Saturday, March 23, 2019

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နန့်မြစ်ခတံတားတည်ဆောက်ရေးစီမံကိန်းနှင့် မြစ်ကြီးနားမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတို့သို့ သွားရောက်ကြည့်ရှု
Image may contain: 4 people, people standing and outdoor
နေပြည်တော် မတ် ၂၂
ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒေါက်တာမြင့်ထွေး၊ ဦးဟန်ဇော်၊ နိုင်သက်လွင်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနား - ဝိုင်းမော်ကားလမ်း ပေါ်ရှိ နန့်မြစ်ခတံတားတည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှင်းလင်းတင်ပြ
နိုင်ငံတော်သမ္မတအား တံတားတည်ဆောက်ရေးစီမံကိန်း ရှင်းလင်းဆောင်၌ တံတား ဦးစီးဌာနမှ ဒုတိယòန်ကြားရေးမှူးချုပ် ဦးခင်မောင်ဆွေက တံတားစီမံကိန်းဆိုင်ရာ အချက် အလက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ကြပ်မတ်ဆောင်ရွက်
တင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက လုပ်ငန်းများ အချိန်မီပြီးစီးရေး၊ စံချိန် စံညွှန်းပြည့်မီစေရေး၊ နိုင်ငံ့ဘဏ္ဍာငွေ အလေအလွင့်မဖြစ်စေရေး၊ တံတားခံနိုင်ဝန်နှင့် ပတ်သက်ပြီး ယာဉ်ဖြတ်သန်းမှုများကို ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကြပ်မတ်ဆောင်ရွက်ရေး တို့နှင့်စပ်လျဉ်း၍ မှာကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် နန့်မြစ်ခလေးလမ်းသွားတံတားအနက် ကျန်ရှိနေ သည့် နှစ်လမ်းသွားတံတားတည်ဆောက်နေမှု၊ ဘ နိုင်ငံတော်သမ္မတမှ
တည်ဆောက်ပြီးစီးသည့် နှစ်လမ်းသွားတံတားနှင့် တံတားအောက်ခြေတွင် ချောင်းရေတိုက်စားမှုကာကွယ် ရန် ကွန်ကရစ်မြေထိန်းနံရံ တည်ဆောက်နေမှုတို့ကို လိုက်လံကြည့်ရှုသည်။
လေးလမ်းသွားတံတားဖြစ်
အဆိုပါ နန့်မြစ်ခတံတားမှာ မ္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနားလမ်းပေါ်တွင် တည်ရှိပြီး တံတား အမျိုးအစားမှာ သံကူကွန်ကရစ်၊ သံမဏိသံပေါင် အမျိုးအစားဖြစ်ပြီး ယာဉ်တစ်စီးချင်းခွင့်ပြုခံနိုင်ဝန်မှာ ၇၅ တန်ဖြစ်ကြောင်းသိရသည်။ ယင်းနန့်မြစ်ခတံတားမှာ လေးလမ်းသွားတံတားဖြစ်ပြီး လက်ရှိတွင် နှစ်လမ်းသွား တည်ဆောက်ပြီးစီးပြီဖြစ်ကာ ယခုအခါ လေးလမ်းသွား တံတားဖြစ်ရန် ထပ်မံတည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် မြစ်ကြီးနားမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်း ကျောင်းသို့ ရောက်ရှိပြီး ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံသည်။
ရှင်းလင်းတင်ပြ
ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတအား နယ်စပ် ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ဒုတိယòန်ကြားရေးမှူးချုပ် ဦးတင်မောင်မြင့်က နယ်စပ် ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်း ကျောင်း ဖွင့်လှစ်ထားရှိမှု၊ အခြေခံပညာ၊ အဆင့်မြင့် ပညာ၊ သက်မွေးပညာများ သင်ကြားပေးနေမှု၊ သင်တန်း ကျောင်းဆိုင်ရာ အချက်အလက်များနှင့် တိုင်းရင်းသား လူငယ်များအား လေ့ကျင့်မွေးထုတ်ပေးနေမှုအခြေအနေ များကို ရှင်းလင်းတင်ပြသည်။
သွန်သင်ဆုံးမမှုကို လေးစားလိုက်နာ
