Thursday, March 28, 2019

(၇၄)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့အခမ်းအနား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟိုဌာနချုပ်)၌ ကျင်းပ
Image may contain: 1 person, sitting and indoor
ရန်ကုန် မတ် ၂၇
(၇၄)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟိုဌာန ချုပ်)တွင် ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အား အလေးပြု ပြီး ကျဆုံးလေပြီးသော လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်းနှင့် ဒီမိုကရေစီအရေး တော်ပုံတွင် ကျဆုံးခဲ့ကြသော ရဟန်းရှင်လူ ကျောင်းသားပြည်သူအပေါင်း အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ရှစ်စက္ကန့် ငြိမ်သက်ကြသည်။
ယင်းနောက် သဘာပတိဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးÓဏ်ဝင်းက အမှာစကားပြောကြားရာတွင် ]]ဒီနေ့ကျင်းပတဲ့ အခမ်းအနားဟာ လွတ်လပ်ရေးဗိသုကာ၊ အမျိုးသားခေါင်းဆောင်ကြီး၊ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားမျိုးနွယ်စုများ၊ တပ်မတော်သားများ သွေးစည်းညီညွတ်စွာနဲ့ ဖက်ဆစ်ဝါဒီများကို အောင်မြင်စွာ ဆန့်ကျင်အောင်ပွဲဆင်ခဲ့တဲ့ (၇၄) နှစ် မြောက် သမိုင်းဝင်ဖက်ဆစ်တော်လှန်ရေးနေ့ ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ ဒီဖက်ဆစ်တော်လှန်ရေးကြီးကို ပြည်သူလူထုအားလုံး ဇွဲနပဲရှိရှိ၊ သတ္တိရှိရှိ နဲ့ အချိန်ကာလတိုအတွင်း အောင်မြင်စွာ ဆင်နွှဲနိုင်ခဲ့ခြင်းကြောင့်လည်း တစ်မျိုးသားလုံး မွတ်သိပ်တောင့်တနေခဲ့ကြတဲ့ အမျိုးသားလွတ်လပ်ရေးကြီးကို ဂုဏ်ယူဝင့်ြွကားစွာ အရယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်"ဟု ပြောကြားသည်။
ဆက်လက်၍ ၄င်းက "ဒီနေ့မှာ တော်လှန်ရေးနေ့(၇၄) နှစ်တာကာလကို ရောက်လာခဲ့ပါပြီ။ တော်လှန်ရေးနေ့ကပေးလိုက်တဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးစိတ်ဓာတ်တွေ ဆက်လက်ရှင်သန်အောင် ကျွန်တော်တို့ ကြိုးစား ကြရပါမယ်။ တိုင်းရင်းသားအချင်းချင်း ဥမကွဲသိုက်မပျက်၊ အေးအတူ ပူအမျှ ရုန်းကန်ခဲ့ကြတဲ့ ဖြစ်စဉ်ကောင်းများ (သို့မဟုတ်) ပင်လုံစိတ်ဓာတ်ကို ဆက်လက်အဓွန့်ရှည်အောင် ကြိုးပမ်းကြရပါလိမ့်မယ်။
"ဒါကြောင့် ကျွန်တော်တို့ဟာ နယ်ချဲ့ဆန့်ကျင်ရေး ဖက်ဆစ်တော်လှန်ရေး နဲ့အတူ အစဉ်အလာကြီးမားလာခဲ့တဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍကို ဂုဏ်ယူကြ သလို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အမှူးပြုတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံကို လည်းကောင်း၊ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လှုပ်ရှားမှုကိုလည်းကောင်း၊ တပ်မတော် ဟာ ပြည်သူနဲ့အတူ၊ တိုင်းရင်းသားများနဲ့အတူ တစ်စိတ်တည်း တစ်ဝမ်းတည်း စုပေါင်းအင်အားအဖြစ် လက်တွဲပါဝင်အောင်ပွဲဆင်နိုင်ပါစေကြောင်း ဆုတောင်း နှိုးဆော်လိုက်ရပါတယ်"ဟု ပြောကြားသည်။
ထို့နောက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က အချက် ငါးချက်ပါရှိသည့် (၇၄)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ ကြေညာချက် ကိုဖတ်ကြားပြီး နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ၊ အဖွဲ့အစည်းများမှ ပေးပို့လာ သော သဝဏ်လွှာများကို မှတ်တမ်းတင်သည်။
ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ]]ဒီနေ့ဟာ ကျွန်တော်တို့နိုင်ငံအတွက် ဖိနှိပ်ချုပ်ချယ်တဲ့စနစ်တစ်ခုကို ပြည်သူတွေ၊ တိုင်းရင်းသားတွေ၊ လူတန်းစားပေါင်းစုံ စုပေါင်းပြီးတော့ တွန်းလှန်ဖို့ စတင်ခဲ့တဲ့ နေ့ဖြစ်တဲ့အတွက် အဲဒီသရုပ်အဓိပ္ပာယ်ကို ပေါ်လွင်ဖို့အတွက် ဖက်ဆစ် တော်လှန်ရေးနေ့လို့ သတ်မှတ်ခြင်းဖြစ်ပါတယ်။ ဒီနေ့မှာလည်း ကျွန်တော်တို့ နိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲမှာဖြစ်နေတဲ့ အခက်အခဲတွေကို ပြည်သူ၊ တိုင်းရင်းသားပေါင်းစုံ၊ အလွှာပေါင်းစုံ ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်ဆိုတာ ကို ထပ်မံပြီး သတိပေးနှိုးဆော်ချင်တဲ့အတွက် တစ်မျိုးတစ်ဖုံတော့ အဓိပ္ပာယ် ထူးခြားပါတယ်}}ဟု မီဒီယာများကို ပြောကြားသည်။
အဆိုပါအခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကျင်းပခြင်း ဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သံတမန်များ၊ အဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
သတင်းနှင့် ဓာတ်ပုံ-ဇော်ကြီး

No comments:

Post a Comment