Saturday, March 23, 2019

နိုင်ငံတကာ၏ ရင်းနှီးမြှုပ်နှံမှုများနှင့် လက်တွဲပူးပေါင်းနိုင်ရေး ဖိတ်ခေါ်ဆောင်ရွက်သွားနိုင်မည်ဖြစ်၍
MSMEs လုပ်ငန်းများအတွက် အလွန်အကျိုးရှိ
Image may contain: one or more people
နပြည်တော် မတ် ၂၂
နိုင်ငံတော်အဆင့်MSMEs ထုတ်ကုန်ပြပွဲ နှင့် ပြိုင်ပွဲ(နေပြည်တော်)ဖွင့်ပွဲအခမ်းအနား ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို ဌာန-၂ ၌ ကျင်းပရာ အသေးစား၊ အငယ်စား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယ သမ္မတဦးမြင့်ဆွေ တက်ရောက်၍ ဖွင့်လှစ်ပေး သည်။
အခမ်းအနားသို့ အသေးစား၊ အငယ်စား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ ပြည်ထောင်စုဝန်ကြီးများဖြစ် ကြသည့် ဒေါက်တာဖေမြင့်၊ ဦးသိန်းဆွေနှင့် ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးသာဦး၊ ဦးအောင်ထူးနှင့်
ဦးမောင်မောင်ဝင်း၊ နေပြည်တော် ကောင်စီဝင် ဦးအောင်မြင်ထွန်း၊
တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှ ဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌဦးစိုးသိန်း၊ ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင်များ၊ ပြည်တွင်း ပြည်ပအဖွဲ့ အစည်းများနှင့် အသင်းအဖွဲ့များ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ အလှူရှင်များ၊ လုပ်ငန်း ရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
ဖွင့်လှစ်
ရှေးဦးစွာ နိုင်ငံတော်အဆင့် MSMEs ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ(နေပြည်တော်) ဖွင့်ပွဲ အခမ်းအနားကို ကျင်းပရာ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့များမှ ဝန်ကြီးများ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ၊ အသေးစား၊ အငယ် စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းသုံးသပ်မှု အစီ ရင်ခံရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌနှင့် ကိုရီးယားစက်မှုဘဏ် IBK မှအမှုဆောင် အရာရှိချုပ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တက်ရောက်လာကြသည့် ဧည့်သည်တော်များ နှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက် ကြသည်။
ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေက အမှာစကားပြောကြားရာတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီ၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင်ြှနျြ လုပ်ငန်းများ၏ ဒေသတွင်းထုတ်ကုန်ပစ္စည်းပြပွဲနှင့် ပြိုင်ပွဲများ ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ကျင်းပ ခဲ့ရာ မ္တလေး၊ မကွေး၊ ပုသိမ်၊ တောင်ကြီး၊ မုံရွာ၊ ပဲခူး၊ ရန်ကုန်၊ မော်လမြိုင်နှင့် မြိတ်မြို့ တို့တွင် စုစုပေါင်း(၉)ကြိမ်တိုင်တိုင် ကျင်းပ ပြီးစီးခဲ့ပြီးဖြစ်ပါကြောင်း။
ဆုများချီးမြှင့်နိုင်ခဲ့
ကျင်းပပြီးစီးခဲ့သည့် ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော လုပ်ငန်းများကို အမျိုးအစားအလိုက်ရွေးချယ်ပြီး ဆုများချီးမြှင့် ပေးခဲ့ရာတွင် အသေးစားလုပ်ငန်းအနေဖြင့် ပထမဆု ကိုးခု၊ ဒုတိယဆု ၁၁ ခု၊ တတိယဆု ၁၉ ခု စုစုပေါင်းလုပ်ငန်း ၃၉ ခုကို ဆုချီးမြှင့်နိုင်ခဲ့ကြောင်း၊ အငယ်စားလုပ်ငန်း အနေဖြင့် ပထမဆုကိုးခု၊ ဒုတိယဆု ၁၄ ခု၊ တတိယဆု ၂၀၊ စုစုပေါင်းလုပ်ငန်း ၄၃ ခုကို ဆုချီးမြှင့်နိုင်ခဲ့ကြောင်း၊ အလတ်စား လုပ်ငန်းအနေဖြင့် ပထမဆုကိုးခု၊ ဒုတိယဆု ၁၃ ခု၊ တတိယဆု ၁၈ ခု စုစုပေါင်းလုပ်ငန်း ၄၀ တို့မှ လုပ်ငန်းရှင် စုစုပေါင်း ၁၂၂ ဦးတို့ အား ဆုများချီးမြှင့်နိုင်ခဲ့ပါကြောင်း။
