Thursday, March 7, 2019

ကက်ရှ်မီးယားဒေသထိန်းချုပ်ရေးမျဉ်းတစ်လျှောက်၌ အိန္ဒိယနှင့် ပါကစ္စတန်တပ်ဖွဲ့များ အပြန်အလှန်ပစ်ခတ်
Image may contain: one or more people, tree, plant, motorcycle, outdoor and nature
ဆရီနာဂါ မတ် ၆
အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့က ခွဲခြားထိန်းချုပ်ထားသည့် ကက်ရှ်မီးယားဒေသရှိ ထိန်းချုပ်ရေး မျဉ်း(အယ်လ်အိုစီ)အား ဖြတ်ကျော်၍ နှစ်နိုင်ငံတပ်ဖွဲ့စခန်းများအား ပစ်မှတ်ထားကာ အိန္ဒိယ နှင့် ပါကစ္စတန်တပ်ဖွဲ့များက ပြင်းထန်သည့်အပြန်အလှန်ပစ်ခတ်မှုများ မတ် ၅ ရက်တွင် ဖြစ်ပွားခဲ့ကြောင်း အိန္ဒိယတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အိန္ဒိယက ထိန်းချုပ်သည့် ကက်ရှ်မီးယားဒေသမြို့တော် ဆရီနာဂါ၏ အရှေ့တောင်ဘက် ကီလိုမီတာ ၁၈၀ အကွာရှိ ပွန့်ခ်ျဒေသတွင် အိန္ဒိယနှင့် ပါကစ္စတန်တပ်ဖွဲ့များအကြား အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။
ယင်းပစ်ခတ်မှုများကြောင့် အိန္ဒိယနှင့် ပါကစ္စတန်ဘက်ခြမ်းတို့တွင် သေဆုံးမှုများဖြစ်ပေါ် သည့်သတင်းများ ထွက်ပေါ်ခြင်းမရှိကြောင်း အိန္ဒိယတာဝန်ရှိသူက ပြောကြားသည်။
မတ် ၅ ရက် အစောပိုင်းတွင်လည်း ရာ့ခ်ျအိုယူရီဒေသနှင့် ဘေးချင်းကပ်လျက်တည်ရှိနေ သည့် နောင်ရှီရာဒေသ၌ အလားတူ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။
လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်းက ကက်ရှ်မီးယားဒေသအား ခွဲခြားထားသည့် ထိန်းချုပ်ရေးမျဉ်း(အယ်လ်အိုစီ)တစ်လျှောက်တွင် အိန္ဒိယနှင့် ပါကစ္စတန် နှစ်ဖက်တပ်ဖွဲ့ဝင်များ ၏ အပြန်အလှန်ပစ်ခတ်မှုများကြောင့် ထိခိုက်သေကျေမှုများ နှစ်ဖက်စလုံးတွင် ဖြစ်ပေါ်ခဲ့ သည်။
အိန္ဒိယနိုင်ငံက ပါကစ္စတန်နိုင်ငံအတွင်းရှိ အကြမ်းဖက်အဖွဲ့၏ စခန်းတစ်ခုအား လေကြောင်း မှ စီးနင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက်တွင် ယင်းနှစ်နိုင်ငံအကြား နောက်ဆုံးအကြိမ် တင်းမာမှု များဖြစ်ပေါ်ခဲ့သည်။ ယင်းနှစ်နိုင်ငံအကြား ဖြစ်ပေါ်သည့်တင်းမာမှုများကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန် နိုင်ငံတကာအသိုင်းအဝိုင်းက တောင်းဆိုခဲ့ကြသည်။
ဆင်ဟွာ

No comments:

Post a Comment