ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီ တတိယအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှု ဗဟို ကော်မတီ၏တတိယအကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီ တွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှု ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဒုတိယဝန်ကြီးဦးတင်မြင့်၊ ဦးကြည်မင်းနှင့် ဦးလှမော်ဦး၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန်နှင့် မန္တလေးအနုပညာတက္ကသိုလ်များ မှ ပါမောက္ခချုပ်များ၊ ကျွမ်းကျင်ပညာရှင်များ၊ မြန်မာနိုင်ငံသမိုင်းအဖွဲ့၊ မြန်မာနိုင်ငံပန်းချီ
ပန်းပုအစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံသဘင်ပညာရှင်များ အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံ ဗိသုကာလက်ရာပညာရှင်များအသင်း၊ အသင်းအဖွဲ့ ကိုယ်စား လှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ပန်းပုအစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံသဘင်ပညာရှင်များ အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံ ဗိသုကာလက်ရာပညာရှင်များအသင်း၊ အသင်းအဖွဲ့ ကိုယ်စား လှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ယဉ်ကျေးမှုများ အသီးသီးထွန်းကားခဲ့
အစည်းအဝေးတွင် ဒုတိယသမ္မတက မြန်မာနိုင်ငံတွင် ရှေးနှစ်သန်းပေါင်း များစွာကတည်းက ပေါ်ထွန်းခဲ့သည့် ပရိုင်းမိတ်နှင့် ကျောက်ဖြစ်ရုပ်ြွကင်းများကို ရှာဖွေတွေ့ရှိခဲ့ပါကြောင်း၊ ထို့အတူ နိုင်ငံသည် ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်စသည့် သမိုင်းမတင်မီခေတ်များကို ဖြတ်သန်းလာခဲ့သည်ကိုလည်းရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထားများအရ သိရှိနိုင်ပါကြောင်း၊ သမိုင်းတင်ခေတ်တွင်လည်း ပျူ၊ မွန်၊ ရခိုင်တို့၏ ရှေးဟောင်းမြို့တော်များတွင် ယဉ်ကျေးမှုများ အသီးသီးထွန်းကားခဲ့ပါကြောင်း၊ ပထမမြန်မာနိုင်ငံတော်အဖြစ် ပုဂံခေတ် စတင်ထွန်းကားခဲ့ပြီး ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်းနှင့် ကုန်းဘောင် စသည်ဖြင့် ခေတ်အဆက်ဆက်ပေါ်ထွန်းခဲ့သည်ကို တွေ့ရှိနိုင်ပါ ကြောင်း၊ ခေတ်အဆက်ဆက် ပေါ်ထွန်းခဲ့သည့် ရှေးဟောင်းမြန်မာ့သမိုင်းကြောင်း တစ်လျှောက်တွင် လူများ ဖန်တီးခဲ့သည့် အနုပညာလက်ရာများနှင့် ဗိသုကာ လက်ရာများကို ဒြပ်ရှိယဉ်ကျေးမှုများအဖြစ် နိုင်ငံတစ်ဝန်းတွင် အမြောက်အမြား တွေ့ရှိနိုင်ပါကြောင်း၊ ထို့အတူ ခေတ်အဆက်ဆက် ပေါ်ထွန်းခဲ့သည့် ဘာသာ ရေးဆိုင်ရာ ကိုးကွယ်ယုံကြည်မှုများ၊ ဓလေ့ထုံးတမ်းအစဉ်အလာများနှင့် ပွဲတော်များ စသည့် ဒြပ်မဲ့ယဉ်ကျေးမှုများကိုလည်း မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တိုင်းရင်းသားလူမျိုးစုအားလုံးတွင် တွေ့ရှိနိုင်ပါကြောင်း၊ ထိုသို့ ခေတ်အဆက် ဆက်ပေါ်ထွန်းတည်ရှိခဲ့သည့် ဒြပ်ရှိဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များသည် နိုင်ငံတော်နှင့် နိုင်ငံသားအားလုံးအတွက် ဂုဏ်ယူဖွယ်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ ယဉ်ကျေးမှုအမွေအနှစ်များမှ ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာ စသည့် ပျူမြို့ဟောင်း (၃)မြို့ကို ၂၀၁၄ ခုနှစ်၊ ဇွန်လ၂၂ရက်တွင် က္ဘာ့ အမွေအနှစ်အဖြစ် တက်လှမ်းနိုင်ခဲ့ပြီးဖြစ်ပါကြောင်း။