ထို့နောက် နိုင်ငံတော်သမ္မတက မိမိတို့နိုင်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်ပါကြောင်း၊ ပြည်ထောင်စုနိုင်ငံ ဆိုသည်မှာ ပြည်ထောင်စုဖွား တိုင်းရင်းသားများအားလုံး ပါဝင်ပြီး တည်ဆောက်ထားခြင်းကြောင့် ဖြစ်ပါကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စု တိုင်းရင်းသားများအတွက် ပညာရေးဖွံ့ဖြိုးတိုးတက်မှု၊ အလုပ်အကိုင်အခွင့်အရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆောင်ရွက်နေပါကြောင်း၊ ပြည်ထောင်စုသားသမီးတို့အနေဖြင့် ပညာသင်ကြားပေး သည့် ဆရာ ဆရာမများ၏ သွန်သင်ဆုံးမမှုကို လေးစား လိုက်နာရန် လိုအပ်ပါကြောင်း၊ ဆရာ ဆရာမများ၏ သင်ကြားပြသပေးမှုများသည် သားတို့သမီးတို့၏ အနာဂတ် အတွက် များစွာအရေးပါပါကြောင်း၊ ယခုသင်တန်းကျောင်း များတွင် ပညာရေး၊ သက်မွေးပညာနှင့် ပြည်ထောင်စု စိတ်ဓာတ် တည်တံ့ခိုင်မြဲရေးအတွက် အလေးထား သင်ကြားပေးနေသည်ကို တွေ့ရပါကြောင်း၊ ပြည်ထောင်စု စိတ်ဓာတ်ကို သားတို့ သမီးတို့အနေဖြင့် မိမိပတ်ဝန်းကျင်၊ မိမိဒေသ၊ မိမိတိုင်းရင်းသားများအကြား သိရှိပြန့်ပွား အောင် ပြောကြားပေးရန် လိုအပ်ပါကြောင်း၊ ပြည်ထောင်စု သားသမီးများ၏ ပညာရေးဖွံ့ဖြိုးတိုးတက်လာသည်ကို တွေ့ရပါကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုမှာ ပညာရေး ရင်းနှီးမြှုပ်နှံမှုအပေါ် မူတည်ပါကြောင်း၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း များတွင် စာကြည့်တိုက်များ ထားရှိပေးသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ သားတို့သမီးတို့အနေဖြင့် အချိန် ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာကြည့်တိုက် သို့ သွားရောက်လေ့လာဖတ်ရှုမှုများ မှတ်ဖွယ်မှတ်ရာ များကို မှတ်သားကြစေလိုကြောင်း၊ နိုင်ငံတော်ကို ခေါင်းဆောင်မည့်သူများ သားတို့သမီးတို့ထဲမှ ပေါ်ထွက် လာမည်ဟု ထင်မြင်ယူဆပါကြောင်း၊ သားတို့ သမီးတို့ သည် ပညာအင်အား၊ စိတ်ဓာတ်ခွန်အားပြည့်ဝပြီး နိုင်ငံတော်အား ပြန်လည်အလုပ်အကျွေးပြုရန် လိုအပ်ပါ ကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်ကို သားတို့ သမီးတို့ ရင်ထဲတွင် ထာဝစဉ်ကိန်းအောင်းပြီး ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာဝပြောအောင် ဆောင်ရွက်သွားကြစေ လိုကြောင်း မှာကြားသည်။
လှည့်လည်ကြည့်ရှု
ယင်းနောက် နိုင်ငံတော်သမ္မတက ကျောင်းသား ကျောင်းသူများနှင့် ဝန်ထမ်းများအတွက် ထောက်ပံ့ ငွေများ ပေးအပ်ပြီး ကျောင်းသား ကျောင်းသူများ၏ အိပ်ဆောင်၊ စားရိပ်သာနှင့် စာကြည့်တိုက်တို့ကို လှည့်လည်ကြည့်ရှုပြီး ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် မြစ်ကြီးနားမြို့၏ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေကို မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုပြီး စီတာပူမနောကွင်း၌ ပြည်ထောင်စု ဝန်ကြီးများ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီး များ၊ တာဝန်ရှိသူများနှင့်အတူ မှတ်တမ်းဓာတ်ပုံရိုက် သည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့မှ တပ်မတော်လေယာဉ်ဖြင့် ပြန်လည် ထွက်ခွာကြရာ မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိ ကြသည်။ သတင်းစဉ်

No comments:

Post a Comment