ယှဉ်ပြိုင်နိုင်စွမ်းမြင့်မား
ယခုနေပြည်တော်တွင် ကျင်းပသည့် နိုင်ငံတော်အဆင့် MSMEs ထုတ်ကုန် ပြပွဲနှင့်ပြိုင်ပွဲသည် မြန်မာနိုင်ငံအနှံ့ တိုင်းဒေသကြီး/ပြည်နယ်များတွင် ကျင်းပခဲ့ သည့် ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကိုးခု၌ ဆုရရှိခဲ့သော MSMEs များကို ထပ်မံယှဉ်ပြိုင် ပြီး နိုင်ငံတော်အဆင့်ဆုများ ရွေးချယ်ချီးမြှင့် သွားမည့် ပြပွဲနှင့် ပြိုင်ပွဲဖြစ်ကြောင်း၊ ယခုလို MSMEs ပြပွဲ၊ ပြိုင်ပွဲများကို ဒေသအလိုက် မှသည် နိုင်ငံတော်အဆင့်အထိ ကျင်းပ ရခြင်းသည် နိုင်ငံတော်၏စီးပွားရေး မူဝါဒ (၁၂)ချက်အနက် ဒုတိယအချက်တွင် ဖော်ပြ ထားသည့် "အလုပ်အကိုင်ရရှိရေးနှင့် စီးပွားရေး တိုးတက်မှုကို အထောက်အကူပြုသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို ပံ့ပိုးကူညီပေးရန်" ဆိုသည့် မူဝါဒနှင့်အညီြှနြ များ ဈေးကွက်ချဲ့ထွင်နိုင်ရေး၊ ဒေသအသီးသီးရှိ ထုတ်လုပ်မှုကဏ္ဍများနှင့် ရောင်းဝယ်မှုကဏ္ဍများ အချင်းချင်းချိတ်ဆက်မှုဖြစ်လာရေး၊ MSMEs များ၏ ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားလာ ရေး၊ နည်းပညာနှင့် စီးပွားရေးဆိုင်ရာ အသိ ဥာဏ်မြင့်မားမှုနှင့်အတူ ပြည်တွင်း၊ ပြည်ပ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွား ရေးလုပ်ငန်းများဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လာနိုင်ရေး၊ သွင်းကုန် အစားထိုးထုတ်ကုန်များ ပိုမိုများပြားလာရေး နှင့် တီထွင်ကြံဆမှု၊ စွန့်စားမှုများနှင့် ဆန်းသစ် သည့် ထုတ်ကုန်များ ထုတ်လုပ်လာနိုင်ရေး တို့ကို မျှော်မှန်းပြီး ကျင်းပပေးခြင်းဖြစ်ပါ ကြောင်း။
အဓိကမောင်းနှင်အားများဖြစ်
MSMEs ထုတ်ကုန်ပစ္စည်း ပြပွဲနှင့် ပြိုင်ပွဲများတွင် ဆုရရှိခဲ့သည့် ထုတ်ကုန်များကို လုပ်ငန်းကော်မတီ၏ အသိအမှတ်ပြု အမှတ် တံဆိပ် (MSME Logo ) အသုံးပြုခွင့်ပေး မည်ဖြစ်ကြောင်း၊ (MSME Logo )ကို အသုံး ပြုခွင့်ရရှိသည့် လုပ်ငန်းများအနေဖြင့် ဈေးကွက်က တုံ့ပြန်လာသော အကြံပြုချက် များကို လက်ခံပြီး စားသုံးသူများအကြိုက် အရည်အသွေးပြည့်မီသည့် ကုန်ပစ္စည်းများ ဖြစ်စေရေးအတွက် မိမိတို့လုပ်ငန်းများ၏ အားသာချက်ကို အကောင်းဆုံး ဝန်ဆောင်မှု များနှင့် စဉ်ဆက်မပြတ် တိုးတက်အောင် ကြိုးစားသွားရမည်ဖြစ်ပါကြောင်း။
နိုင်ငံ၏စီးပွားရေးတိုးတက်မှုကို ဖော် ဆောင်ရာတွင် ကြုံတွေ့ရသော စိန်ခေါ်မှုများ ကို ကျော်လွှားနိုင်ရန်နှင့် ရေရှည်အကျိုးဖြစ် ထွန်းမှုကို ရှေးရှုသည့် စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု ဟန်ချက်ညီရန်တို့အတွက် MSMEs များသည် အဓိကမောင်းနှင်အားများဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေး လုပ်ငန်းများအနက် ၉၉ ရာခိုင်နှုန်းသည် MSMEs များဖြစ်၍ MSMEs များ ဖွံ့ဖြိုးတိုး တက်မှသာ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက် မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ အတွင်းရှိ ဒေသအနှံ့ MSMEs များအတွက် လိုအပ်သော နည်းပညာများပံ့ပိုးရေး၊ ရင်းနှီး မြှုပ်နှံမှုများရရှိရေး၊ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး၊ ဈေးကွက်အသစ်များ ဖော်ထုတ်နိုင်ရေးတို့ကို ပြည်ထောင်စုအစိုးရ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်း။