အလားတူ ကမ္ဘာ့မှတ်တမ်းအမွေအနှစ်အဖြစ် မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရား ကျောက်စာများ၊ မြစေတီ(ရာဇကုမာရ်)ကျောက်စာ၊ ပုဂံရွှေစည်းခုံဘုရားရှိ ဘုရင့်နောင်မင်းတရားကြီးခေါင်းလောင်းစာတို့သည် ကမ္ဘာ့အလယ်တွင် ဂုဏ်ယူစွာ မှတ်တမ်းတင်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့အတူ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ရှစ်သောင်းဘုရားရှိ အာနန္ဒစန္ဒြကျောက်စာကို လည်း ၂၀၁၈ ခုနှစ်တွင် အာရှ-ပစိဖိတ်ဒေသတွင်း မှတ်တမ်းအမွေအနှစ် စာရင်းဝင်အဖြစ် ထည့်သွင်းသတ်မှတ်ခံခဲ့ရပြီး ကမ္ဘာ့မှတ်တမ်းအမွေအနှစ် သတ်မှတ်နိုင်ရေးအတွက် ၂၀၂၀ ခုနှစ် UNESCO သို့ ဆက်လက်တင်သွင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းရေးအတွက် အဆိုပြုစာတွဲ(အပြည့်အစုံ)Nomination Dossier (Complete) ကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်တွင် ကမ္ဘာ့အမွေအနှစ်ကော်မတီသို့ အချိန်မီတင်ပြနိုင်ခဲ့ပါကြောင်း။
ပြန်လည်ဖြေကြားခဲ့ပြီးဖြစ်
ထိုသို့တင်ပြခဲ့သည့် စာတွဲများကို နိုင်ငံတကာအထိမ်းအမှတ် အဆောက် အအုံနှင့် နေရာဒေသများကောင်စီ (International Council On
Monuments and Sites -ICOMOS) စုံညီအဖွဲ့က ဖတ်ရှုပြီး အဖွဲ့၏နည်းပညာဆိုင်ရာ ကျွမ်းကျင်ပညာရှင်က၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၄) ရက်မှ (၂၅)ရက်အထိ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသကို လာရောက် အကဲဖြတ် လေ့လာဆန်းစစ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပြီး ၄င်းအဖွဲ့က မေးမြန်းလာသည့် ဖွံ့ဖြိုးရေးစီမံကိန်းများနှင့်ပတ်သက်သည့် ဖြေရှင်းမည့် နည်းလမ်းများ၊ စီမံခန့်ခွဲမှုစနစ်နှင့် ပတ်သက်သည့် ရှေးဟောင်းသုတေသန ဆိုင်ရာ အခြေပြမြေပုံရေးဆွဲထားရှိမှု၊ ပုဂံဒေသအတွက် တစ်ခုတည်းသော မြေပုံရေးဆွဲထားရှိမှု၊ ငလျင်အခြေပြမြေပုံရေးဆွဲထားရှိမှု၊ သဘာဝဘေး အ္တရာယ်စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု၊ ယဉ်ကျေးမှုအမွေအနှစ် အပေါ် ထိခိုက်မှုရှိ၊ မရှိ လေ့လာဆန်းစစ်အကဲဖြတ်ခြင်း ဆောင်ရွက်သွားမည့် အခြေအနေများ၊ ပုဂံဒေသအတွင်းရှိ အဆင့်အတန်း မသတ်မှတ်ရသေးသည့် ဘုရား၊ ပုထိုးများနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်နေမှုအခြေအနေ၊ လူမှုအသိုက်အဝန်းများ ပါဝင်ပတ်သက်မှုအခြေအနေ၊ ပုဂ္ဂလိကပိုင်ဆိုင်မှုနှင့် ပတ်သက်သည့် အခြေအနေတို့ကို မြန်မာနိုင်ငံမှ ပြန်လည်ဖြေကြားခဲ့ပြီးဖြစ်ပါကြောင်း။
Monuments and Sites -ICOMOS) စုံညီအဖွဲ့က ဖတ်ရှုပြီး အဖွဲ့၏နည်းပညာဆိုင်ရာ ကျွမ်းကျင်ပညာရှင်က၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၄) ရက်မှ (၂၅)ရက်အထိ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသကို လာရောက် အကဲဖြတ် လေ့လာဆန်းစစ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပြီး ၄င်းအဖွဲ့က မေးမြန်းလာသည့် ဖွံ့ဖြိုးရေးစီမံကိန်းများနှင့်ပတ်သက်သည့် ဖြေရှင်းမည့် နည်းလမ်းများ၊ စီမံခန့်ခွဲမှုစနစ်နှင့် ပတ်သက်သည့် ရှေးဟောင်းသုတေသန ဆိုင်ရာ အခြေပြမြေပုံရေးဆွဲထားရှိမှု၊ ပုဂံဒေသအတွက် တစ်ခုတည်းသော မြေပုံရေးဆွဲထားရှိမှု၊ ငလျင်အခြေပြမြေပုံရေးဆွဲထားရှိမှု၊ သဘာဝဘေး အ္တရာယ်စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု၊ ယဉ်ကျေးမှုအမွေအနှစ် အပေါ် ထိခိုက်မှုရှိ၊ မရှိ လေ့လာဆန်းစစ်အကဲဖြတ်ခြင်း ဆောင်ရွက်သွားမည့် အခြေအနေများ၊ ပုဂံဒေသအတွင်းရှိ အဆင့်အတန်း မသတ်မှတ်ရသေးသည့် ဘုရား၊ ပုထိုးများနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်နေမှုအခြေအနေ၊ လူမှုအသိုက်အဝန်းများ ပါဝင်ပတ်သက်မှုအခြေအနေ၊ ပုဂ္ဂလိကပိုင်ဆိုင်မှုနှင့် ပတ်သက်သည့် အခြေအနေတို့ကို မြန်မာနိုင်ငံမှ ပြန်လည်ဖြေကြားခဲ့ပြီးဖြစ်ပါကြောင်း။
ထို့ပြင် "ကမ္ဘာ့အမွေအနှစ်စာရင်း၊ ၂၀၁၉ ပုဂံ(မြန်မာ) -ကြားဖြတ်" အစီရင်ခံစာ (Interim Report and Additional Information
Request) နှင့် သတင်းအချက်အလက်များကိုလည်း ( ICOMOS )ထံသို့ ပေးပို့ခဲ့ပြီးဖြစ်၍ အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့၌ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၃၀) ရက်မှ ဇူလိုင်လ (၁၀) ရက်ထိကျင်းပပြုလုပ်မည့် (၄၃) ကြိမ်မြောက် က္ဘာ့ အမွေအနှစ်ကော်မတီ ညီလာခံအစည်းအဝေးတွင် က္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေးကို ဆုံးဖြတ်နိုင်တော့မည်ဖြစ်ပါကြောင်း။
Request) နှင့် သတင်းအချက်အလက်များကိုလည်း ( ICOMOS )ထံသို့ ပေးပို့ခဲ့ပြီးဖြစ်၍ အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့၌ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၃၀) ရက်မှ ဇူလိုင်လ (၁၀) ရက်ထိကျင်းပပြုလုပ်မည့် (၄၃) ကြိမ်မြောက် က္ဘာ့ အမွေအနှစ်ကော်မတီ ညီလာခံအစည်းအဝေးတွင် က္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေးကို ဆုံးဖြတ်နိုင်တော့မည်ဖြစ်ပါကြောင်း။
ဆက်လက်၍ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေ အနှစ်စာရင်းဝင်ဖြစ်ရေးအတွက် ပြည်တွင်း၊ ပြည်ပပညာရှင်များနှင့်ကော်မတီ များဖွဲ့စည်း၍ အဆိုပြုစာတွဲ (Nomination Dossier )ကို ကမ္ဘာ့အမွေအနှစ် ကော်မတီသို့ တင်ပြနိုင်ရေးအတွက် ကဏ္ဍအသီးသီးတွင် ဆက်လက်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထိုသို့သော ဆောင်ရွက်ချက်များသည် မြန်မာနိုင်ငံ၏အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များကို ကမ္ဘာ့အမွေအနှစ်အဖြစ် တက်လှမ်း နိုင်ရန် ကြိုးပမ်းဆောင်ရွက်မှုများပင်ဖြစ်ပါကြောင်း၊ အမျိုးသားယဉ်ကျေးမှုအမွေ အနှစ်များသည် မြန်မာနိုင်ငံအနှံ့အပြားတွင် တည်ရှိနေပြီး ထင်ရှားသည့် ယဉ်ကျေးမှုအမွေအနှစ်များအပြင် တိမ်မြုပ်နေသည့် ယဉ်ကျေးမှုအမွေ အနှစ်များကို ရှာဖွေဖော်ထုတ် ထိန်းသိမ်းကာကွယ်သုတေသနပြုရန် လိုအပ် နေဦးမည်ဖြစ်ပါကြောင်း၊ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို ရေရှည်တည်တံ့ အောင် ဆောင်ရွက်ကြရန် မြန်မာနိုင်ငံသားအားလုံးတွင် တာဝန်ရှိသည်ကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အတိအလင်းဖော်ပြထားပါကြောင်း။
ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်
