Wednesday, March 6, 2019

မကြာခဏ မီးလောင်နေသော နွားထိုးကြီးမြို့ရှိ စည်ပင်အမှိုက်ပုံကြောင့် မြို့လူထု ကျန်းမာရေးထိခိုက်



ထင်သာမြင်သာ ပြုပြင်စရာ


မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့၌ မတ် ၃ ရက် ညဦးပိုင်းက စည်ပင် အမှိုက်ပုံကြီး မီးလောင်နေမှုကြောင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ဇင် လင်းနှင့် သန္ဓေမီးသတ်တပ်ဖွဲ့က မီးသတ်ယာဉ် နှစ်စီးဖြင့် အမှတ် ၄ ရပ်ကွက်ရှိ စည်ပင်အမှိုက်ပုံကြီးကို ငြှိမ်းသတ်ကြသည်။
အမှိုက်ပုံမှာ နှစ်ဧကခန့် ကျယ်ဝန်းပြီး ၂၀၁၉ ခုနှစ်အတွင်း လေးကြိမ်မြောက် ငြှိမ်းသတ်ရခြင်း ဖြစ်ကာ မီးလောင်သည့် အကြောင်း အရင်း မသိရကြောင်း မြို့နယ်မီးသတ် ဦးစီးဌာနမှ သိရသည်။ အမှတ် ၄ ရပ်ကွက်နေ ပြည်သူများသည် မကြာခဏ ဖြစ်ပေါ်နေသည့် အမှိုက်ပုံ ညှော်နံ့ကြောင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများ ခံစားကြရသဖြင့် စည်ပင် အမှိုက်ပုံကြီးကို အမှတ် ၄ ရပ်ကွက် အတွင်းမှ ရွှေ့ပြောင်းပေးရန် လိုလား လျက်ကြောင်း သိရသည်။ ဌေးမြင့်မောင်

No comments:

Post a Comment