မဟာဗျူဟာများချမှတ်ဆောင်ရွက်
ယခုလိုဆောင်ရွက်မှသာ နိုင်ငံတော်၏ စီးပွားရေးမူဝါဒ ရည်မှန်းချက် (၄)ချက်အနက် ဒုတိယအချက်တွင် ဖော်ပြထားသည့် "တိုင်းဒေသကြီးနှင့် ပြည်နယ်များအကြား ဘက်ညီမျှတစွာ ဖွံ့ဖြိုးတိုးတက်လာသည့် စီးပွားရေးအခြေအနေကောင်းများ ရရှိရေး ဆောင်ရွက်ရန်"ဆိုသည့်အချက်ကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ဒေသအလိုက် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာ များကိုလည်း နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ သက်ဆိုင်ရာဌာနများ၊ ကျွမ်းကျင်ပညာရှင် များနှင့်ပူးပေါင်းပြီး ရေးဆွဲလျက်ရှိရာ ယခုဆို လျှင် ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီးတို့တွင် ရေးဆွဲပြီးဖြစ်ကြောင်း၊ ယခုလို မဟာဗျူဟာများ ချမှတ်ဆောင်ရွက်ခြင်းသည် နိုင်ငံတော်အစိုးရအနေဖြင့် ဒေသအလိုက် ဦးစားပေးကဏ္ဍများအပေါ် ထိထိရောက် ရောက်ပံ့ပိုးကူညီပေးသွားနိုင်မည်ဖြစ်ပြီး နိုင်ငံ တကာ၏ ရင်းနှီးမြှုပ်နှံမှုများနှင့် လက်တွဲ ပူးပေါင်းနိုင်ရေးကို ဖိတ်ခေါ် ဆောင်ရွက်သွား နိုင်မည်ဖြစ်၍ MSMEs လုပ်ငန်းများအတွက် အလွန်အကျိုးရှိစေမည်ဖြစ်ပါကြောင်း။
ချေးငွေအစီအစဉ်များ ဆောင်ရွက်
MSMEs များအတွက် လိုအပ်သော ငွေကြေးအရင်းအနှီးများရရှိရန် ချေးငွေ အစီအစဉ်များ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်အစိုးရ အစီအစဉ်ဖြစ်သည့ှ်နြ ချေးငွေ$ ဘီလီယံ ၃၀၊ အပေါင်မဲ့အာမခံစနစ် (CGI) ချေးငွေ$ (၇ ဒသမ ၃၉၃) ဘီလီယံ၊ ဂျပန်နိုင်ငံ၏ တရားဝင်ဖွံ့ဖြိုးရေးအကူအညီ (ODA) ချေးငွေအဖြစ် JICA Two Step loan ချေးငွေဂျပန်ယန်း ဘီလီယံ ၂၀၊ မြန်မာ့စီးပွားရေးဘဏ်ချေးငွေ$ ဘီလီယံ ၂၅၀၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးရေးချေးငွေ$ ဘီလီယံ ၂၀ဝ၊ ဂျာမန် ဖွံ့ဖြိုးရေးဘဏ်(KfW) ချေးငွေယူရို (၁၅ ဒသမ ၃၀) သန်း စသည့်ချေးငွေများကို ပြည်တွင်းပုဂ္ဂလိကဘဏ်များနှင့် ပူးပေါင်းပြီး MSMEs လုပ်ငန်းရှင်များသို့ ထုတ်ချေးပေး လျက်ရှိပါကြောင်း။
မြန်မာနိုင်ငံ၏ MSMEs ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုနှင့်ချေးငွေ များရရှိစေရေး၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ခေတ်မီနည်းပညာများနှင့် သင်တန်းများ ပံ့ပိုးကူညီပေးရေး၊ စီးပွားရေးစီမံချက်များနှင့် မူဝါဒကောင်းများ ပေါ်ထွက်လာစေရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပံ့ပိုးကူညီ ပူးပေါင်းဆောင်ရွက်ပေးကြသည့် ဂျာမနီနိုင်ငံ Friedrich Naumann