မြန်မာနိုင်ငံအတွင်းရှိ ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရာတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ဦးဆောင်၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် ရှေးဟောင်း ဝတ္ထုပစ္စည်းများနှင့် ရှေးဟောင်းအဆောက်အအုံများကို အဆောက်အဦဆိုင်ရာ ကာကွယ်ထိန်းသိမ်းခြင်း၊ ဓာတုဗေဒဆိုင်ရာ ကာကွယ်ထိန်းသိမ်းနည်းများဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် သဘာဝဘေးအ္တရာယ်ဆိုင်ရာ ကြိုတင် ကာကွယ်နိုင်ရန် သိပ္ပံနည်းကျသုတေသနလုပ်ငန်းများနှင့် မြေပုံများရေးဆွဲ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှေးဟောင်းဝတ္ထုပစ္စည်းနှင့် ရှေးဟောင်း အဆောက်အအုံဆိုင်ရာ ကာကွယ်ထိန်းသိမ်းရေးဥပဒေများကို ထုတ်ပြန် ကာကွယ်ထိန်းသိမ်းခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈)ရက်တွင် ယဉ်ကျေး မှု အမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေကို အသစ်ပြန်လည် ရေးဆွဲပြဋ္ဌာန်းနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ အဆိုပါ ဥပဒေတွင် ရှေးဟောင်းယဉ်ကျေး မှု အမွေအနှစ်များကိုသာမက ဒေသခံလုပ်သားပြည်သူများ၏ လူနေမှုဘဝနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးတက်လာစေရန်နှင့် ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်နိုင်စေရန် ရေးဆွဲနိုင်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း။
ကော်မတီဝင်များအနေဖြင့် နိုင်ငံအတွင်းရှိ ဒြပ်ရှိဒြပ်မဲ့ယဉ်ကျေးမှု အမွေ အနှစ်များကို ကာကွယ်ထိန်းသိမ်းဖော်ထုတ်ခြင်းနှင့် သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မိမိတို့နှင့်သက်ဆိုင်သည့် လုပ်ငန်းတာဝန်များကို အတူ တကွ လက်တွဲဆောင်ရွက်သွားနိုင်ရန် ဌာနတစ်ခုနှင့်တစ်ခု ဆက်သွယ်ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ သို့မှသာ အမျိုးသား ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်သည့် လုပ်ငန်း ကဏ္ဍများသည် ပိုမိုတိုးတက်ကောင်းမွန်လာမည်ဖြစ်ပါကြောင်း၊ အမျိုးသား ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ကြရာတွင် အကြံÓဏ်ကောင်းများဖြင့် ပွင့်ပွင့်လင်းလင်းဆွေးနွေး တိုင်ပင်ဆောင်ရွက်သွားကြရန် တိုက်တွန်းအပ်ပါကြောင်းပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် အဆောက်အဦများ၊ နေရာဒေသများနှင့် ဒြပ်ရှိဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး၊ ယဉ်ကျေးမှုအမွေအနှစ်ဒေသများနှင့် ဆက်စပ်ဒေသများ ထိန်းသိမ်းစောင့်ရှောက်ရေးတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးကြည်မင်းက ယဉ်ကျေးမှုအမွေအနှစ်ဒေသ များ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးကို ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် အညီ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည့် အခြေအနေများနှင့် ပြန်လည်ပြုပြင် ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည့် အခြေအနေများ၊ ပြည်တွင်း ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေ အနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှု ဗဟိုကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၁၇) ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများကို အတည်ပြုနိုင်ရေး၊ ပုဂံ ယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ငလျင်ဒဏ်ခံ ရှေးဟောင်းအဆောက်အအုံများ ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေး ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်ထိန်းသိမ်းရေး ဥပဒေရေးဆွဲရေးအတွက် မူဝါဒများချမှတ်ပေးနိုင်ရေး၊ ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်ထိန်းသိမ်းရေးဥပဒေကို မှတ်တမ်းတင်ပေး နိုင်ရေး၊ မြန်မာနိုင်ငံပြတိုက်များ ဥပဒေ(မူကြမ်း) ရေးဆွဲပြဋ္ဌာန်းနိုင်ရေး၊ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စိစစ်ရေးပညာရှင်အဖွဲ့ ဖွဲ့စည်းမှုကို မှတ်တမ်းတင်နိုင်ရေး၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ၂၀၁၇ ဒီဇင်ဘာလမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဇန်နဝါရီလအထိ ဆုကြေးငွေများချီးမြှင့်၍ စုဆောင်းခဲ့သည့် ရှေးဟောင်းဝတ္ထုပစ္စည်းစာရင်းကို မှတ်တမ်းတင်နိုင်ရေး၊ အမျိုးသားပြတိုက် (နေပြည်တော်၊ ရန်ကုန်) သို့ ပြည်သူများ လာရောက် လှူဒါန်းသည့် ပစ္စည်းများလက်ခံရရှိမှုနှင့် တိုက်ပိုင်စာရင်းရေးသွင်း ထိန်းသိမ်း ထားရှိမှုကို မှတ်တမ်းတင်ပေးနိုင်ရေးနှင့် ၂၀၁၇-၂၀၁၈ ခုနှစ်အတွင်း မှတ်တမ်း ပြုစုခဲ့သည့် တိုင်းရင်းသားတို့၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို မှတ်တမ်း တင်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ဖြည့်စွက်ရှင်းလင်း
ယင်းနောက် ဒုတိယဝန်ကြီး ဦးတင်မြင့်နှင့် ဦးလှမော်ဦးနှင့် အစည်းအဝေး သို့ တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကိုနှင့် ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်တို့က ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။
ထို့နောက် မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှု ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာန များ၊ ပြည်တွင်း၊ ပြည်ပပညာရှင်များ၊ UNESCO အဖွဲ့၊ နိုင်ငံတကာအဖွဲ့ အစည်းများနှင့်ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပြီး မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ရှာဖွေဖော်ထုတ်ထိန်းသိမ်းခြင်းလုပ်ငန်းများကို မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီ၏ လမ်းòန်မှုနှင့်အညီ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့ အမျိုးသားယဉ်ကျေးမှုကို ရိုးရာဓလေ့ပင်ကိုဟန် မပျောက်ပျက်စေဘဲ နိုင်ငံတကာအဆင့်မီ ရင်ပေါင်တန်းနိုင်အောင် ကြိုးပမ်းဖော်ထုတ်ရန်လိုသကဲ့ သို့ သရုပ်ပျက်အပြုအမူများ မပေါ်ပေါက်စေရေးအတွက် စည်းကမ်းထိန်းသိမ်း ခြင်းကိုလည်း ဝိုင်းဝန်းကြပ်မတ် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ယခု အစည်းအဝေးတွင် အကြံပြုဆွေးနွေးချက်များနှင့် လိုအပ်ချက်များကို တက်ညီ လက်ညီ ဆက်လက်ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပါ ကြောင်း ပြောကြားသည်။
သတင်းစဉ်
သတင်းစဉ်
No comments:
Post a Comment