Thursday, March 7, 2019

မနီလာလေဆိပ်၌ ခရီးဆောင်အိတ်များအတွင်း ပင်လယ်လိပ် ၁၅၀ဝ ကျော် တွေ့ရှိ
No photo description available.
မနီလာ မတ် ၆
ဖိလစ်ပိုင်အကောက်ခွန်အရာရှိ များက ဟောင်ကောင်မှ မနီလာသို့ လေကြောင်းခရီးဖြင့် လိုက်ပါလာ သည့် ခရီးသည်တစ်ဦး၏ ဝန်စည် စလွယ်အိတ်များအတွင်း ပင်လယ် လိပ်အရှင် ၁၅၀ဝ ကျော် တွေ့ရှိခဲ့ သည်ဟု ဆိုသည်။
နင်နွိုင်းအက္ခီနို အပြည်ပြည် ဆိုင်ရာလေဆိပ် ဆိုက်ရောက်ဧရိယာ အတွင်း မတ် ၃ ရက်က ပင်လယ် လိပ်များ ရှာဖွေတွေ့ရှိခဲ့သည်ဟု အကောက်ခွန်ဌာနက ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ပင်လယ်လိပ်များတွင် မျိုးသုဉ်းမည့် အ္တရာယ်ရှိနေသည့် မျိုးစိတ်များ ဖြစ်သည့် အိန္ဒိယကြယ်လိပ် ကဲ့သို့သော လိပ်များပါဝင်သည်။ အများစုမှာ လိပ်သားပေါက်များ ဖြစ်ပြီး ရေစိုခံတိပ်များဖြင့် ထုပ်ပိုး၍ ဖိနပ်များအတွင်းနှင့် အဝတ်အစား များ၏အောက်တွင် သိမ်းဆည်း ထားသည်။
အိန္ဒိယကြယ်လိပ်များကို တောင် အာရှတွင် အဓိကတွေ့ရှိရသည်။ ၄င်းတို့အား ရောင်းဝယ်ဖောက်ကား ခြင်းကို နိုင်ငံတကာကုန်သွယ်ရေး ညီလာခံက တားမြစ်ထားသည်။ အိန္ဒိယကြယ်လိပ်များသည် အရှေ့ တောင်အာရှတွင် လူသိများသော အိမ်မွေးတိရ္ဆာန်များဖြစ်သည်။ ၄င်းတို့ကို တိုင်းရင်းဆေးဖော်စပ်ရာ တွင်လည်း အသုံးပြုသည်။
ခရီးဆောင်အိတ်ပိုင်ရှင် ခရီး သည်မှာ ဖိလစ်ပိုင်လူမျိုးတစ်ဦး ဖြစ်ပြီး အိတ်ကို လာရောက် ယူဆောင်သည်ကို မတွေ့ရပေ။
တရားမဝင် သယ်ဆောင်လာ သည့် ပင်လယ်လိပ်များ၏ စုစုပေါင်းတန်ဖိုးမှာ ဖိလစ်ပိုင်ပီဆို ၄ ဒသမ ၅ သန်း (အမေရိကန် ဒေါ်လာ ၈၆၀ဝ၀)ခန့် ရှိသည်ဟု ကြေညာချက်တွင် ဖော်ပြထား သည်။
အင်န်အိတ်ခ်ျကေ

No comments:

Post a Comment