Foundation (FNF) နှင့် ဂျာမန်ဖွံ့ဖြိုးမှု နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (GIZ)၊ နယ်သာလန်နိုင်ငံ PUM နယ်သာလန်နည်းပညာ ပြန့်ပွားရေးအဖွဲ့၊ ဒိန်းမတ်အစိုးရ၏ တာဝန်သိစီးပွားရေးလုပ်ငန်း ရန်ပုံငွေ(RBF )၊ ဂျပန်နိုင်ငံ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA )၊ ဂျပန်-မြန်မာအသင်း (JMA)၊ ထိုင်းနိုင်ငံ ကာဆီကွန်ဘဏ် (KBank)၊Entrepreneurship Development Network Asia (Myanmar) Co., Ltd. (EDNA) ၊ ကိုရီးယားသမ္မတနိုင်ငံ ဂျွန်ဘွတ်ျွသသအ စက်မှုအသင်း (Root)၊ ဂျွန်ဘွတ် မော်တော်ယာဉ် နည်းပညာသိပ္ပံ (JROOT)၊ ကိုရီးယား နည်းပညာတိုးတက်ရေးသိပ္ပံ (JIAT)၊ ကိုရီးယားစက်မှုဘဏ်( IBK)၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (IBL)၊ ကနေဒါနိုင်ငံ ကနေဒါအမှုဆောင် လုပ်ငန်းအဖွဲ့(CESO)၊ ကုလသမဂ္ဂစက်မှု ဖွံ့ဖြိုးရေးအဖွဲ့ ( UNIDO)တို့ကို ကျေးဇူးတင် ရှိပါကြောင်းနှင့် အဆိုပါအဖွဲ့အစည်းများကို လည်း ယနေ့အခမ်းအနားတွင် ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်သွားမည်ဖြစ်ပါ ကြောင်း။
ယနေ့အခမ်းအနား ဖြစ်မြောက်ရေး အတွက် ဝိုင်းဝန်းကူညီပေးကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီ၊ အဓိက ကမကထပြုသူ (Main
Sponsor )အဖြစ် ကူညီပေးခဲ့သည့် ကိုရီးယား စက်မှုဘဏ်(IBK )၊ အလှူရှင်များ၊ အစိုးရ မဟုတ်သောအဖွဲ့အစည်းများ၊ ပြည်တွင်း/ ပြည်ပအဖွဲ့အစည်းများနှင့်အသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ MSME လုပ်ငန်းရှင်များ နှင့် တက်ရောက်လာကြသည့် ပုဂ္ဂိုလ်များ အားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် MSME ထုတ်ကုန် ပြပွဲနှင့် ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် ကိုရီးယားစက်မှု ဘဏ် IBK နှင့် Good Brothers Co.,
Ltd တို့က အလှူငွေများပေးအပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ဆက်လက်၍ MSMEဖွံ့ဖြိုးတိုးတက် ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက် ရှိသော အဖွဲ့အစည်းများကို ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာဖေမြင့်၊ ဦးသိန်းဆွေနှင့် ဒေါက်တာ မျိုးသိမ်းကြီးတို့က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။
ယင်းနောက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယ သမ္မတဦးမြင့်ဆွေသည် မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ အတွင်း၌ ခင်းကျင်းပြသထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးသည်။
ယနေ့ကျင်းပသည့် နိုင်ငံတော်အဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲအခမ်း အနားကို မတ် ၂၄ ရက်အထိ ကျင်းပသွားမည် ဖြစ်ပြီး အဆိုပါပြပွဲတွင် အိမ်သုံးနှင့်လက်မှု ပစ္စည်းလုပ်ငန်း၊ စားသောက်ကုန်ပစ္စည်း လုပ်ငန်း၊ စက်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်း၊ ချည်မျှင်နှင့် အထည်လုပ်ငန်း၊ ဝန်ဆောင်မှု လုပ်ငန်းများနှင့် စက်မှုဝန်ကြီးဌာနတို့မှပြခန်း စုစုပေါင်း ၂၇၁ ခန်း ပါဝင်ပြသခဲ့ပြီး MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ၏ ဆက်စပ်အခမ်း အနားများအဖြစ် "မြန်မာ့ကုန်စည် ကမ္ဘာဆီ သို့" ခေါင်းစဉ်ဖြင့် အသိပညာရှင်၊ အတတ် ပညာရှင်များက Panel Discussion ဆွေးနွေးပွဲများ ဟောပြောပို့ချခြင်းများ ပြုလုပ်ကြသည်။ ထို့ပြင် MSME ထုတ်ကုန် မိတ်ဆက် အခမ်းအနားနှင့်Knowledge
Sharing ကျင်းပပြုလုပ်ခြင်း၊ City Mart၊
Gandamar Wholesale စသည့် အသင်းအဖွဲ့များက လုပ်ငန်းရှင်များနှင့် Business Matching ချိတ်ဆက်ခြင်း စသော အခမ်းအနားများကိုလည်း ဆက်လက် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်

No comments:

Post a Comment