Thursday, March 28, 2019

(၇၄)နှစ်မြောက် တပ်မတော်နေ့ဂုဏ်ပြုဇာတ်လမ်းတွင် ပါဝင်ခဲ့သည့် သရုပ်ဆောင်များနှင့် စစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့် ဝတ္ထုစာမူဆုရရှိသူများအား ဂုဏ်ပြုဆုများပေးအပ်
Image may contain: 6 people, people standing, wedding, basketball court and indoor
နေပြည်တော် မတ် ၂၇
(၇၄)နှစ်မြောက် တပ်မတော်နေ့ ဂုဏ်ပြုဇာတ်လမ်းဖြစ် သည့် "နာရီ တစ်ရာ့တစ်ဆယ်" ဇာတ်လမ်းတွင် ပါဝင် သရုပ်ဆောင်ခဲ့ကြသည့် အနုပညာရှင်များနှင့် စစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့် ဝတ္ထုစာမူဆုရရှိသူ စာပေ ပညာရှင်များအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်း လွှာများ ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ ကျင်းပသည်။
ရှေးဦးစွာ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးက ဂုဏ်ပြုအမှာစကား ပြောကြား သည်။
ထို့နောက် စိတ်ဓာတ်ရေးရာနှင့်လူထုဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး က နာရီ တစ်ရာ့တစ်ဆယ် ဇာတ်လမ်းတွင် ပါဝင်ခဲ့သည့် ဒါရိုက်တာ၊ တွဲဖက်ဒါရိုက်တာနှင့် ရုပ်ရှင်သရုပ်ဆောင်များ၊ တပ်မတော်နေ့ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ရုပ်ရှင်သရုပ်ဆောင်များ ကို ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
ဆက်လက်၍ တပ်မတော်နေ့ ကျင်းပရေးစီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ် မြင့်မော်က (၇၄)နှစ်မြောက် တပ်မတော်နေ့စစ်ချီသီချင်းပြိုင်ပွဲ၊ စစ်သည်တေးသီချင်း ပြိုင်ပွဲ၊ ကဗျာတို (ဝါသနာရှင်)ပြိုင်ပွဲ၊ ကဗျာတို(အလွတ် တန်း) ပြိုင်ပွဲတွင် ဆုရရှိကြသူများကို ဂုဏ်ပြုမှတ်တမ်း လွှာနှင့် ဂုဏ်ပြုဆုများ အသီးသီးပေးအပ်သည်။
ယင်းနောက် စာမူပြိုင်ပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီက ကဗျာရှည် (ဝါသနာရှင်)ပြိုင်ပွဲ၊ ကဗျာရှည်(အလွတ်တန်း)ပြိုင်ပွဲ၊ ဝတ္ထုတိုပြိုင်ပွဲ၊ ဝတ္ထု ရှည်ပြိုင်ပွဲတွင် ဆုရရှိကြသူတို့ကို ဂုဏ်ပြုဆုနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများပေးအပ်ကြသည်။
အခမ်းအနားအပြီးတွင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီး မြထွန်းဦးက တက်ရောက် လာကြသူများအား လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံ ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ သတင်းစဉ်

No comments:

Post a Comment