့် ပြည်တွင်း ပြည်ပ ပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီဖြင့် ဝယ်ယူခြင်းဆောင်ရွက်လျက်ရှိပါသည်။ ပစ္စည်းဝယ်ယူရေး အစည်းအဝေးမှတ်တမ်းကို ဗီဒီယိုမှတ်တမ်း များ၊ CCTV မှတ်တမ်းများထားရှိပြီး ပွင့်လင်း မြင်သာစွာဖြင့် ဆောင်ရွက်လျက်ရှိပါသည်။
သိပိုင်ခွင့်အတွက် အခမဲ့ဖြန့်ဝေ
သတင်းစာဖြန့်ချိမှုစနစ်များကို လက်ရှိ အခြေအနေနှင့်အညီ နိုင်ငံတစ်ဝန်း ပျံ့နှံ့ ရောက်ရှိနိုင်ရေးအတွက် ကိုယ်ပွားသတင်းစာ တိုက်များ ထားရှိဆောင်ရွက်ခြင်း၊ သတင်းစာ ကိုယ်စားလှယ်များကို စိစစ်ခန့်အပ်ခြင်းတို့ဖြင့် မြန်ဆန်ချောမွေ့သည့် သတင်းစာ ဖြန့်ချိမှုစနစ် ဖြစ်ပေါ်လာရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။
ရခိုင်ပြည်နယ်ရှိ ပြည်သူများ သတင်း အချက်အလက်နှင့် အသိပညာဗဟုသုတ တိုးပွားနိုင်စေရန်အတွက် သတင်းစာများ ဖတ်ရှုနိုင်ရန် မြန်မာ့အလင်း သတင်းစာ စောင်ရေ ၂၀ဝ၀ နှင့်The Global hf New
Light of Myanmar သတင်းစာစောင်ရေ ၂၅၀ ပြည်သှူလက်ဝယ်အရောက် အခမဲ့ ဖြန့်ချိပေးလျက်ရှိပါသည်။
စာဖတ်ပရိသတ်၏ ရွေးချယ်ပိုင်ခွင့်
မီဒီယာလုပ်ငန်းတစ်ခု အောင်မြင်ခြင်း၊ ကျရှုံးခြင်းတို့သည် ပြည်သူလူထု လက်ခံ အားပေးမှုနှင့် တိုက်ရိုက်အချိုးကျလျက်ရှိသည် ဟု မြင်ပါသည်။ အများပြည်သူအနေဖြင့် မိမိတို့ ယုံကြည်အားကိုးသည့် သတင်းဌာနကို ရွေးချယ်မည်သာဖြစ်သကဲ့သို့ ပြည်သူတို့ ယုံကြည်အားထားရသည့် မီဒီယာသည်လည်း ဆက်လက်ရှင်သန်ခွင့်ရလိမ့်မည်ဟု ထင်ပါ သည်။ မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာ နှစ်စောင်ကိုကြည့်လျှင် စာဖတ်ပရိသတ်မှာ သှူအကြိုက်နှင့်သူ သီးခြားစီရှိနေကြသည့် အားလျော်စွာ စာဖတ်ပရိသတ်များ ကိုယ်စီ လက်ခံနေသမျှ မြန်မာ့အလင်းနှင့် ကြေးမုံဟူ၍ သီးခြားစီရပ်တည်နေကြမည်သာ ဖြစ်ပါသည်။ အကယ်၍ စာဖတ်ပရိသတ်၏ ယုံကြည် အားပေးမှု လျော့နည်းမှုကြောင့် ဝင်ငွေ လျော့ကျပြီး နိုင်ငံတော်ဘဏ္ဍာငွေ အရှုံး ဖြစ်ပေါ်လာပါက တာဝန်ရှိအဖွဲ့အစည်းများ အနေဖြင့်လည်း ထောက်òန်မှုများ အသီးသီးရှိလာကြမည်ဖြစ်ရာ ၄င်းသတင်းစာ များ၏ ရှင်သန်ရပ်တည်နိုင်မှုမှာလည်း အခက်အခဲများရှိလာမည်သာ ဖြစ်ပါသည်။ ထိုအချိန်မျိုးတွင် နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများအနေဖြင့် ၄င်းတို့ ရှင်သန် ရပ်တည်ရေးအတွက် လျှောက်လှမ်းရမည့် လမ်းကြောင်းများကို ရွေးချယ်ချီတက် ကြရမည်သာ ဖြစ်ပါသည်။
တစ်ထောင့်တစ်နေရာမှ
နိုင်ငံပိုင် သတင်းစာလုပ်ငန်းသည် အမြတ်အစွန်းကို အဓိကထား ဦးတည် ဆောင်ရွက်ခြင်း မရှိသော၊ စီးပွားရေး ဆန်ဆန် လုပ်ဆောင်နေခြင်းမဟုတ်သော နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းအဖြစ် ရပ်တည်နေသည့်အပြင် ပြည်သူနှင့် အစိုးရ အကြား ပေါင်းကူးပေးနေသည့် ပြည်သှူ အကျိုးပြု သတင်းစာများသာ ဖြစ်ပါသည်။ ပြည်သှူအပေါ် ဆန့်ကျင်ခြင်း၊ ပြည်သူ အတွက် နစ်နာအောင်ပြုလုပ်ခြင်းနှင့် ပြည်သူ၏ ကိုယ်စိတ်နှလုံးကို ညစ်ညူး အောင် ပြုလုပ်ခြင်းများကို ရှောင်ရှားပြီး အများပြည်သူ ဝန်ဆောင်မှုမီဒီယာ၏ လုပ်နည်းလုပ်ဟန်များနှင့်အညီ သတင်းစာ ကျင့်ဝတ်နှင့် တာဝန်ကို ပြဋ္ဌာန်းလိုက်နာ ဆောင်ရွက်လျက်ရှိနေပါသည်။ ထို့ပြင် ပြည်သူတို့၏ သတင်းသိရှိပိုင်ခွင့်အပေါ် တစ်ထောင့်တစ်နေရာမှ တတ်စွမ်းသမျှ ကြိုးပမ်းဖြည့်ဆည်းဆောင်ရွက်ပေးမှုဖြင့် အများပြည်သူအတွက် ဝန်ဆောင်မှု ပေးလျက်ရှိနေမည်သာဖြစ်ပါကြောင်း။ ။

No comments:

Post a Comment